44

9.1K 465 29
                                    

💝 Part - 44 💝

◽◽◽◽◽

တိုက်ခန်းကိုပြန်ရောက်ကတည်းက အခန်းရှေ့မီးလင်းနေ၍ ကိုကြီးရောက်နေပြီမှန်း တန်းသိလိုက်သည်။
အခန်းထဲရောက်တော့ ဘယ်သူမှမရှိပေမယ့် ကိုကြီးစီးနေကျ All starဖိနပ်ကလေးကို ဖိနပ်စင်အနားမှာတွေ့လိုက်ရ၍ သေချာငုံ့ကြည့်ပြီး Sizeမှတ်ထားလိုက်သေးသည်။

"ကိုကို့ဆိုဒ်ပဲ"

"Mine ပြန်ရောက်ပြီလား"

မီးဖိုခန်းထဲကထွက်လာသော ကိုကြီးအသံကြောင့် အသက် အိတ်ကိုဆိုဖာပေါ်ပစ်တင်လိုက်ပြီး မီးဖိုခန်းထဲဝင်လာခဲ့သည်။
ကိုကြီးက ပေါက်ပေါက်ဆုပ်တွေကို စက္ကူဘူးလေးထဲထည့်နေကာ အသက်ဝင်လာသည်ကိုငဲ့ကြည့်ပြီး…

"ဒီနေ့မိတ်ကပ်တောင်မပျက်ပါလား"

"Meetingလုပ်လာရတာလေ ကိုကြီးကရော ကြယ်သီးဖြုတ်ထားသေးလား ပြ.."

"မဖြုတ်ရဲပါဘူး ခင်ဗျားကိုကြောက်လွန်းလို့"

"တကယ်ကြောက်ရင် ဘာလို့လာနေသေးတာလဲ ပြန်တော့ခု.."

"အဲ့လိုကြောက်တာမဟုတ်ဘူးလေ ထိချင်ရင်တော့ထိမှာပဲ"

ပြောပြောဆိုဆိုနှင့် ပေါက်ပေါက်ဆုပ်ဘူးကိုစားပွဲပေါ်ချကာ အသက်ကိုထွေးပွေ့လာ၍ ကိုကြီးရင်ခွင်ထဲတိုးကာ ရင်ဘတ်ကြီးကိုနမ်းပစ်လိုက်သည်။
ဘာရေမွှေးသုံးသလဲမသိဘဲ ကိုကြီးဆီက မွှေးရနံ့တစ်ခုသည် နှာခေါင်းဖျားမှတစ်ဆင့် ရင်ဘတ်ထဲအထိ ဝင်ရောက်လာကာ ဒီလူကြီးကို ကိုယ်သင်းနံ့ကအစငြိတွယ်နေမိပြီဖြစ်သည်။
ကိုကြီးလည်ပင်းကိုသိုင်းဖက်ပြီး ခြေဖျားလေးထောက်ကာ သူ့ပါးချိုင့်ကလေးကို နမ်းပစ်လိုက်သည့်အခါ ကိုကြီးနှုတ်ခမ်းတွေပြုံးမြသွား၏။

"အခုထက်ပိုရူးအောင်ပြုစားနေတာပဲ"

"အင်း.. Canadaမသွားတော့အောင်လို့လေ"

"မသွားတော့ဘူးလို့ ပြောစရာရှိတယ်ဆို.. ယူကြဖို့ပြောမလို့လား ဒီအတိုင်းတော့မရဘူးနော် ကိုယ်ကစဥ်းစားဦးမှာ"

"မစဥ်းစားပါနဲ့ ကိုကြီးကလည်း နော်?.. နော်"

တမင်ချေမိုးပြနေသော ကိုကြီးကို စချင်လာ၍ သူ့မျက်နှာအနှံ့လိုက်နမ်းပစ်လိုက်တော့ ကိုကြီးမျက်နှာရဲတက်လာတာက ခရမ်းချဥ်သီးတစ်လုံးလို။
ဒါရှက်တာလား.. ဘာဖြစ်တာလဲ…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now