43

8.4K 441 30
                                    

💝 Part - 43 💝

◽◽◽◽◽

"လေးဘုန်း အုတ်စီတဲ့အခါ ဘာလို့ ဂျာလီထည့်စီခိုင်းတာလဲ တကယ်ဆို အဲ့ဒါတွေထည့်ရင် အကုန်အကျပိုများတယ်မလား"

လေးဘုန်းကခေါင်းညိတ်ပြပြီး အုတ်စီနေသောပန်းရံသမားတွေကို လှမ်းကြည့်ရင်း တစ်ချက်ပြုံးသည်။
ပြီးမှ အသက်,ဘက်ပြန်လှည့်လာကာ...

"ငါ့သမီးက ဂျာလီတွေထည့်နေတာကို သတိထားမိသားပဲ ဘယ်လိုထည့်နေတာလဲဆိုတာရော သိလား"

"၄လွှာတစ်ခါ"

"တော်တယ် မျက်စိကလည်းလျှင်လိုက်တာ"

"ဘာလို့ထည့်တာလဲလို့"

"တုန်ခါမှုတွေရှိလာရင် အုတ်နံရံတွေမှာ အက်ကြောင်းတွေဖြစ်လာတတ်တယ် ဥပမာဆိုပါစို့ ငလျင်တစ်ခုဆိုရင် ရက်ချ်စတာစကေးပြင်းရင် ပြင်းသလောက်တုန်ခါမှုများတယ်
ဂျာလီထည့်စီတဲ့အခါ သူက အုတ်နံရံရဲ့တုန်ခါမှုနှုန်းကိုထိန်းပေးတယ် အက်ကြောင်းမဖြစ်အောင်ကာကွယ်ပေးတယ် တခြားသဘာဝဘေးတို့၊ ရာသီဥတုတို့ကြောင့်ဖြစ်တဲ့ တုန်ခါမှုတွေကိုလည်း ကာကွယ်တယ်
ဒီစီမံကိန်းက အရည်အသွေးပြည့်မှီတဲ့အဆောက်အအုံတွေ ဖန်တီးဖို့ပဲ အမြတ်အတွက်မဟုတ်ဘူး"

"အဲ့ဒါကျ မမြတ်တော့ဘူးလား"

"၁၀၀ရမယ့်နေရာမှာ ၈၀လောက်ပဲရတော့မှာပေါ့ ဒါပေမယ့် ကိုယ်တည်ဆောက်လိုက်တဲ့အရာက ပျက်စီးမှုနည်းရင်၊ ယုံကြည်စိတ်ချရရင် ကိုယ်ဘာပဲလုပ်လုပ်အောင်မြင်တယ် အဲ့ဒါကမှတကယ့်အမြတ်အစစ်"

လေးဘုန်းက တကယ့်ပညာရှင်အစစ်ပဲ...
ဖေဖေသာဆို ဒီညီအတွက် ဘယ်လောက်ဂုဏ်ယူလိုက်မလဲ...
အတွေးဖြင့် ဖေဖေ့ကိုလွမ်းသွားမိသောအခါ အသက်နှုတ်ဆိတ်သွားပြီး လေးဘုန်းကို ဘာမှမပြောဖြစ်တော့။
ဒါကို လေးဘုန်းက သတိထားမိပုံရပြီး အသက်ရဲ့ဆိုဒ်ဦးထုတ်ကို ဖွဖွလေးခေါက်ကာ...

"မင်းနေနဲ့ကရော ဘယ်တော့လို့စိတ်ကူးထားလဲ"

"အာ! အသက် အဲ့လောက်ထိမစဥ်းစားရသေးပါဘူး"

အသက် ရှက်သွားပြီးခေါင်းလေးငုံ့ပစ်ကာ လေးဘုန်းအနားက မသိမသာလစ်ထွက်လာခဲ့တော့ လေးဘုန်းရဲ့ရယ်သံသဲ့သဲ့ကို ကြားဖြစ်အောင်ကြားလိုက်ရသေးသည်။
ဖေဖေရော၊ လေးဘုန်းပါ လက်တံကျယ်ပြန့်သူတွေမို့ အသက်တို့ကိစ္စကိုသိနေမည်ဆိုတာ နားလည်ထားပါလျက် ဒီလိုမေးလာဖို့တော့ မထင်ထားမိ။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now