19

6.5K 383 32
                                    

💝 Part - 19 💝

◽◽◽◽◽

"နောင်တရနေပြီလား"

လှောင်ပြုံးဖြင့်မေးလာသော ဟန်သူ့ရဲ့မျက်နှာကြောင့် အသက် နှုတ်ခမ်းလေးဖိကိုက်ပစ်လိုက်မိကာ ခေါင်းခါပြလိုက်သည်။
အနီရောင်တီရှပ်နှင့် သပ်ရပ်ချောမွေ့နေသော ဟန်သူ့မျက်နှာသည် အသက် သေနဝာ်နဲ့မပစ်ခင်ကအတိုင်း…

"မင်းသိလား မင်းငါ့ကိုပစ်ခဲ့တုန်းက ငါဘယ်လောက်နာခဲ့ရလဲလို့"

"ဒါပေမယ့်မတူဘူး ဟန်သူ နင်ကသခင်ကိုသစ္စာဖောက်တာ"

"သခင်လေးက ငါ့ကိုစောင့်ရှောက်ခဲ့တာမှန်ပါတယ် အဲ့ဒါနဲ့ပဲ ငါ့မိဘတွေနဲ့ ငါ့အစ်မကိုသဝာ်ခဲ့တာကို ငါမေ့ပစ်ရမှာလား နင်တို့မိသားစုက သိပ်တစ်ကိုယ်ကောင်းဆန်တယ် သက်ထက်"

"ပြောရဲသေးတယ်"

"နင်တောင် နင့်အဖေကိုလုပ်ကြံဖို့စိတ်ကူးနေလို့ ငါ့ကိုသဝာ်ခဲ့တာပဲ ငါ့ခံစားချက်ကိုရော နားလည်မပေးနိုင်ဘူးလား"

အသက် ရင်ထဲစူးနင့်သွားရသလို သွေးစွန်းနေသောကိုယ့်လက်တွေကို ပြန်ငုံ့ကြည့်နေမိသည်။
တကယ်ပဲ။ ဟန်သူလည်း အသက်လိုခံစားခဲ့ရမှာပဲ။
ကိုယ်မိသားစုကိုထိပါးလာရင် ထိုလူ့ကိုသဝာ်ပစ်ချင်လောက်တဲ့အထိ နာကြည်းသွားမှုမျိုးလေ…

"နင်နောက်ထပ် ဟိုလူ့ကို သဘောကျနေတယ်မလား သူ့ကိုဆိုရင်ရော နင် ငါ့လိုသဝာ်ပစ်မှာပဲလား"

အသက် ဖျတ်ခနဲဖြစ်သွားပြီး ဟန်သူ့မျက်နှာကိုမော့ကြည့်ရင်း ရင်တွေခုန်သွားမိကာ ဒီရင်ခုန်သံတွေကတော့ ခြောက်ခြောက်ခြားခြားရှိလှသည်။
သူ့ကိုဆိုရင်ရော အသက်…

"ငါနောက်ထပ်မရှုံးဘူး ဟန်သူ"

"အဲ့ဒီအရှုံးက နင့်ရင်ထဲကိုရောက်နေပါပြီ နင်လက်ခံလိုက်တော့ သက်ထက်"

"ငါမရှုံးဘူး"

မျက်စိစုံမှိတ်အော်ပစ်ရင်း ဆတ်ခနဲထထိုင်လိုက်မိတော့ အသက်တစ်ကိုယ်လုံး ချွေးတွေစို့နေသလို မောလည်းမောနေမိသည်။
ရင်ဘတ်နှင့် ခါးစပ်ဆီမှ စူးစူးရှရှကြီးနာကျင်နေ၍ ကျစ်ခနဲစုပ်သပ်လိုက်မိပြီးမှ ဘေးမှာထိုင်နေသောသူဆီ အကြည့်တွေရောက်သွား၏။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now