3

7.9K 309 11
                                    

💝 Part - 3 💝

◽◽◽◽◽

Hong Kong (ယနေ့ခေတ်)

"မဆိုးပါဘူး ပစ္စည်းတွေက သန့်သားပဲ ဈေးတွေသိပ်များနေတာလေးတစ်ခုပဲ"

"အဲ့ဒါကိုများတယ်လို့မခေါ်ပါဘူး အနောက်က လက်နဂာ်တွေမဝင်တာကြာပြီမလား ထားပါတော့ ဈေးအဆင်မပြေရင်မယူနဲ့ ကျွန်တော့်အတွက်က ဘယ်ဈေးနဲ့ရရ ယူမယ့်ကောင်တွေရှိတယ်"

နားထဲကြားနေရသည့် အသံတိုးတိုးတချို့ကြောင့် ပြုံးလိုက်မိကာ လက်ကလည်း မှန်ဘီလူးကိုချိန်ညှိပြီး ပစ်မှတ်ကို အသေအချာကြည့်နေမိသည်။
မှန်ဘီလူးကို Zoomချဲ့လိုက်တော့ ပစ်မှတ်သည် နဖူးပြောင်ပြောင်လူကြီးတစ်ယောက်မို့ ထင်းလင်းနေကာ သူ၏ခေါင်းပြောင်ပြောင်ကြီးက မီးရောင်ဖြင့် ဝင်းပနေ၏။

ကြားထားသည့်သတင်းအရ ဒီနေ့ညမှာ အရောင်းအဝယ်လုပ်မှာဖြစ်ပြီး မြင်နေရသည့် Luggageတွေက လက်နဂာ်တွေဖြစ်လောက်သည်။
ဘာအမျိုးအစားတွေလဲမသိပေမယ့် သူ့အတွက် တာဝန်က ခေါင်းပြောင်ပြောင်လူကြီးကို ရှင်းပစ်ဖို့အတွက်သာ…

"နောက်ထပ်ရနိုင်သေးလားသိချင်တယ်"

"မရတော့ဘူး ကျွန်တော်က အနောက်ကိုပဲသွားမှာ"

"ဒါအကုန်ပဲပေါ့"

"အကုန်ပဲ"

ရောင်းဝယ်နေသူနှစ်ဖက်ဟာ ဈေးတည့်သွားပုံရပြီး Luggageတွေလဲလိုက်ကြပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ထိုအခါမှ သူ တစ်ချက်ပြုံးလိုက်ကာ အဖွဲ့တစ်ခုစီရဲ့ ခေါင်းဆောင်တွေကို ခေါင်းတည့်တည့်ချိန်ကာ သွေးအေးအေးဖြင့် ခလုပ်ဆွဲလိုက်တော့၏။

ခေါင်းဆောင်ကိုယ်စီခွေကျသွားသည့်အခါ နှစ်ဖက်အဖွဲ့သည် အချင်းချင်း ယုန်ထင်ကြောင်ထင်ဖြစ်သွားကြပြီး သေနဝာ်ကိုယ်စီဆွဲထုတ်ကာ တစ်ဖက်နှင့်တစ်ဖက် ရေကုန်ရေခမ်း ခုခံကြတော့သည်။
သူက အသာစီးမှာမို့ နှစ်ဖက်လုံးကလူတွေကို အေးအေးလူလူပစ်ချနေရင်း သီချင်းတစ်ပုဒ်ညည်းမိသေးသည်ထင်၏။
ရန်သူတွေသည် နလပိန်းတုံးတွေဖြစ်ကာ တစ်ဖက်နှင့်တစ်ဖက် မဲနေ၍ သူ့ကိုသတိပြုမိဟန်မရှိတာမို့ သူသည် အေးအေးဆေးဆေးနှင့် တစ်ယောက်ချင်းပစ်ချနေသည်။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now