34

7.3K 411 25
                                    

💝 Part - 34 💝

◽◽◽◽◽

"သား ဒီအရွယ်တောင်ရောက်နေပြီ ဖိနပ်မှားစီးတုန်းလား"

မေမေကပြုံးစိစိဖြင့်မေးလာတော့မှ သူ ပြန်ငုံ့ကြည့်မိကာ အဝါတစ်ဖက်၊ နက်ပြာတစ်ဖက်ဖြစ်နေသော ဖိနပ်တွေကြောင့် ရုတ်တရက်ထူပူသွားသည်။
ပြတင်းပေါက်ကနေ ငလျှံ့ကားဝင်လာတာကို တွေ့လိုက်တာမို့ အမြန်ကောက်စွပ်ပြီး ပြန်ပြေးလာခဲ့ကာမှ ဒီဖိနပ်ဟာ ဘာကြောင့်မှားသွားရတာလဲ…
ပိုဆိုးတာက သူ မရှိဘဲအိမ်ကိုလာလျှင် မျက်နှာကိုစုတ်ပြတ်သွားအောင် ထိုးမည်ဆိုသော သူငယ်ချင်းယောက်ဖ…

"ဟိုကောင်လေးနဲ့မှားလာတာလား"

"ဟုတ်တယ် မေမေ"

"ဖြစ်ရမယ် မနက်ဖြန် သိမ်မွေ့လေးစေ့စပ်ပွဲနော် စောစောသွားရမယ် သားကို မေမေနှိုးပေးရဦးမလား"

"နှိုးမနေနဲ့ ကိုယ့်ဘာသာ ဖုန်းကိုAlarmပေးပြီးထ ငါ့မိန်းမကိုနှိုးစက်မှတ်နေမယ်"

ဖေဖေက တမင်ငေါ့ပြောလာပေမယ့် ဒီတစ်ခါတော့ အကဲပိုလွန်းသောဦးမင်းစေရာကို မငြိုငြင်နိုင်တော့ဘဲ ရယ်ပြလိုက်မိသည်။
ကိုယ်တောင် Mineကို ဒီလောက်ချစ်ရင် မေမေ့ကိုမရမကသိမ်းယူထားသည့် ဖေဖေဆိုဘယ်လောက်တောင်ချစ်လိုက်မလဲ…

"Respectပါ ဖေဖေ တစ်နေ့ ကျွန်တော် ဖေဖေ့ခြေရာနင်းပြမယ်"

"မင်းဘယ်လောက်တော်နေနေ အဲဲ့ဒီနေရာမှာတော့ ငါ့ကိုမမှီပါဘူး"

"အနည်းဆုံးတော့ Mineက ကျွန်တော့်ကိုတစ်ခါပဲငြင်းတာ"

"ခိ!"

မေမေ့ဆီကရယ်သံထွက်လာသလို ဖေဖေ့မျက်နှာကြီးလည်း ရှုံ့မဲ့သွား၍ သူဟာ အောင်နိုင်သူကြီးလို မိန့်မိန့်ကြီးပြုံးပစ်လိုက်၏။
ထိုအခါ ဖေဖေက မေမေ့ဘက်လှည့်သွားပြီး…

"အဲ့ဒါမင်းကြောင့်မို့"

"ဘာလဲ သားပြောတာမှန်တယ်လေ အဲ့တုန်းက ရှင့်ကိုချစ်မှမချစ်တာ ကြောက်လို့သာယူလိုက်ရတာ"

"Aww ပြီးတော့မင်းပဲပြန်လိုက်လာတာနော် မိုးကုတ်အထိ"

"ရှင် ခေ့ကြောင့်သေမလိုဖြစ်သွားတော့ သနားလို့"

အသက်ကို အသက်လိုငြိတွယ်သူမယ်Unde poveștirile trăiesc. Descoperă acum