5

7.3K 318 23
                                    

💝 Part - 5 💝

◽◽◽◽◽

"အသက်ကလေး အပြင်မှာ ဒက်ဒီတို့ရောက်နေတယ်"

အခန်းတံခါးကိုခေါက်ရင်း ခေါ်လိုက်တော့ အသက်က ချက်ချင်းဖွင့်ပြီးထွက်လာကာ စွပ်ကျယ်အဖြူလေးက ချွေးတွေဖြင့်စိုကပ်နေ၏။
Airconကများ အလုပ်မလုပ်သလားဟု လှမ်းကြည့်မိတော့လည်း 24အထိရောက်နေ၍ ဒီကလေးမအခန်းထဲမှာ လေ့ကျင့်ခန်းလုပ်နေသလား…

"လေးဘုန်း"

ပီဘိကလေးငယ်လေးလို ခုန်ပေါက်ပြီး ဒက်ဒီ့အနားကပ်သွားပြီးမှ ချွေးတွေစိုနေတာကို သူမ သတိရသွားပုံရသည်။
ဟဲခနဲရယ်ပြပြီး ခြေစုံရပ်သွားတော့ ဒက်ဒီကပဲရှေ့တိုးကာ အသက်ကိုယ်လေးကို ဖွဖွလေးပွေ့ဖက်ပြီး နှုတ်ဆက်သည်။
ပုံမှန်ဆို ဒက်ဒီက အသန့်အပြန့်ကြိုက်သူဖြစ်ပေမယ့် တစ်ဦးတည်းသောတူမလေးကိုတော့ ငြိုငြင်ဟန်မရှိဘဲ ဆံပင်တွေဖွနေသည်မှာ ယုယုယယ…

"သမီး လေ့ကျင့်ခန်းလုပ်နေတာ"

"Gymသွားလေ သမီးရဲ့ မြေညီထပ်မှာ GYMရှိတယ် memberမဝင်နဲ့ ဘုန်းတန်ခိုးတူမလို့သာ ပြောလိုက်"

"ဟုတ် ရာရာကရော မခေါ်တော့ဘူးလား"

"ပေတိပေစုတ်လေးနဲ့ ကြည့်ဦး"

အသက်က တစ်ခါတလေ မာမီ့ကိုရာရာဟုခေါ်တတ်ပြီး ငယ်ငယ်ကတည်းက မာမီ့လိုဒေါက်မြင့်စီးတတ်အောင် လေ့ကျင့်နေခဲ့သူ။
မာမီကလည်း ဒက်ဒီ့နည်းတူ တယုတယပွေ့ဖက်နှုတ်ဆက်ကာ အသက်ကို ခေါင်းအစခြေအဆုံးလိုက်ကြည့်နေ၏။

"မိန်းကလေးနဲ့ကိုမတူဘူး ချစ်ခြင်းစိတ်ညစ်မယ်ဆိုလည်း ညစ်လောက်ပါရဲ့"

"ရာရာကလည်း မေမေက အသက်ကို သူ့လိုဖြစ်စေချင်တာ ဒါပေမယ့် အသက်မှမနေချင်တဲ့ဟာ"

"မနေလို့မရဘူးလေ မိန်းကလေးဆိုတာ မိန်းကလေးနဲ့တူအောင်နေရမှာပေါ့"

"အခု အသက်က ငယ်ပါသေးတယ် ထားလိုက်ပါ Baeရယ် ကလေးကိုစိတ်ကျဥ်းကြပ်အောင်မလုပ်နဲ့"

"လေးဘုန်းအကောင်းဆုံးပဲ"

ဒက်ဒီ့ပခုံးကိုမှီပြီး ခပ်ချွဲချွဲလေးပြောတော့ သူ အမြင်ကတ်သွားပြီး ပန်းနုသွေးလွန်းသော ဒင်းကို ကြိတ်ကျိန်ဆဲမိ၏။
ဒါကို အသက်ကမြင်လိုက်ဟန်ဖြင့် သူ့ကို အသံတိတ်ပြန်ကျိန်ဆဲပြသည်။

အသက်ကို အသက်လိုငြိတွယ်သူမယ်Dove le storie prendono vita. Scoprilo ora