56

7.9K 375 17
                                    

💝 Part - 56 💝

◽◽◽◽◽

"ကလေးတွေ အဆင်ပြေနေကြသားပဲ"

အဖေ့လေသံတိုးဖွဖွကြောင့် သူပြုံးလိုက်မိသလို အစ်ကို့ကိုလည်းတစ်ချက်လှမ်းကြည့်မိသည်။
ညခင်းဘက်မို့ လူငယ်ချိန်ဖြစ်ကာ ပေါ့ပေါ့ပါးပါးရယ်မောသွားလာနေကြပြီး သားပေါက်က သူ့ရဲ့လဂာ်နက်ဝယ်လက်တွေအတွက် Mask partyလုပ်ပေးထားသေး၏။
တချို့ဝယ်လက်တွေက လူသိမခံချင်ကြတာမို့ mask partyက သူတို့တွေအတွက် ပိုအဆင်ပြေကြ၍ ဒီကောင့်ခေါင်းကလည်း အစ်ကို့ကို အမှီလိုက်နိုင်မည့်ခေါင်းဖြစ်သည်။

"အဲ့လောက်ဆို ကျွန်တော်တို့စိတ်ချရပါပြီ သားပေါက်က သိပ်တော်တယ် Leoponကိုရော သက်ထက်ကိုပါ အပြည့်အဝကာကွယ်နိုင်မှာပါ"

"သက်ထက်ကို မြေပြန့်မှာထားမယ်ဆိုရင် အစ်ကိုက ဒီမှာပဲနေမှာလား"

"ငါက လားရှိုးကိုပြန်မှာ"

"ဟေ!"

အဖေရော သူပါ အံ့ဩသွားပေမယ့် အစ်ကိုကတော့ ဆုံးဖြတ်ထားသောမျက်နှာဖြင့် တည်ငြိမ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ"

"အဖေတစ်ယောက်တည်း မနေသင့်တော့ဘူး ပြီးတော့ ငါလည်း အိမ်မှာပြန်နေချင်လို့"

အစ်ကို့ပါးစပ်ဖျားက အိမ်ဆိုသည့်စကားကြောင့် စိတ်မကောင်းဖြစ်သွားမိကာ လူတွေဟာအသက်ကြီးလာလေ၊ မွေးရပ်မြေကိုတမ်းတလေဆိုတာ အမှန်တကယ်ဖြစ်လောက်သည်။
အစ်ကို အိမ်ကိုလွမ်းနေမလားဟုလည်း တစ်ခါမှမတွေးဖူးသလို ကိုယ်တိုင်လည်း လွမ်းရကောင်းမှန်းမသိခဲ့။

"သီဟနဲ့နန္ဒကို သားပေါက်နဲ့ထားခဲ့မှာ သားပေါက်အတွက် အစစအရာရာ လွှတ်ထားလို့ရတဲ့အခါမှ အဲ့နှစ်ကောင်ကိုပြန်ခေါ်မယ်"

"အဲ့ဒီနှစ်ယောက်ကလည်း ဇွဲသူရနဲ့ မိုးသူလိုပါပဲလား"

"သူတို့မျိုးဆက်တွေပဲ အဖေရယ်"

ဒါပေမယ့် အခုတော့ ထိုနှစ်ယောက်လုံးမရှိတော့ပြီပဲ။
Leoponကိုရောက်စကတည်းက လက်တွဲခဲ့သည့် မိုးသူညီအစ်ကိုဟာ အစ်ကို့ကိုခွဲခွာချင်ပုံလည်းမရပေမယ့် အစ်ကို့အမိန့်ကိုလည်း မလွန်ဆန်ရဲကြ။
ခမ်းနားသောအရှိန်အဝါဖြင့် အသားကျနေခဲ့သည့် အစ်ကိုကရော သာမာန်ဘဝမှာ နေထိုင်တတ်ပါ့မလား…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now