30

7.4K 382 20
                                    

💝 Part - 30 💝

◽◽◽◽◽

မြေပြန့်ကိုပြန်ရောက်တော့ တိုက်ခန်းကိုသန့်ရှင်းနေသေး၍ မောင်နှမနှစ်ယောက် ယောင်လည်လည်ဖြစ်နေတုန်း ကိုကိုက laptopကိုယူပြီး ထွက်သွားသည်။
ထိုအခါ အသက်လည်း ငြိမ်ငြိမ်မနေဘဲ ကိုကို့နောက်ကိုလိုက်လာပြီး…

"အဲ့ဒီမှာ ဘာရှိလို့လဲ"

"Severလေ ငါ့ဒရုန်းတွေကိုထိန်းချုပ်တဲ့နေရာ.. Serverရှိတာမသိဘူးလား"

"ဟင့်အင်း"

ခေါင်းလေးခါပြလိုက်တော့ ကိုကိုက ဂုဏ်ယူသလိုမိန့်မိန့်ကြီးပြုံးကာ Biometric lockဖြင့်ဖွင့်လိုက်တော့ မြေတိုက်ခန်းလိုအခန်းကျယ်ကြီးတစ်ခု တွေ့လိုက်ရသည်။
ထိုအခန်းကျယ်ကြီးထဲ ကိုကိုဝင်သွားတော့ အသက် နောက်ကလိုက်သွားသည့်အခါ ထိုအခန်းသည် အတန်းလိုက်စီထားသည့်ခုံတွေ၊ လျှပ်စစ်Boxတွေ၊ ကြိုးတွေဖြင့် ရှုပ်ယှက်ခတ်နေသည်။

Airconဖွင့်ထားသောကြောင့် သိပ်မပူသလို မီးရောင်လေးတွေပြေးနေသော Screenအသေးလေးတွေကတစ်ခုမက။
ကိုကို့ရဲ့Serverခန်းက ဇာတ်ကားတွေထဲမှာသာ အသက်မြင်ဖူးသော ဌာနတစ်ခုရဲ့Controlခန်းကြီးတစ်ခုလို…

"အရမ်းမိုက်တာပဲ ဒါကိုကိုလုပ်ထားတာလား"

"အင်း ပစ္စည်းတွေဆင်တာတော့ တစ်ယောက်တည်းမဟုတ်ဘူး ဒီအိမ်ယာဝင်းဆောက်ကတည်းက ဒက်ဒီကသေချာနေရာပေးထားတာ ဒရုန်းတွေကိုထိန်းချုပ်ဖို့ ဂိုထောင်လည်းလိုတယ် Serverအကြီးကြီးလည်းလိုတယ်
အပေါ်မှာ အိမ်ယာစီမံကိန်းရှိထားတော့ Serverကိုဖွက်ထားလို့ရတယ် မြို့လည်မှာSeverအကြီးကြီးရှိလိမ့်မယ်လို့ ဘယ်သူကတွေးမှာလဲ"

"ကိုကို့ရဲ့ M9က ပေ၁၀၀၀အတွင်းမှာပဲ ထိန်းချုပ်လို့ရတာ မဟုတ်ဘူးမလား"

"အင်း အဲ့ထက်ပိုတယ် ဒါကပင်မSeverပဲ ငါ့ညီမလေးရဲ့ တခြားအသေးလေးတွေလည်းရှိသေးတယ် ၁၀၀၀ထက်ပိုအောင် သေချာလုပ်ထားတာ အခန်းအောင်းပြီး Upgradeလုပ်ထားရတာ ငါဘယ်ရောက်နေနေ ထိန်းချုပ်လို့ရအောင်လို့လေ
ဟိုတစ်ခါကတော့ Leoponတွေပါလာလို့ စည်းပေါက်သွားတာ မဟုတ်ရင် ဒီနယ်မြေကိုဝင်လို့မရဘူး"

အသက်ကို အသက်လိုငြိတွယ်သူမယ်Donde viven las historias. Descúbrelo ahora