38

6.9K 403 30
                                    

💝 Part - 38 💝

◽◽◽◽◽

မျက်လုံးမဖွင့်ခင်မှာပဲ နှာခေါင်းထဲတိုးလာသော ယောကျာ်းဆန်သည့်အနံ့တစ်ခုကြောင့် ပါပါးအနား ကပ်အိပ်မိသည်ဟု စိတ်ကထင်မှတ်မိသည်။
ပါပါး nightဂျူတီသွားသည့်ညတွေဆို နေနေနဲ့မာမားကအတူအိပ်နေကျဖြစ်ပြီး ပါပါးပြန်ရောက်လာချိန် နေနေတို့မနိုးသေးလျှင် အတူဝင်အိပ်တတ်သည်။

ထို့ကြောင့် ခါတိုင်းလိုထင်မှတ်ပြီး ပါပါးရင်ခွင်ထဲခေါင်းတိုးကာ ခါးကိုတအားဖက်ထားလိုက်မိတော့ ပါပါးဆီက ဆေးနံ့မရချေ။
တခြားသူတွေတော့ ဘယ်လိုနေမလဲမသိပေမယ့် နေနေကတော့ ပါပါးဆီကဆေးနံ့တွေကို အလွန်သဘောကျပြီး ခဏခဏနမ်းမွှေးနေကျ…

"ပါပါး ရေချိုးထားတာလား"

"အေး.. မင်းတို့အိမ်ကိုဖုန်းဆက်ပြီး လှမ်းမေးလိုက်ဦးမယ်"

အေးတိအေးစက်အသံကြီးကြောင့် မျက်လုံးတွေပြူးကျယ်သွားပြီး မော့ကြည့်မိသည့်အခါ နေနေ့ကိုပြန်ငုံ့ကြည့်နေသော လူကြီး။
ဒါ့အပြင် နေနေသည် ပါပါးအမှတ်နှင့်ဖက်ထားမိတာ တင်းတင်းကျပ်ကျပ်ကြီး…

"မမကရော"

"ဒါမင်းမမအခန်းလား"

နေနေ ဆတ်ခနဲထထိုင်လိုက်မိကာ အခန်းကိုဝေ့ကြည့်မိတော့ မမရဲ့အခန်းမဟုတ်၍ နေ အိပ်ပျော်သွားတုန်း ဒီလူကြီးခေါ်လာခြင်းဖြစ်ရမည်။
ဒါဆိုတခြားဘာတွေများ…

ကိုယ့်အတွေးနဲ့ကိုယ် မလုံမလဲဖြစ်သွားပြီး အင်္ကျီကိုငုံ့ကြည့်မိတော့ ခြေရာလက်ရာမပျက်ပေမယ့် စိတ်ထဲကြောက်နေမိဆဲဖြစ်သည်။
နေနေ့ရဲ့ပျာယာခတ်နေပုံကြောင့် သူက ပြုံးစိစိမျက်နှာကြီးဖြစ်သွားကာ ဒါကိုမြင်လိုက်သည့်နေနေသည် ပိုပြီးကြောက်သွားမိ၏။
သူ နေ့ကိုများ…

"ရှင်ကြီးက ဘာလို့ပြုံးနေတာလဲ"

"နည်းနည်းပါးပါးတော့ ထိမိမှာပဲလေ မင်းကငါ့မိန်းမ.. ပြီးတော့လှလည်းလှတဲ့ဥစ္စာ ဥပုသ်မဆောက်နိုင်ပါဘူး"

"ဘာ!"

"နွေးလည်းနွေးတယ် နူးနူးညံ့ညံ့လေးနဲ့"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now