ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရ...

By Azure5549

42.3K 3.6K 35

ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေ... More

မိတ်ဆက် + ရှင်းလင်းချက်
ဒီစာစဥ်ကို ဘာလို့ pick လဲ ပြောပြမယ်
အပိုင်း ၁ - ၅
အပိုင်း ၆ - ၁၀
အပိုင်း ၁၁ - ၁၅
အပိုင်း ၁၆ - ၂၀
အပိုင်း ၂၁ - ၂၅
အပိုင်း ၂၆ - ၃၀
အပိုင်း ၃၁ - ၃၅
အပိုင်း ၃၆ - ၄၀
အပိုင်း ၄၁ - ၄၅
အပိုင်း ၄၆ - ၅၀
၅၁ - ၅၅
၅၆ - ၆၀
၆၆ - ၇၀
၇၁ - ၇၅
၇၆ - ၈၀
၈၁ - ၈၅
၈၆ - ၉၀
၉၁ - ၉၅
၉၆ - ၁၀၀
၁၀၁ - ၁၀၅
၁၀၆ - ၁၁၀
၁၁၁ - ၁၁၅
၁၁၆ - ၁၂၀
၁၂၁ - ၁၂၅
၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၅
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၁ - ၃၁၅
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆ - ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
961 - 965
966 - 970
971 - 975
976 - 980
981 - 985
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း

၆၁ - ၆၅

277 22 0
By Azure5549

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၆၁) အမှောင်ဝိညာဉ်သစ်သီး

     အမှောင်ဝိညာဉ်သစ်သီး...

     ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ ဘဝနှစ်ခုတွင်ပင် သူသည် ၎င်းကို ကြားသာကြားဖူးခဲ့ပြီး တစ်ခါမျှမမြင်ဖူးခဲ့ပေ။
     ထို့ကြောင့် အမှောင်ဝိညာဉ်သစ်သီးသည် မည်မျှရှားပါးကြောင်း သိသာထင်ရှားနေသည်။ အကယ်၍ ပုံမှန်လူတစ်ယောက်သည် အမှောင်ဝိညာဉ်သစ်သီးကို စားသုံးပြီး ကျင့်ကြံမည်ဆိုပါက ထိုလူသည် သုံးလအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။

     ၎င်းသည် တကယ်ကို အစွမ်းထက်လွန်းလှသည်။

     “ထူးခြားတဲ့ နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်ကြောင့် ငါ မချိုးဖျက်နိုင်သေးဘူး...ဒါပေမဲ့ ဒီဟာက ငါ့အတွက် အလှည့်အပြောင်းတစ်ခုဖြစ်လာလိမ့်မယ်"
      သွမ့်လင်းထျန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။

    သူ၏ ကံသည် အလွန်ကောင်းလိမ့်မည်ဟု သူ ‌မမျှော်လင့်ထားခဲ့ပေ။

     အခြားခရမ်းနက်ရောင်ဝိညာဉ်သစ်သီးနှစ်လုံးသည်လည်း အလွန်ရှားပါးလှသော ဝိညာဉ်သစ်သီးများဖြစ်ကြသည်။

     ခရမ်းဆူးသစ်သီး...

    အလွန်အဆိပ်ပြင်းသော ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်သည်။ အကယ်၍ လူသားတစ်ယောက် သုံးစွဲလိုက်ပါက ချက်ချင်းသေသွားလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း အကယ်၍ အဆိပ်ရှိသော သားရဲတစ်ကောင်စားသုံးလိုက်ပါက ၎င်းသည် အကျိုးရှိပေသည်။

    “သခင်လေး....သူတို့ကို ခေါ်သွားရအောင်"
    သတိမထားမိစွာပင် လက်သီးဆုပ်ခန့်ရှိသော မြွေဥနှစ်ဥသည် မိန်းကလေး၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် သွမ့်လင်းထျန်ကို မျှော်လင့်တကြီးဖြင့် ကြည့်ရှုနေသည်။

     “သူတို့ရဲ့ အမေသေသွားပြီဆိုတော့ သူတို့ကို အိမ်ခေါ်သွားကြ‌တာပေါ့"
    သွမ့်လင်းထျန် ခေါင်းညိတ်လိုက်၏။

    ခရမ်းဆူးဝိညာဉ်သစ်သီးသည် ရင့်မှည့်နေပြီဖြစ်သည်။ စပါးအုံးနက်သည် ၎င်းတို့အား မသုံးစွဲရသည့် အကြောင်းအရင်းမှာ သူ၏ သားသမီးနှစ်ယောက်အတွက်ကြောင့် ဖြစ်နိုင်ပေသည်။
     ခရမ်းဆူးသစ်သီးနှစ်လုံးနှင့် ‌အမှောင်ဝိညာဉ်သစ်သီးအား ခူးဆွတ်ပြီးနောက် သွမ့်လင်းထျန်နှင့် ခူအယ်သည် ဂူထဲမှ ထွက်လာခဲ့သည်။ ခူအယ်၏ အကြည့်သည် သူမ၏ လက်ထဲမှ စပါးအုံးဥနှစ်ဥပေါ်သို့သာ ကျရောက်နေသည်။ သူမ၏ ကြည်လင်သော မျက်လုံးများထဲ၌ မိခင်တစ်ယောက်၏ မေတ္တာအရိပ်အငွေ့များဖြင့် ပြည့်နှက်နေသည်။

     “ခူအယ် ငါ့ကို ဒီမှာ ခဏစောင့်ဦး"
    သွမ့်လင်းထျန်သည် ခူအယ့်အားထားခဲ့ကာ သေသွားသော လူငယ်တစ်ဦးရှေ့သို့ လျှောက်လှမ်းလာသည်။
 
     သူ၏ အာရုံခံစားမှုသည် အလွန်ထက်သန်သောကြောင့် လူငယ်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ချင်စိတ်ကို ခံစားနိုင်ပေသည်။
     သူ့အား ဦးတည်သည့် သတ်ဖြတ်ချင်စိတ်...

     “အသက်ရှူရပ်ထားမနေနဲ့"
     သွမ့်လင်းထျန်သည် အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

     ထိုအချိန်၌ လူငယ်၏ မျက်လုံးထဲမှ ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်သွားသည်။ သို့သော်လည်း သွမ့်လင်းထျန်၏ ပျော့ပြောင်းပါးလျသော ခရမ်းရောင် ဥက္ကာခဲဓားသည် လူငယ်၏ နှလုံးသားအား ထိုးခွင်းသွားပြီဖြစ်သည်။
     အစက သူသည် ဤကဲ့သို့ဖြစ်ရပ်မျိုးနှင့် ကြုံလိမ့်မည်ဟု သွမ့်လင်းထျန် မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူနှင့် ခူအယ်သည် လီကလန်တံဆိပ်ပါရှိသော အဝတ်အစားများကို မလဲခဲ့ကြပေ။
     ယခုအချိန်၌ ဤလူငယ်၏ သေခြင်းကသာ အနာဂတ်တွင် ပြဿနာများ မဖြစ်လာအောင် စွမ်းဆောင်ပေးလိမ့်မည်ဖြစ်သည်။
     ယခင်က လက်နက်ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သွမ့်လင်းထျန်သည် လူတစ်ယောက်၏ နှလုံးသားထဲမှ မလိုမုန်းထားအငြှိုးထားမှုကို သေချာစွာ နားလည်သိရှိပေသည်။
     ထို့ပြင် လူငယ်သည် သူ့အား သတ်ဖြတ်ချင်စိတ်လည်း ဖြစ်နေသေးသည်။
     သေချာလှည့်ပတ်ကြည့်ရှုပြီးနောက် ခုနှစ်ယောက်ထဲမှ လေးယောက်သည် စပါးအုံးနက်ကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိသည်။ သူသတ်လိုက်သည့် တစ်ယောက်ကို ထပ်ပေါင်းထည့်ပါက အသက်ရှင်သောသူ နှစ်ယောက်ကျန်ရှိနေပေသေးသည်။ အလွန်ဖျော့ကျသော သတ်ဖြတ်ချင်စိတ်နှစ်ခုကို သူ ရှင်းလင်းစွာခံစားလိုက်ရသည်။

     သူတို့သည် သတိမလစ်ကြဘဲ သေဟန်ဆောင်နေကြောင်း သိသာထင်ရှားပေသည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုထဲတွင် သူတို့၏ စိုးရိမ်တကြီး အသက်ရှူသံဖျော့ဖျော့ကို သွမ့်လင်းထျန် ကြားလိုက်ရသည်။
     နောက်ထပ်ဓားချက်နှစ်ချက်သည် သူတို့၏ နှလုံးသားများပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ အခြားနှစ်ယောက်ကို ရှင်းပြီးနောက် သွမ့်လင်းထျန်သည် သူတို့ဆီမှ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
     ထို့နောက် သူသည် စပါးအုံးနက်၏ အလောင်းကိုကြည့်လိုက်သည်။ သို့သော်လည်း သူသည် ခန္ဓာကိုယ်အစိတ်အပိုင်းများအားဖြတ်တောက်ယူသွားမည့်စိတ်ကို လက်လွှတ်လိုက်ပြီး ခူအယ်ဆီသို့ ဖြည်းလေးစွာ လျှောက်လှမ်းလာသည်။

    နာရီဝက်ခန့်ကြာပြီးနောက်...

     သွမ့်လင်းထျန် ဓားဖြင့် ထိုးသွင်းခဲ့သော အရပ်ပုပု၊ တုတ်ခိုင်ခိုင်နှင့် လူငယ်၏ ခန္ဓာကိုယ် လူးလွန့်လာသည်။ သူသည် အားတင်းကာ မျက်လုံးဖွင့်လိုက်ရသည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ဆေးလုံးများကို ခက်ခက်ခဲခဲထုတ်ယူလိုက်ပြီး စားသုံးလိုက်သည်။

    တစ်ခဏကြာပြီးနောက်...

    အရပ်ပုပု၊ တုတ်ခိုင်ခိုင်နှင့် လူငယ်၏ ရင်ဘတ်မှ စီးကျနေသော သွေးများသည် နောက်ဆုံး၌ ရပ်တန့်သွားသည်။

     “လီကလန်...အရုဏ်ဦးမြို့လီကလန်ရဲ့ အဖွဲ့ဝင် ငါ့ရဲ့ နှလုံးက ညာဘက်မှာရှိတယ်ဆိုတာ မင်းသိမှာ မဟုတ်ဘူး"

     အရုပ်ပုပုတုတ်ခိုင်ခိုင်နှင့် လူငယ်သည် ကြိုးစားရုန်းကန်ကာ ထလိုက်ပြီး သူ၏ မျက်နှာထား အလွန်တင်းမာသွားသည်။ သူ၏ နှလုံးသည် ညာဘက်အခြမ်းတွင်ရှိနေသောကြောင့် သူ အသက်ရှင်နိုင်ခဲ့သည်။

     ရုတ်တရက် သူသည် တစ်စုံတစ်ခုအား သတိပြုမိသွားသကဲ့သို့  အရပ်ပုပု တုတ်ခိုင်ခိုင်နှင့် လူငယ်၏ မျက်နှာအမူအရာပြောင်းလဲသွားကာ ကြောက်ရွံ့သွားပြီး အလျင်အမြန် ထွက်ပြေးသွားသည်။

     သူထွက်ပြေးပြီးနောက်...

     အလွန်ကြီးမားသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ဒေါသတကြီးဖြင့် ထူးဆန်းသည့် ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်သည်။

    အရုဏ်ဦးမြို့ရှောင်ကလန်တွင်...

   ကျယ်ပြောကာ ခန့်ထည်သော ခြံဝန်းတစ်ခုထဲမှ ပန်းထိုးအဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ထွက်လာသည်။ သူသည် စိုးရိမ်ပူပန်သည့် မျက်နှာထားနှင့် ဖြစ်နေသည်။

     “ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်က တကယ်ကို နတ်ဆေးပဲ...ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအရ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးတွေ သုံးစွဲရင် ချိုးဖျက်နိုင်ဖို့အတွက် အနည်းဆုံး ငါးရက်လောက် လိုလိမ့်မယ်...ဒါပေမဲ့ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်က စုပ်ယူဖို့ နှစ်ရက်ပဲလိုပြီး ချိုးဖျက်နိုင်ခဲ့တယ်"
      ပန်းထိုးဝတ်စုံဝတ်ဆင်ထားသည့် လူငယ်သည် သူ၏ ကိုယ်ရံတော်နှစ်ယောက်အား ခေါ်ကာ ရှောင်ကလန်မှ ထွက်လာခဲ့ပြီး ကုန်သွယ်ရေးဈေးကွက်သို့ ရောက်လာခဲ့သည်။

     “မန်နေဂျာ ကျွန်တော်ကို နောက်ထပ် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်တစ်ရာဖုံပေးပါဦး"
     ပန်းထိုးအဝတ်အစားဝတ်ဆင်ထားသည့် လူငယ်သည် ဆေးဆိုင်ထဲသို့ ဝင်လာပြီး သူလိုချင်သည့် အရာကို တိုက်ရိုက်ပြောလိုက်သည်။

    ပန်းထိုးအဝတ်အစားဝတ်ဆင်ထားသည့် လူငယ်သည် ဆေးဆိုင်သို့ အလောတကြီး လာနေကြောင်းအား သတိပြုမိခဲ့စဉ်က ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်သည် အသုံးမဝင်ဖြစ်ကာ လူငယ်သည် သူ့အား ပြဿနာရှာရန်လာခဲ့သည်ဟု မန်နေဂျာထင်ခဲ့သည်။ သို့သော်လည်း လူငယ်သည် ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ လုံးဝမထင်ထားပေ။
  
     “တစ်ရာဖုံ"
    မန်နေဂျာ၏ နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားသည်။
    “သခင်လေးရှောင်...ဒီနေ့တော့ မဖြစ်နိုင်သေးဘူး...ကျုပ်ကုန်ပစ္စည်းတွေကို မဖြည့်တင်းရသေးဘူး...နောက်နှစ်ရက်ဆိုရင်ကော ဘယ်လိုလဲ"
    မန်နေဂျာ ခါးသက်စွာ ရယ်မောလိုက်သည်။

      “ခင်ဗျား ဘယ်လိုတွေ တွေးနေလဲဆိုတာ ကျွန်‌ဝောာ်တကယ်မစဉ်းစားတတ်တော့ဘူး..ဒီလိုအရမ်းကောင်းမွန်တဲ့ ဆေးရည်ကို ခင်ဗျား အပိုမဝယ်ထားဘူးပေါ့..ဒါက စရံငွေဒင်္ဂါးငါးထောင်ပဲ....ကျွန်တော် နောက်နှစ်ရက်နေရင် ထပ်လာခဲ့မယ်"
      ပန်းထိုးအဝတ်အစားဝတ်ဆင်ထားသည့် လူငယ် မျက်မှောင်ကြုတ်သွားသည်။
     သူသည် ငွေဒင်္ဂါးငါးထောင်ပေးကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

     နှစ်ရက်...
    မန်နေဂျာ စိတ်ဆင်းရဲနေသည်။

    သူသည် အစောက သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာဖြစ်သည်။ လီကလန်မှ လူငယ် မည်သည့်အချိန်ပြန်လာမည်ကို သူလုံးဝမသိရှိပေ။
    ယခုအချိန်၌ သူနောင်တ‌ရနေသည်။ အကယ်၍ စောစောစီးစီးသာ သိရှိခဲ့ပါက သူသည် လူငယ်ထံမှ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်အမြောက်အမြားကို ယူထားလိမ့်မည်ဖြစ်သည်။

     “မန်နေဂျာ ဘာဖြစ်လို့လဲ..ဘာလို့ စိတ်သောကရောက်နေတာလဲ"
     ထိုအချိန်၌ အသံတစ်သံ ထွက်ပေါ်လာသည်။

    မန်နေဂျာသည် သူ၏ ကယ်တင်ရှင်အား တွေ့ရှိသွားသကဲ့သို့ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် အလျင်အမြန်ပင် ရောက်လာသူကို နှုတ်ဆက်လိုက်သည်။ ရောက်လာသူမှာ အမှန်ပင် သွမ့်လင်းထျန်ဖြစ်သည်။

    စပါးအုံးနက်၏ အသိုက်မှ ထွက်ခွာလာပြီးနောက် သူနှင့် ခူအယ်သည် အရုဏ်ဦးမြို့သို့ ပြန်လာခဲ့သည်။

    သူတို့သည် ပထမဦးစွာ သူတို့၏ ခရီးမှ ရရှိခဲ့သည့် အရာများကို ငွေဒင်္ဂါးသုံးထောင်ဖြင့် ရောင်းချခဲ့ကြသည်။ ထို့နောက် သူ၏ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်အကြောင်းကို သိရှိလိုဖြင့် သူသည် ဆေးဆိုင်သို့လာခဲ့သည်။

    “မန်နေဂျာ..ခင်ဗျား"
     သွမ့်လင်းထျန်သည် အနည်းငယ်ဖရိုဖရဲဖြစ်နေသည့် မန်နေဂျာအား ကြည့်ကာ ကြောင်အမ်းအမ်းဖြစ်သွားသည်။

    “ဖောက်သည်... မင်းပေးထားတဲ့ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်တွေကို ရောင်းလိုက်ပြီ"
    မန်နေဂျာသည် ငွေဒင်္ဂါးတစ်ထောင်အား ထုတ်ယူကာ အနည်းငယ် စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် သွမ့်လင်းထျန်ကို ပေးလိုက်သည်။

     သွမ့်လင်းထျန် ခပ်ဖွဖွပြုံးလိုက်သည်။
     “ဒီလိုဆို မန်နေဂျာ ခင်ဗျား အခုထပ်လိုလို့လား"

      “ဟုတ်တယ်...ဟုတ်တယ်...မင်းကျုပ်ကို ပေးနိုင်သလောက်ကျုပ်လိုချင်တယ်"
     မန်နေဂျာသည် အလောတကြီးပြောလိုက်သည်။ သွမ့်လင်းထျန်သည် ဆက်မရောင်းမည်ကို သူ အလွန်အမင်းစိုးထိတ်နေပုံရသည်။

      “ခင်ဗျားမှာ အသုံးမပြုတဲ့ အခန်းတစ်ခုရှိလား"
    သွမ့်လင်းထျန် မန်နေဂျာကို မေးလိုက်၏။

     “ရှိတာပေါ့...ဖောက်သည် မင်းအဲဒါကို လိုချင်လို့လား"
     မန်နေဂျာ ဇဝေဇဝါဖြစ်သွားသည်။

     “ဟုတ်တယ်...ကျုပ်ဆေးရည်ကို အခုဒီမှာ ရောစပ်မလို့စီစဉ်ထားတယ်"
    သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။

    မန်နေဂျာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩတကြီးဖြင့် မေးလိုက်သည်။
      “ဖောက်သည်...မင်းရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ကို ရောစပ်မလို့လား"

     “ဒါက ဆေးရည်တစ်ခုပဲလေ...စိတ်လှုပ်ရှားစရာရှိလို့လား"
    သွမ့်လင်းထျန် သာမန်ကာလျှံကာ ပြုံးလိုက်သည်။

     မန်နေဂျာ၏ နှုတ်ခမ်း တွန့်လိမ်သွားသည်။ သူ၏ ရှေ့မှ လူငယ်သည် တမင်သက်သက် ပြောခဲ့သလားဟုတောင် သူထင်နေမိသည်။
     ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများကို အနိုင်ယူနိုင်သည့် ဤဆေးရည်သည် သာမန်ဆေးရည်တစ်ခုဖြစ်ပါမည်လော။

     “ကျွန်တော်အတွက် ဆေးပစ္စည်းတချို့ ပြင်ဆင်ပေးပါ..ကျွန်တော်အခု ရောစပ်တော့မယ်"
     မန်နေဂျာသည် သွမ့်လင်းထျန် တောင်းဆိုသည့် အရာအားလုံးကို ချက်ချင်းပြင်ဆင်ပေးလိုက်သည်။

      သူ၏ ရှေ့မှ ဈေးပေါသော ဆေးပစ္စည်းပုံနှင့် အခန်းထဲမှ ကြီးမားသော ဆေးအိုးကြီးအားကြည့်ကာ မန်နေဂျာ၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။

    ဤအချိုးအစားအရ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ရောစပ်မှု၏ ကုန်ကျစရိတ်သည် လုံးဝမပြောပလောက်အောင်ပင်ဖြစ်သည်။
     အကယ်၍ ဤကြီးမားသော ဆေးအိုးကြီးထဲတွင် ရတနာခြောက်ပါးသန့်စင်ဆေးရည်များ ပြည့်သွားပါက အနည်းဆုံး အဖုံနှစ်ထောင်ခန့် ထုတ်လုပ်နိုင်မည်မဟုတ်ပါလား....

🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၆၂)ငွေဒင်္ဂါးနှစ်သိန်း

    သွမ့်လင်းထျန်တို့ ခူအယ်တို့ ဆေးပစ္စည်းများအား ပြင်ဆင်နေသောအခါ မန်နေဂျာသည် သူ၏ နှလုံးသားထဲမှစိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အလိုက်တသိဖြင့် တံခါးအား ပိတ်ကာ အပြင်တွင် ရပ်နေလိုက်သည်။

     ခူအယ်၏ အကူအညီဖြင့် သွမ့်လင်းထျန်သည် နောက်ဆုံး၌ တစ်နာရီအတွင်းတွင် ဆေးအိုးအပြည့် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ကို ရောစပ်နိုင်လိုက်သည်။ ထို့နောက် သူသည် အခန်းထဲမှ ထွက်လာလိုက်သည်။

     “မန်နေဂျာ...ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ကို အဖုံတွေ ခွဲဖို့ ကျွန်တော် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်"
      သွမ့်လင်းထျန် မန်နေဂျာကို ခပ်ရေးရေးပြုံးပြလိုက်သည်။

     မန်နေဂျာသည် အခန်းငယ်ထဲသို့ တစ်ခဏကြာဝင်ရောက်သွားပြီးနောက် ဝမ်းမြောက်ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြန်ထွက်လာသည်။

    “လေးစားရတဲ့ ဖောက်သည်...ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်က အနည်းဆုံးအဖုံနှစ်ထောင်စာလောက်ရှိတယ်...ကျုပ်အခု မင်းကို အဖုံနှစ်ထောင်စာအရင်ပေးထားမယ်...ပိုတဲ့ ဟာကိုတော့ နောက်မှ ရှင်းတာပေါ့"
    မန်နေဂျာ ပြောလိုက်သည်။

     “ကောင်းပြီ...ဆေးပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကိုတော့ ပိုတဲ့ အဖုံတွေထဲကပဲ နှုတ်လိုက်ပါ"
    သွမ့်လင်းထျန်သည် ခေါင်းညိတ်ကာ မန်နေဂျာပေးသည့် ငွေဒင်္ဂါးများကို လက်ခံလိုက်သည်။

   ငွေဒင်္ဂါးနှစ်သိန်းကိုင်ထားရခြင်းသည် အလွန်လေးလံသည်ဟု ခံစားရသည်။

     “ဒီဆေးပစ္စည်းတွေက ငွေဒင်္ဂါးတစ်ထောင်တောင် မကုန်ပါဘူး..အဲဒါကို လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"
     မန်နေဂျာသည် အခြေအနေကို အကင်းပါးစွာဖြင့်  ကိုင်တွယ်တတ်ပေသည်။

     အတိတ်က တစ်စုံတစ်ယောက်သည် မန်နေဂျာအား ငွေဒင်္ဂါးတစ်ထောင် မကုန်ကျသော ဆေးပစ္စည်းများဖြင့် ငွေဒင်္ဂါးနှစ်သိန်းတန်သော ဆေးရည်ကို ရောစပ်နိုင်သည်ဟု လာပြောပါက သူ့အား ‌သေလောက်အောင် ရိုက်နှက်လျှင်ပင် သူယုံကြည်လိမ့်မည်မဟုတ်ပေ။
     သို့သော်လည်း အဖြစ်အပျက်သည် သူ၏ မျက်လုံးရှေ့၌ ဖြစ်ပျက်နေပြီဖြစ်သောကြောင့် သူယုံကြည်ရမည်ဖြစ်သည်။

    “မန်နေဂျာ...ခင်ဗျားက အရမ်းပွင့်လင်းတော့ ဒီလိုလုပ်ကြရအောင်...ခင်ဗျား ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ရဲ့ ဈေးနှုန်းကို သင့်တော်သလို ‌တိုးလို့ရတယ်....ကျုပ်အတွက် အနိမ့်ဆုံးက ရှစ်ဆယ်ရာခိုင်နှုန်း ခင်ဗျားအတွက်က နှစ်ဆယ်ရာခိုင်နှုန်း"
     သွမ့်လင်းထျန်သည် မန်နေဂျာအား စူးစိုက်ကြည့်လိုက်သည်။

    “ကျေးဇူးတင်ပါတယ်ဖောက်သည်"
      မန်နေဂျာ အသက်ပြင်းပြင်းရှူလိုက်သည်။

     လူငယ်သည် ရက်ရောမှုကြောင့် သူသည် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်၏ ဈေးနှုန်းကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သူသိပေသည်။

    “ကောင်းပြီ...လီကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲ မပြီးဆုံးခင်ထိ ကျွန်တော် ဒီကို ထပ်လာမှာမဟုတ်ဘူး...ဒါကြောင့် ခင်ဗျား ‌ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ကို ရက်အနည်းငယ်အတွင်း အကုန်မရောင်းပစ်သင့်ဘူး...အဖိုးတန်တဲ့ ပစ္စည်းတွေက ပိုပြီးတန်ဖိုးကြီးတယ်..မန်နေဂျာ ခင်ဗျာ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ"
    မန်နေဂျာအား နောက်ဆုံးစကားပြောပြီးနောက် မန်နေဂျာအံ့အားသင့်နေသည့် အကြည့်များအောက်တွင်ပင် သွမ့်လင်းထျန်နှင့် ခူအယ်သည် လီကလန်သို့ ပြန်လာခဲ့ကြသည်။

    “သခင်လေး....ငွေက ဒီလိုလွယ်လွယ်ကူကူ ရှာလို့ရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး"
     ခူအယ်သည် စိတ်လှုပ်ရှားနေဆဲဖြစ်သောကြောင့် သူမ၏ မျက်နှာ အနည်းငယ်နီနေသည်။

     “ဟား...ဟား...ခူအယ် လူတိုင်းက မင်းရဲ့ သခင်လေးလို ငွေရှာနိုင်တဲ့ စွမ်းရည်မရှိဘူး"
   သွမ့်လင်းထျန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

    တိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် သူနှင့် လီမိသားစု၏ ဂရန်းအကြီးအကဲသာ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်အား မည်ကဲ့သို့ ရောစပ်ရမည်ကို သိသူ ဖြစ်လိမ့်မည်။
      ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည်အား မည်ကဲ့သို့ ရောစပ်ရမည်ကိုမူ သူတစ်ယောက်တည်းသာ သိပေသည်။

    အိမ်သို့ပြန်လာကာ သူ့အမေအား နှုတ်ဆက်ပြီးနောက် သွမ့်လင်းထျန်သည် သူ၏ အခန်းထဲသို့ ပြန်သွားကာ အမှောင်ဝိညာဉ်သစ်သီးကို စားသုံးလိုက်သည်။
     ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား နွေးထွေးခြင်းနှင့် အကန့်အသတ်မဲ့ စွမ်းအားများ ပျံ့နှံ့သွားသည်ကို သွမ့်လင်းထျန် ခံစားလိုက်ရသည်။
      သူ၏ အသက်သွေးကြောသည်လည်း တဖြည်းဖြည်းပို၍ သန်မာလာသည်။

     ခြံဝင်းထဲတွင်...

    “ခူအယ် ဒါက ဘာဥတွေလဲ"
    ခူအယ် စားပွဲပေါ်တင်ထားသည့် စပါးအုံးဥနှစ်ဥအားကြည့်ကာ လီရိုသိလိုစိတ်ဖြင့် မေးလိုက်သည်။

     “အဒေါ် ဒါက စပါးအုံးနက်ရဲ့ ဥတွေပါ"
   ခူအယ် ပြုံးပြလိုက်သည်။

    “စပါးအုံးနက်"
    လီရို၏ မျက်လုံးများ မှေးကျုံ့သွားသည်။ သူမသည် သွေးဆာသည့်သားရဲ စပါးအုံးနက် အကြောင်းကို ကောင်းစွာသိပေသည်။

     “ခူအယ် ဘာဖြစ်ခဲ့တာလဲ"
    လီရိုမေးလိုက်သည်။

   ခူအယ်သည် သွမ့်လင်းထျန်နှင့် သူမ၏ ခရီးစဉ်တွင် ဖြစ်ပျက်ခဲ့သော အရာများအားလုံးကို ရိုကျိုးစွာဖြင့် ပြောပြလိုက်သည်။

     “ဒီတော့ သမီးတို့နှစ်ယောက်က ရိုးရိုးရှင်းရှင်းနဲ့ အကျိုးအမြတ်တွေ အများကြီးရခဲ့တာပေါ့"
     လီရို ရယ်မောလိုက်သည်။

     “သခင်လေးက သူတို့ကို မကယ်ခဲ့ဘူး...အဲဒါကောင်းလို့လား"
     ခူအယ်သည် မျက်တောင်များကို ပုတ်ခတ်ကာ လီရိုအား ကြည့်ရှုလိုက်သည်။

     ခူအယ်သည် သွမ့်လင်းထျန်၏ ရှေ့၌ မည်သည့်စကားမျှမပြောခဲ့သော်လည်း သူမ၏ နှလုံးသားထဲ၌ ၎င်းကို ဖယ်ရှားပစ်ရန် အနည်းငယ်ခက်ခဲနေသည်။ သူမသည် စပါးအုံးနက်၏ သတ်ဖြတ်ခြင်းခံလိုက်ရသော လူငယ်များနှင့် မိန်းကလေးများကို ကယ်တင်သင့်သည်ဟု ခံစားနေရသည်။

      “ခူအယ်..အဒေါ်ကတော့ ဒီကိစ္စမှာ ထျန်မှားတယ်လို့ မထင်ဘူး...ဒါ့အပြင်သမီးတို့ပါ ဒဏ်ရာရသွားနိုင်တယ်...တကယ်လို့ သမီးတို့က သူတို့ကို ကူညီပြီး စပါးအုံးနက်ကို သတ်ပေးလိုက်ရင်တောင် သူတို့က စပါးအုံးနက်ရဲ့ ရတနာတွေကို ရဖို့အတွက် သမီးတို့နှစ်ယောက်ကို ပူးပေါင်းပြီး အန္တရာယ်ပြုလာနိုင်မယ်"
     လီရိုသည် စိတ်ရှည်စွာဖြင့် နူးညံ့စွာ ပြောပြလိုက်သည်။
     သူမသည် ခူအယ်ထက် အတွေ့အကြုံများစွာ ရှိပေသည်။ ထို့ကြောင့် သူမသည် လူတစ်ဦး၏ နှလုံးသားကို သိပေသည်။  
     ရတနာများအတွက် ဆွေမျိုးအချင်းချင်း သတ်ဖြတ်ခြင်းကို နေရာတိုင်းတွင် တွေ့နိုင်ပေသည်။ လူစိမ်းများဆိုပါက ပြောနေစရာပင်မလိုပေ။

    “ဟုတ်ကဲ့...အဲဒီတုန်းက ခူအယ်က အများကြီး မစဉ်းစားခဲ့မိဘူး...အနာဂတ်မှာ သခင်လေးရဲ့ စကားကို ခူအယ်နားထောင်ပါတော့မယ်"
      ခူအယ်သည် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။
    
     ထိုအချိန်မှစ၍ အနာဂတ်တွင် ခူအယ်သည် သွမ့်လင်းထျန်၏ ဆုံးဖြတ်ချက်များကို မည်သို့မျှ သံသယမဝင်တော့ပေ။
     သူမ၏ ကမ္ဘာကြီးထဲတွင် သွမ့်လင်းထျန်သည် ကောင်းကင်ဖြစ်သည်။ သူသည် သူမအတွက် အရာအားလုံးပင် ဖြစ်သည်။
     
      ............

      ............

      အရုဏ်တက်ချိန်၌ အရှေ့အရပ်မှ နေလုံးကြီး ထွက်လာခဲ့သည်။

     သွမ့်လင်းထျန်သည် မိုးလင်းကတည်းက အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး အမှောင်ဝိညာဉ်သစ်သီး၏ ဆေးစွမ်းအားများကို စုပ်ယူနေသည်။
     လွန်ခဲ့သောနှစ်ရက် အ‌မှောင်ဝိညာဉ်သစ်သီးအား သုံးဆွဲချိန်မှစ၍ သူသည်အမှောင်ဝိညာဉ်သစ်သီး ဆေးစွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ စုပ်ယူရသေးသည်။
     မည်သို့ပင် ဖြစ်စကောမူ သွမ့်လင်းထျန်သည် သူ၏ အသက်သွေးကြောနှင့် ခန္ဓာကိုယ်အပြောင်းအလဲကို ခံစားနိုင်ပေသည်။
     ထိုခံစားချက်သည် အလွန်ရှင်းလင်းလှသည်။

     သွမ့်လင်းထျန်သည် သူ၏ အခန်းထဲမှ လမ်းလျှောက်ထွက်လာပြီး သူ၏ နှလုံးသားထဲ တွေးတောလိုက်သည်။
     “ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲမစခင် ငါ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးကို ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"

     “ထျန်...သိုင်းပညာတွေ့ဆုံပွဲရဲ့ စာရင်းပေးသွင်းခြင်းက ဒီနေ့စပြီလို့ကြားတယ်...စားပြီးရင် ခူအယ့်ကို ခေါ်ပြီး စာရင်းသွားသွင်းလိုက်"
     လီရိုသည် မနက်စာစားရင်း သွမ့်လင်းထျန်ကို ပြောလိုက်သည်။

    “ဟုတ်ကဲ့"
    မနက်စာ စားပြီးနောက် သွမ့်လင်းထျန်သည် ခူအယ်အားခေါ်ကာ ထွက်လာခဲ့လိုက်သည်။
    
    မိန်းကလေးသည် သူမ၏ လှပသော မျက်ဝောာင်များကို ပုတ်ခတ်ကာ ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။
    “သခင်လေး...ကလန်ရဲ့ နှစ်စဉ်သိုင်းပညာတွေ့ဆုံပွဲမှာ ထိပ်တန်းစာရင်းဝင်တဲ့သူတွေက ဆုတွေအများကြီးရတယ်လို့ ကျွန်မ အစ်မရှီရှီဆီက ကြားထားတယ်"

     “အိုး...သူ ဆုတွေအကြောင်းကော ပြောသေးလား"
     သွမ့်လင်းထျန် နည်းနည်းသိချင်သွားသည်။

    “အစ်မရှီရှီပြောတာကတော့ မနှစ်က ပထမရသွားတဲ့သူကအနှစ်သုံးရာသွေးလင်ဇီးကို ရခဲ့တယ်တဲ့.... သခင်လေး အနှစ်သုံးရာ သွေးလင်ဇီးက အနှစ်ငါးဆယ် သွေးလင်ဇီးထက် အများကြီးအဖိုးတန်လား"
    သူမ မေးလိုက်သည်။

    အနှစ်သုံးရာ သွေးလင်ဇီး....
   သွမ့်လင်းထျန်၏ မျက်လုံးများ မှေးကျုံ့သွားသည်။

    “ခူအယ်....အနှစ်ငါးဆယ် သွေးလင်ဇီး ငါးဆယ်ဂရမ်က ငွေတစ်ထောင်တန်တယ်...အနှစ်သုံးရာသွေးလင်ဇီးငါးဆယ်ဂရမ်က အနည်းဆုံး ငွေတစ်သောင်းတန်တယ်...ဒီဈေးနှုန်းနဲ့တောင် ဈေးကွက်ထဲမှာ မရှိနိုင်ဘူး"
    ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များမှ တစ်ဆင့် သွမ့်လင်းထျန်သည် အနှစ်သုံးရာ သွေးလင်ဇီး၏ တန်ဖိုးကို သိပေသည်။
     ဆေးဆိုင်များတွင်ရှိသော သွေးလင်ဇီးများသည် အနှစ်ငါးဆယ်သာဖြစ်ပြီး အနှစ်တစ်ရာ သွေးလင်ဇီးမှာ ရှားပါးပေသည်။
     အနှစ်သုံးရာ သွေးလင်ဇီး ငါးဆယ်ဂရမ်သည် အနည်းဆုံးငွေတစ်သောင်းတန်ပြီး အနှစ်ငါးဆယ်သွေးလင်ဇီးတစ်ဆယ်ပေါင်နှင့် ညီမျှပေသည်။
     အနှစ်သုံးရာသွေးလင်ဇီးတစ်ခုသည် အနည်းဆုံးတစ်ရာဂရမ်ရှိပြီး ငွေဒင်္ဂါးနှစ်သောင်းကျော်တန်ပေသည်။
     အကယ်၍ အနှစ်သုံးရာ သွေးလင်ဇီးကို တိုက်ရိုက်စားသုံးလိုက်ပါက ဆေးအာနိသင်အရ အနှစ်သုံးရာသွေးလင်ဇီးငါးဆယ်ဂရမ်သည် အနှစ်ငါးဆယ်သွေးလင်ဇီးငါးပေါင်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
    သို့သော်လည်း သာမန်လူတစ်ဦးသည် အနှစ်ငါးဆယ်သွေးလင်ဇီးငါးပေါင်၏ ဆေးအာနိသင်ကို တစ်နှစ်ပတ်လုံး စုပ်ယူရမည်ဖြစ်သည်။

    သို့သော်လည်း အနှစ်သုံးရာ သွေးလင်ဇီးမှာမူ ခြားနားပေသည်။
    ၎င်း၏ ဆေးအာနိသင်က်ု တစ်လတည်းဖြင့် စုပ်ယူနိုင်သည်။
    လယ်ထွန်စက်နှင့် ဒုံးကျည်ပမာပင်ဖြစ်သည်။

    “အရမ်းဈေးကြီးတာပဲ"
     အံ့အားသင့်မှုကြောင့် မိန်းကလေး၏ ချယ်ရီနှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။

    “တကယ်လို့ ဒီတစ်ကြိမ်ဆုကလည်း အနှစ်သုံးရာ သွေးလင်ဇီးဖြစ်မယ်ဆိုရင်..."
     သွမ့်လင်းထျန်၏ မျက်လုံးများ စူးရှ ဝောာက်ပလာသည်။
    
     ထိုသို့သာဆိုပါက ၎င်းကို သူ ရရမည်ဖြစ်သည်။
    အကယ်၍ သူသာ အနှစ်သုံးရာ သွေးလင်ဇီးကို ရရှိခဲ့ပါက ပို၍ကောင်းမွန်သောဆေးရည်များဖြင့် ရောစပ်ကာ သူ၏ အကာအကွယ်သိုင်းပညာကို မြန်ဆန်စွာ လေ့ကျင့်နိုင်လိမ့်မည်ဖြစ်သည်။
    
     သွမ့်လင်းထျန်နှင့် ခူအယ်သည် အလျင်အမြန်ပင် စာရင်းပေးသွင်းသည့် နေရာသို့ ရောက်လာကြသည်။
     အထဲ၌ လူအချို့ရှိနေကြသည်။ တစ်ခဏကြာတန်းစီပြီး‌နောက် သွမ့်လင်းထျန်၏ နားထဲ သတင်းအချက်အလက်တချို့ တိုးဝင်လာသည်။

     “ငါ မင်းတို့ကို ပြောပြမယ်...ဒီနှစ်သိုင်းပညာတွေ့ဆုံပွဲမှာ ထိပ်ဆုံးဆယ်ယောက်အတွင်းဝင်တဲ့သူတွေက သိုင်းပညာထိန်းသိမ်းဆောင်ရဲ့ တတိယထပ်က အနက်ရောင်အဆင့်မြင့်သိုင်းပညာတစ်ခုကို ရွေးချယ်ခွင့်ရရုံသာမကဘူး ‌အနှစ်တစ်ရာသွေးလင်ဇီးနှင့် ငွေတစ်သောင်းကိုလည်း ရလိမ့်ဦးမယ်"
     အပြင်းစည်းတပည့်တစ်ယောက် ပြောလိုက်သည်။

     “ငါတို့တော့ ဘာသတင်းမှမကြားသေးပါဘူး...မင်းက ဘယ်လိုလုပ်သိဝာာလဲ"
     ချက်ချင်းပင် လူအချို့သည် သူ့အား သံသယဝင်သွားကြသည်။

     “ဟတ်...မင်းတို့တွေ မသိနိုင်ဘူး...ဒါပေမဲ့ ငါ့ဝမ်းကွဲရဲ့ အိမ်နီးချင်းရဲ့ ချွေးမရဲ့ တူက အတွင်းစည်းတပည့်တစ်ယောက်ပဲ....သူက အကြီးအကဲတချို့ရဲ့ ဆွေးနွေးတာကို အမှတ်မထင်ကြားခဲ့တယ်"
     အပြင်စည်းတပည့်လူငယ်သည် ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။
 
     “ထိပ်ဆုံးသုံးယောက်အတွက် ဆုတွေက ဘာတွေလဲ"
     နောက်ထပ်လူတစ်ယောက် မေးလိုက်သည်။

     “ထိပ်ဆုံးသုံးယောက်အတွက်ဆုတွေက မနှစ်ကနဲ့ တော်တော်လေးတူတယ်...အနက်ရောင်အဆင့်မြင့်သိုင်းပညာနှစ်ခုစီနဲ့ အနှစ်နှစ်ရာသွေးလင်ဇီးရယ် ငွေသုံးသောင်းရယ်"

     “ပထမဆုကကော"
    
     “ပထမဆုကတော့ အနက်ရောင်အဆင့်မြင့်သိုင်းပညာသုံးခု ရွေးချယ်ခွင့်၊ အနှစ်သုံးရာ့ငါးဆယ်သွေးလင်ဇီးရယ် ငွေတစ်သိန်းရယ်"

     “ဘုရားရေ အနှစ်သုံးရာ့ငါးဆယ် သွေးလင်ဇီးလား"
    
     “မနှစ်ကပထမဆု အနှစ်သုံးရာသွေးလင်ဇီးကတင် တုန်လှုပ်စရာကောင်းနေပြီ...ဒီနှစ် ပထမဆုက ပိုပြီး တုန်လှုပ်စရာကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

     “မနှစ်က အနိုင်ရသွားတဲ့ လီဖန်းက အနှစ်သုံးရာသွေးလင်ဇီးကို အသုံးပြုပြီးဝောာ့ အနက်ရောင်အဆင့်မြင့် အကာအကွယ် သိုင်းပညာကို ကျွမ်းကျင်အဆင့်ထိ လေ့ကျင့်ခဲ့တယ်...လက်ရှိကလန်က အသက်နှစ်ဆယ်အောက် လူငယ်တွေထဲမှာ လက်နက်မပါဘဲ ဘယ်သူမှ သူ့ရဲ့ အကာအကွယ်ကို မချိုးဖောက်နိုင်ကြဘူး"

     “ဟုတ်တယ်...လီဖန်းက ငါတို့ကလန်ရဲ့ ထူးချွန်တဲ့ ဂျီးနီးယပ်ပဲ...သူက ဒီနှစ်မှ ဆယ့်ကိုးနှစ်ပဲရှိသေးတယ်"

     .....…........

     ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများအားကြားသောအခါ သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းသွားသည်။

     အနှစ်သုံးရာ့ငါးဆယ် သွေးလင်ဇီးလား....

🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၆၃)ဆုံးဖြတ်ချက်ချခြင်း

      အကယ်၍ သူသည် ၎င်းကို ပိုင်ဆိုင်ပြီး ဆေးရည်အဖြစ် ရောစပ်လိုက်ပါက သူ၊ ခူအယ်နှင့် သူ့အမေတို့၏ အကာအကွယ်သိုင်းပညာများအားလုံးသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် လုံလောက်သည်ထက် ပိုပေသည်။

      “တကယ်လို့ ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲမစခင်မှာ ငါ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးကို ချိုးဖျက်နိုင်ရင် ပထမဖြစ်လာဖို့က မဖြစ်နိုင်တာမဟုတ်ဘူး"
     အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်ကာ သွမ့်လင်းထျန်၏ နှလုံးသားထဲ၌ ဆုံးဖြတ်ချက်ချလိုက်သည်။

     ကလန်၏ သိုင်းပညာတွေ့ဆုံပွဲတွင် အသက်တစ်ဆယ့်ခြောက်နှစ်မှ အသက်တစ်ဆယ့်ရှစ်နှစ်အတွင်း လီကလန်တပည့်များသာ ပါဝင်ခွင့်ရှိပေသည်။
     အသက်တစ်ဆယ့်ကိုးနှစ် ပြည့်သွားသည်နှင့် တစ်ပြိုင်နက် လူငယ်ဟူသည့် ဝေါဟာရပျောက်ဆုံးသွားပြီး လူရွယ်ဖြစ်သွားလိမ့်မည်ဖြစ်သည်။
      သူတို့သည် ကလန်၏ သိုင်းပညာတွေ့ဆုံပွဲတွင် ပါဝင်ခွင့်မရှိပေ။
      အတွင်းစည်းတွင် အသက်တစ်ဆယ့်ရှစ်နှစ်တပည့်အများစုသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးသို့ ရောက်ရှိနေကြပြီး အချို့ဆိုလျှင် အဓိကဖွဲ့စည်းမှုအဆင့်သို့ပင် ရောက်‌ရှိနေကြပြီဖြစ်သည်။
     သူသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးသို့ မတက်နိုင်ပါက သူတို့အား ယှဉ်ပြိုင်ရန် အလွန်ခက်ခဲလိမ့်မည်။
     နောက်ဆုံး၌ သွမ့်လင်းထျန်နှင့် ခူအယ်၏ အလှည့်ရောက်လာခဲ့သည်။
     စာရင်းသွင်းသည့် နေရာတွင် စာရင်းသွင်းပြီးနောက် သူတို့သည် ကတ်ပြားများ ရရှိခဲ့ကြသည်။

     သွမ့်လင်းထျန်သည် နံပါတ်ခုနှစ်ဆယ့်ခုနှစ်ဖြစ်သည်။ ခူအယ်သည် နံပါတ်ခုနှစ်ဆယ့်ရှစ်ဖြစ်သည်။

     အရုဏ်ဦးမြို့၏ လီကလန်တွင် လူဦးရေတစ်သောင်းနီးပါးရှိပေသည်။ အသက်တစ်ဆယ့်ခြောက်နှစ်နှင့် အသက်တစ်ဆယ့်ရှစ်နှစ်အကြားတွင်ရှိသော လူငယ်တပည့်များသည် သုံးရာနီးပါးရှိသည်။
      အတွင်းစည်းတပည့်များအပြင် စာရင်းပေးသွင်းကြသော အပြင်စည်းတပည့်များ နှစ်ရာကျော်ရှိကြသည်။

    သိုင်းပညာတွေ့ဆုံပွဲ၏ ပထမအဆင့်တွင် အတွင်းစည်းတပည့်များသည် ယှဉ်ပြိုင်စရာမလိုဘဲ အလိုအလျောက်ဒုတိယအဆင့်၌ စောင့်နေရမည်ဖြစ်သည်။
    အပြင်စည်းတပည့်များသည် တိုက်ရိုက်အတွင်းစည်းတပည့်များဖြစ်လာရန် နေရာသုံးဆယ်အတွက် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။   

     ဒုတိယအဆင့်တွင် အစစ်အမှန် ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားလိမ့်မည်ဖြစ်သည်။

     ထိပ်ဆုံးတစ်ဆယ်ယောက်နေရာကို လုကြခြင်း...

    ပြိုင်ဘက်ကင်းသော ဂုဏ်ပုဒ်နှင့် များပြားလှသော ဆုလာဘ်များရရှိခြင်း...

    သိုင်းပညာတွေ့ဆုံပွဲ၏ ပထမအဆင့်သည် နောက်တစ်ဆယ်ရက်နေလျှင် စတင်မည်ဖြစ်သည်။

     နောက်တစ်ဆယ်ရက်အတွင်းတွင် သွမ့်လင်းထျန်သည် စားသောက်ခြင်းနှင့် အိပ်စက်ခြင်းမှတစ်ပါး အမြဲတမ်းနဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်ကို ကျင့်ကြံနေသည်။
     သူသည် ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည်နှင့် အမှောင်ဝိညာဉ်သစ်သီး၏ ဆေးအာနိသင်များကို စုပ်ယူနေသည်။
    အနှစ်သုံးရာ့ငါးဆယ်သွေးလင်ဇီးအတွက် သွမ့်လင်းထျန်သည် ယခုအကြိမ်၌ လုံး၀ ရူးသွပ်နေသည်။

      “မနက်ဖြန်ကျရင် ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲစတော့မယ်...ဒါပေမဲ့ ငါအခုအချိန်ထိ မချိုးဖျက်နိုင်သေးဘူး...ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ပထမအဆင့်ပြိုင်ပွဲပြီးရင် ဒုတိယအဆင့်ပြိုင်ပွဲက နောက်သုံးရက်နေမှ စလိမ့်မယ်.. ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ပထမအဆင့်ပြိုင်ပွဲမှာ အပြင်စည်းတပည့်ထဲမှာ ထိပ်ဆုံးသုံးဆယ်ထဲ ဝင်ဖို့က အမှန်တကယ်စိန်ခေါ်မှုတစ်ခုမဟုတ်ဘူး"
      ဤအကြောင်းအား စဉ်းစားကာ သွမ့်လင်းထျန်သည် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။

     ကုန်လွန်ခဲ့သော တစ်ဆယ်ရက်အတွင်းတွင် သွမ့်လင်းထျန်သည် ကျင့်ကြံခြင်းအပြင် ခူအယ်ထံမှ ကောလဟာလအချို့ကို ကြားခဲ့ရသည်။

     ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်သည် လုံးဝကျော်ကြားနေလျက်ရှိသည်။

     အရုဏ်ဦးမြို့သည် ၎င်းအပေါ်တွင် ရူးသွပ်နေကြသည်။ လီကလန် အပြင်စည်းတပည့်များ ယနေ့ထိတိုင် အများဆုံးဆွေးနွေးနေသည့်အရာမှာ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်အကြောင်းဖြစ်သည်။
      အကယ်၍ တစ်ယောက်ယောက်၏ မိဘများသည် သူတို့အတွက် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်အချို့ ဝယ်ပေးလိုက်ပါက ၎င်းသည် များစွာသော အပြင်စည်းတပည့်များအား အားကျမှုနှင့် မနာလိုမှုကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။
      အရုဏ်ဦးမြို့ ကလန်သုံးခု၏ သိုင်းပညာတွေ့ဆုံပွဲသည် ရောက်ရှိတော့မည်ဖြစ်သောကြောင့် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်သည် ဝယ်လိုအားကို လိုက်လျောပေးနိုင်ခြင်းမရှိပေ။
     ချမ်းသာခြင်းမရှိသော လူများသည် သူတို့၏ ကလေးများအတွက် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ဝယ်ယူရန် ငွေများပင် ချေးယူနေကြသည်။

      ကလန်၏ သိုင်းပညာတွေ့ဆုံပွဲသည် လူများစွာအပေါ်တွင် သက်ရောက်ပေသည်။
      အကယ်၍ တစ်စုံတစ်ယောက်သည် အသက်တစ်ဆယ့်ကိုးနှစ်အရွယ်တွင် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်မလာပါက သူတို့၏ ဘဝကံဆိုးသွားလိမ့်မည်ဖြစ်သည်။
     မိဘများအနေဖြင့် သူတို့၏ ကလေးများ ဤကဲ့သို့ ဖြစ်ပွားသွားခြင်းကို မမြင်လိုကြပေ။
     စင်စစ်အားဖြင့် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်သည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် အပြင်စည်းတပည့်အများစုအား ကလန်၏ သိုင်းပညာတွေ့ဆုံပွဲမစမီတွင် နောက်တစ်ဆင့်သို့ ချိုးဖျက်သွားအောင် ကူ‌ညီပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့ထံ၌ အတွင်းစည်းတပည့်များဖြစ်လာရန်အတွက် အခွင့်အရေးများတိုးလာခဲ့သည်။

       ဤဥပမာများသည် လူတိုင်းအား တုန်လှုပ်သွားစေပြီး မှောင်ခိုဈေးကွက်တွင် ရတနာခြောက်နှစ်ပါးခန္ဓာသန့်စင်ဆေးရည်၏ ဈေးနှုန်းသည် တစ်ဖုံလျှင် ငွေဒင်္ဂါးသုံးထောင်အထိ မြင့်တက်လာသည်။

      “အရူးတစ်စုပဲ..."
      ထိုသတင်းများအားကြားသိပြီးနောက် သွမ့်လင်းထျန် တအံ့တဩဖြစ်သွားရသည်။

     ကံကောင်းထောက်မ၍ သူသည် ဆေးဆိုင်၏ မန်နေဂျာအား သူမည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ရန် မှာထားခဲ့သည်။ မဟုတ်ပါက အကယ်၍ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည် ရောစပ်သူသည် သူဖြစ်ကြောင်း သိရှိသွားသည့်အခါ သူအေးအေးချမ်းချမ်းနေရလိမ့်မည် မဟုတ်ပေ။

     လီကလန်၏ ကျယ်ဝန်းသည့် ခြံဝင်းတစ်ခုထဲတွင်...

     ဝှစ်...

    အလွန်လျင်မြန်သော ပုံရိပ်တစ်ခုသည် ထူးခြားသည့် အနေအထားဖြင့် ရှေ့သို့ ပြေးတက်သွားသည်။ ပုံရိပ်သည် လေပြင်းမုန်တိုင်းတစ်ခုပမာ ပြောင်းလဲသွားသည်။ ထို့နောက် ပုံရိပ်သည် ရပ်တန့်သွားသည်။

     ၎င်းသည် အသက်တစ်ဆယ့်ခုနှစ်ခန့်ရှိသော လူငယ်တစ်ယောက်ဖြစ်သည်။

     လီရွမ်ပင် ဖြစ်၏။
 
      “ဟား...ဟား...ဟား...ကောင်းတယ်...ရွမ်....မင်းရဲ့ အနှောင်ကင်းမဲ့ခြေလှမ်းက နောက်ဆုံးတော့ ကျွမ်းကျင်အဆင့်ကို ရောက်သွားပြီ...လီခွမ်အပြင် အပြင်စည်းမှာ မင်းကို ယှဉ်နိုင်မဲ့သူ တစ်ယောက်မှမရှိတော့ဘူး...ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲကိုတောင် ဝင်နိုင်တယ်"
    ဘေးဘက်တွင် ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက် ရယ်မောလိုက်သည်။

      “ကျွန်တော် သေချာပေါက် သိုင်းပညာတွေ့ဆုံပွဲရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရမယ်...ဒီလိုမှ ကျွန်တော်အနှစ်တစ်ရာ‌သွေးလင်ဇီးကို ရရှိပြီး ကျွန်တော်ရဲ့ ရွှေခေါင်းလောင်းအကာအကွယ်သိုင်းပညာက ကျွမ်းကျင်အဆင့်ကို စောစောရောက်နိုင်လိမ့်မယ်"
    လီရွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး လုံးဝယုံကြည်ချက်ရှိသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
    လျင်မြန်စွာပင် လူငယ်တစ်ဦး၏ ပုံရိပ်သည် သူ၏ စိတ်ထဲ၌ ထင်ဟပ်လာသည်။

      “သွမ့်လင်းထျန်...နောက်ဆုံးတစ်ကြိမ်တုန်းက ငါ့ရဲ့ လှုပ်ရှားမှုပညာရပ်က မင်းထက် နိမ့်ကျလို့ မင်းကသာသွားခဲ့တယ်"
     “ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မင်းကငါ့ရဲ့ အနှောင်ကင်းမဲ့ခြေလှမ်းကျွမ်းကျင်အဆင့်ကိုရောက်သွားပြီ...ငါသေချာပေါက် မင်းကိုအနိုင်ယူပြီးတော့ မင်းရဲ့ အရှက်ခွဲမှုအတွက် ပြန်ပေးဆပ်ခိုင်းမယ်"
      အနှောင်ကင်းမဲ့ခြေလှမ်းသည် အနက်ရောင်အလယ်အလတ်အဆင့်လှုပ်ရှားမှုပညာရပ်ဖြစ်ပြီး ကျွမ်းကျင်အဆင့်ထိ လေ့ကျင့်ထားပါက ၎င်း၏ အမြန်နှုန်းသည် သွမ့်လင်းထျန်၏ ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်ထက် နည်းနည်းလေးမျှ မနိမ့်ကျပေ။

      အနည်းငယ်ကျဉ်းသော ခြံဝင်းတစ်ခုထဲတွင်...

     ဝှစ်...

      အေးစက်သော ဓားအလင်းတစ်ခုလက်သွားပြီး ဓားအရိပ်တစ်ဆယ်ခုကျော်ဖြစ်ပေါ်လာသည်။ ဓားဖြင့် ယက်လုပ်ထားသောပိုက်ကွန်တစ်ခု လေထဲသို့ ပစ်လွှတ်လိုက်သည့်ပမာပင်ဖြစ်သည်။

      ချွင်...

     သုံးပေရှည်လျားသော ဓားသည် ဓားအိမ်ထဲ ပြန်ဝင်သွားသည်။

     “ငါနောက်ဆုံးတော့ ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲမစခင်မှာ ကနဦးအဆင့်ကိုရောက်ခဲ့ပြီ"
     အစိမ်းရောင်အဝတ်အစားဝတ်ဆင်ထားသော မိန်းကလေးသည် မတ်တတ်ရပ်နေလျက်ရှိသည်။ သူမ၏ မျက်နှာထက်၌ ခပ်ရေးရေးအပြုံးတစ်ခုဖြစ်ပေါ်နေသည်။

     တံခါး၏ ရှေ့တွင် ရပ်နေသော အသားအရေဖျော့လျော့သည့် အမျိုးသမီးတစ်ယောက်သည် ချောင်းနှစ်ခါဆိုးလိုက်ပြီး ဖြည်းလေးစွာ ပြောလိုက်သည်။
     “ရှီရှီ...သမီးကို ဒီဓားပညာသင်ပေးတဲ့ လူကို ကျေးဇူးတင်သင့်တယ်"

     “အမေ...အ‌မေဘာလို့ထွက်လာတာလဲ..အမေက ကျန်းမာရေးကောင်းတာလဲမဟုတ်ဘူး...အခန်းထဲမှာပဲ နေပါ...အပြင်ကို ခဏခဏမထွက်ပါနဲ့"
      လီရှီရှီ အနည်းငယ် အပြစ်တင်လိုက်ပြီး အမျိုးသမီးအား အခန်းထဲသို့ ခေါ်သွားလိုက်သည်။

      အခြားခြံဝင်းတစ်ခုထဲတွင်...

    “မင်းက တကယ်အမှိုက်ပဲ...ငါ ကျားရဲဟိန်းဟောက်လက်သီးကို မင်းကို ပေးခဲ့တာကြာလှနေပြီ...ဒါပေမဲ့ မင်းက အခုချိန်ထိတောင် ကျွမ်းကျင်အဆင့်ကို မရောက်သေးဘူး"
    လီကျုံသည် လီရှောင်အား မှုန်ကုတ်သည့် မျက်နှာထားဖြင့် ကြည့်နေသည်။
    
     “အစ်ကို ကျွန်တော် တောင်းပန်ပါတယ်"
    လီရှောင်သည် ခေါင်းငုံထားပြီး ပြန်ပြောရဲခြင်းမရှိပေ။

     “ကျုံ မင်းရဲ့ ညီလေးကို ဆူမနေပါနဲ့တော့...သူလည်း အတတ်နိုင်ဆုံးကြိုးစားပြီးပြီပဲ...ဒါက သူ့ပါရမီရဲ့ အကန့်အသတ်ပဲ...သူက မင်းလိုမှ မဟုတ်တာ"
      အနီးအနားတွင် ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်သည် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

      “အဖေ...ဒါ အဖေ သူ့ကို အလိုလိုက်ထားလို့ပဲ"
    လီကျုံသည် မျက်မှောင်ကြုတ်ကာ ဒေါသထွက်စွာဖြင့် သူ၏ အခန်းထဲသို့ ပြန်သွားလိုက်သည်။

    .............

    ............

မနက်ဖြန်သည် ကလန်၏ သိုင်းပညာတွေ့ဆုံပွဲ ကျင်းပမည့်နေ့ဖြစ်သည်။
     ထိုည၌ သွမ့်လင်းထျန်၏ အိမ်သို့ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။

    လူငယ်အားကြည့်ကာ လီရှီရှီသည် အံကိုဖွဖွကြိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
    “ဒီဓားပညာကို ငါ့ကို လက်ဆောင်ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်...ဒီလိုမှမဟုတ်ရင် သိုင်းပညာတွေ့ဆုံပွဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့ ငါ တစ်ရာရာခိုင်နှုန်းယုံကြည်ချက်ရှိမှာ မဟုတ်ဘူး"

     “သိုင်းပညာတွေ့ဆုံပွဲရဲ့ ထိပ်ဆုံးဆယ်ယောက်လား...ကြည့်ရတာ နင့်ရဲ့ ချိန်ကိုက်အရိပ်ဓားက ကနဦးအဆင့်ကို ရောက်သွားတဲ့ ပုံပဲ"
    လူငယ်သည် လီရှီရှီ၏ ရည်မှန်းချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

   လီရှီရှီ၏ စွမ်းအားသည် အပြင်စည်းတွင် ထိပ်ဆုံးသုံးယောက်ထဲဝင်သော်လည်း သိုင်းပညာတွေ့ဆုံပွဲ၏ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ချင်ပါက အတွင်းစည်းတပည့်များစွာနှင့် ရင်ဆိုင်ရန် လိုအပ်ပေသည်။
     ထိပ်ဆုံးတစ်ဆယ်ယောက်ထဲ ဝင်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။
   
    “ဟုတ်တယ်"
   လီရှီရှီပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။

    “တကယ်လို့ နင် တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ခူအယ်ကို တင်ရလိမ့်မယ်...ခူအယ်ကြောင့် ငါနင့်ကို ဓားပညာပေးလိုက်တာပဲ...တခြားဘာကိစ္စမှမရှိတော့ရင် ငါ ငါ့ရဲ့ အခန်းကို ပြန်ပြီး ကျင့်ကြံလိုက်တော့မယ်"
    ပခုံးများကို တွန့်ပြပြီးနောက် လူငယ်သည် သူ၏ အခန်းကို ပြန်သွားသည်။

     လူငယ်၏ နောက်ကျောအား ကြည့်ကာ လီရှီရှီ၏ မျက်ဝန်းထဲ၌ ရှုပ်ထွေးသည့် အရိပ်အယောင်များဖြစ်ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

    “အာ...အစ်မရှီရှီ ရောက်နေတာပါလား...သခင်လေးကော"
    လှပကာ သန့်ရှင်းသပ်ရပ်သော မိန်းကလေးသည် ခြံဝင်းထဲသို့ ဝင်လာသည်။

     “သူ ကျင့်ကြံဖို့အတွက် သူ့ရဲ့ အခန်းကို ပြန်သွားပြီ...ညီမလေး ခူအယ် ငါလည်း သွားတော့မယ်...ကျေးဇူးတင်ပါတယ်...နင့်ကြောင့်သာ မဟုတ်ရင် သွမ့်လင်းထျန်က ငါ့ကို ချိန်ကိုက်အရိပ်ဓားပညာသင်ပေးမှာ မဟုတ်ဘူး"
     လီရှီရှီသည် ကြိုးစားအားတင်းကာ ရယ်မောလိုက်ပြီးနောက် လှည့်ထွက်သွားသည်။

    “အစ်မရှီရှီ..."
     လီရှီရှီ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို မိန်းကလေးသတိပြုမိလိုက်သည်။

    လီရိုသည် သူမ၏ အခန်းထဲမှ ထွက်လာသည်မှာ ကြာနေပြီဖြစ်သည်။ သူမသည် လီရှီရှီ၏ ပျောက်ကွယ်သွားသော ပုံရိပ်အားကြည့်ကာ သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်သည်။
    အတွေ့အကြုံရှိသော လူတစ်ယောက်အနေဖြင့် သူမသည် လီရှီရှီ၏ အတွေးများကို သိပေသည်။

🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၆၄)တိုးတက်မှု

    
      နောက်တစ်နေ့အရုဏ်တက်တွင် သွမ့်လင်းထျန်နှင့် ခူအယ်သည် အတွင်းစည်းသိုင်းပညာလေ့ကျင့်ရေးကွင်းသို့ ရောက်လာသည်။
     ကလန်၏ သိုင်းပညာတွေ့ဆုံပွဲသည် ဤနေရာတွင် ကျင်းပမည်ဖြစ်သည်။

    အတွင်စည်း သိုင်းပညာလေ့ကျင့်ရေးကွင်း၏ ထောင့်၌ တိုက်ခိုက်ရေးစင်သုံးဆယ်ကို ပတ်လည်ဝိုင်းထားသည်။ အလယ်၌ ထိုင်ခုံများပါသော စင်မြင့်တစ်ခုရှိနေသည်။ တိုက်ခိုက်ရေးစင်များ၏ ရှေ့၌ လူများ ရှိနေကြသည်။

     အသက်ကြီးသော ကြီးကြပ်ရေးမှုသုံးယောက် ထွက်ပေါ်လာသောအခါ ဆူညံနေသော သိုင်းပညာလေ့ကျင့်ရေးကွင်းသည် တိတ်ဆိတ်သွားသည်။
     ကြီးကြပ်ရေးမှူးသုံးဦးသည် သိုင်းပညာတွေ့ဆုံပွဲအား ဦးစီးမည့် လီကလန်၏ အကြီးအကဲများဖြစ်ကြသည်။
     ကြီးကြပ်ရေးမှူးသုံးဦး၏ နောက်၌ အကဲဖြတ်သုံးဆယ်ကျော် ရှိနေပြီး အားလုံးလိုလိုသည် အသက်ငယ်ကြပေသည်။

     ကြီးကြပ်ရေးမှူးသုံးဦးထဲတွင် မျက်ခုံးမွေးဖြူသော အဘိုးအိုသည် ခေါင်းဆောင်ဖြစ်သည်။ သွမ့်လင်းထျန်သည် မျက်ခုံးမွေးဖြူသည့် အဘိုးအိုမှ ထုတ်လွှင့်နေသည့် အန္တရာယ်များသောအော်ရာကို သတိပြုမိပေသည်။
     ထိုလူသည် သေချာပေါက် စွမ်းအားကြီးသူဖြစ်ကြောင်းကို သွမ့်လင်းထျန် နားလည်လိုက်သည်။
      အဘိုးအိုသည် သူ့အား တစ်ချက်တည်းဖြင့် သေအောင် သတ်ပစ်နိုင်စွမ်းရှိပေသည်။

     “ကြီးကြပ်ရေးမှူးခေါင်းဆောင်အနေနဲ့ ဒီနေ့ သိုင်းပညာတွေ့ဆုံပွဲရဲ့ စည်းမျဉ်းတွေကို ငါပြောပြမယ်...အပြင်စည်းတပည့် နှစ်ရာလေးဆယ့်နှစ်ယောက်ကို သူတို့ရဲ့ နံပါတ်ပြားတွေပေါ် အခြေခံပြီး အုပ်စုသုံးဆယ်ခွဲမယ်...ပထမအုပ်စုမှာတော့ လူဆယ်ယောက်ပါဝင်ပြီး အခြားအုပ်စုမှာတော့ လူရှစ်ယောက်ပဲပါမယ်"

      “အုပ်စုသုံးဆယ်မှာ စင်မြင့်သခင်တွေ ပေါ်ပေါက်လာလိမ့်မယ်...တကယ်လို့ မင်းက ကံမကောင်းပဲ သန်မာတဲ့ အုပ်စုထဲ ရောက်သွားရင် စင်မြင့်သခင်တွေထဲက တစ်ယောက်ကို စိန်ခေါ်ဖို့ အခွင့်အရေးတစ်ခါရှိမယ်...မင်းနိုင်ရင် စင်မြင့်သခင်အသစ်ဖြစ်လာလိမ့်မယ်"

     “ဘယ်သူမှ စိန်ခေါ်မဲ့သူမရှိတော့ရင် စင်မြင့်သခင်သုံးဆယ်က အတွင်းစည်းတပည့်တွေဖြစ်သွားလိမ့်မယ်"
     ကြီးကြပ်ရေးမှူးခေါင်းဆောင်၏ စကားဆုံးသည့် အခါတွင် အကဲဖြတ်သုံးဆယ်သည် အပြင်စည်းတပည့်များအား အုပ်စုများ ခွဲပေးလိုက်သည်။

      သွမ့်လင်းထျန်နှင့် ခူအယ်သည် အုပ်စုတစ်ခုထဲ၌ အတူတူကျရောက်လာကြသည်။

    “ဒီစည်းမျဉ်းတွေက သိပ်တော့ မဆိုးဘူးပဲ...ဒါက တရားမျှတဖို့ အာမခံနိုင်တယ်"
     သွမ့်လင်းထျန် သာမန်လျှံကာဖြင့် ပြုံးလိုက်သည်။

    သွမ့်လင်းထျန်သည် နံပါတ်ခုနှစ်ဆယ့်ခုနှစ်ဖြစ်ပြီး ခူအယ်သည် နံပါတ်ခုနှစ်ဆယ်ရှစ်ဖြစ်သည်။ သူတို့သည် အုပ်စုတစ်ဆယ်ထဲတွင် ပါနေခဲ့သည်။ အုပ်စုတစ်ဆယ်တွင် စုစုပေါင်း လူရှစ်ယောက်ရှိသည်။
    အခြားခြောက်ယောက်ထဲမှ နှစ်ယောက်သည် သွမ့်လင်းထျန်ကို သိကြပေသည်။
   ယခင်က သွမ့်လင်းထျန်သည် လင်းကလန်၏ အပြင်စည်းထိပ်ဆုံးတပည့်လင်းချီအား အနိုင်ယူခဲ့ခြင်းကို သူတို့နှစ်ယောက်သည် သူတို့၏ မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရသည်။
     ထိုနှစ်ယောက်သည် သွမ့်လင်းထျန်နှင့် တွေ့သည်နှင့် တစ်ပြိုင်နက် ချက်ချင်းအရှုံးပေးခဲ့ကြသည်။ အခြားလေးယောက်မှာမူ သွမ့်လင်းထျန်၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်ခဲ့ပေ။

     ခူအယ်မှာမူ သူမ၏ ပြိုင်ဘက်များသည် တိုက်ခိုက်ခွင့်ပင်မရခဲ့ပေ။ သူတို့ မတိုက်ခိုက်ရသေးခင်မှာပင် သူမ၏ ပျော့ပြောင်းပါးလျသော ခရမ်းရောင်ဥက္ကာခဲဓားသည် သူတို့၏ လည်ပင်းပေါ်သို့ ကျရောက်နေပြီဖြစ်ကာ သူမ၏ ပြိုင်ဘက်များသည် ကျောရိုးတစ်လျှောက်စိမ့်တက်သွားကြသည်။
     အကဲဖြတ်များပင် ဆွံ့အနေကြသည်။
    အုပ်စုတစ်ဆယ်တွင် အမှန်တကယ်ကို ထူးချွန်သူနှစ်ယောက်ရှိပေသည်။
     နောက်ဆုံး၌ ခူအယ်နှင့် သွမ့်လင်းထျန်သည် စင်မြင့်သခင်အား ဆုံးဖြတ်ရန် အချိန်ကျရောက်လာသည်။ စင်၏ ဝန်းကျင်မှ အကြည့်များသည် သူတို့နှစ်ယောက်ပေါ်သို့ ကျရောက်လာသည်။

      အလယ်တွင်ရှိသော စင်မြင့်ပေါ်တွင်...

     “သူတို့နှစ်ယောက်ကို မျက်မှန်းလည်း မတန်းမိပါလား...သူတို့က မိသားစုခွဲက တပည့်တွေလား"
     ကြီးကြပ်ရေးမှူးတစ်ယောက် အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

     “သေချာတာပေါ့...သူတို့က မိသားစုခွဲက တပည့်တွေပဲ...နှစ်ယောက်လုံးက လေပြေနုမြို့ လီမိသားစုခွဲရဲ့ တပည့်တွေဖြစ်ပြီးတော့ မျိုးရိုးကွဲနာမည်နဲ့ တပည့်တွေပဲ...လူငယ်က သိပ်မကြာခင်တုန်းက ကုန်သွယ်ရေးဈေးကွက်မှာ လင်းကလန်က လင်းချီကိုတောင် အနိုင်ယူခဲ့တယ်"
    နောက်ထပ် ကြီးကြပ်ရေးမှူးတစ်ယောက် ပေါ့ပါးစွာ ပြုံးလိုက်သည်။
  
     “လင်းချီလား...လင်းကလန် ခေါင်းဆောင်ရဲ့ အငယ်ဆုံးသားလား...လီကလန်က အပြင်စည်းထိပ်ဆုံးတပည့် လီခွမ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ သူလား"
    ယခင်ကြီးကြပ်ရေးမှူးသည် မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။

     “မှန်တယ်...သူပဲ.."
    ကြီးကြပ်ရေးမှူး ပြန်ဖြေလိုက်သည်။

     “မိသားစုခွဲက  မျိုးရိုးကွဲနာမည်နဲ့ တပည့်...သနားစရာပဲ"
    ယခင်ကြီးကြပ်ရေးမှူး သက်ပြင်းချလိုက်သည်။

     “ဟန့်... မိသားစုခွဲက မျိုးရိုးကွဲနာမည်နဲ့ လူတစ်ယောက်ဆိုတော့ကော ဘာဖြစ်လဲ...သူတို့က ငါ့တို့ရဲ့ ကလန်ကို သစ္စာမဖောက်သ၍ လီကလန်ရဲ့ အဖွဲ့ဝင်တွေပဲ"
    မျက်ခုံးမွေးဖြူသော အဘိုးအို ခပ်ပြတ်ပြတ်ပြောလိုက်သည်။
 
     ထိုစကားကြားပြီးနောက် အခြားကြီးကြပ်ရေးမှူးနှစ်ယောက် ချက်ချင်းတိတ်ဆိတ်သွားကြသည်။

     အုပ်စုတစ်ဆယ်တိုက်ခိုက်ရေးစင်ပေါ်တွင် ရပ်နေရင်း သွမ့်လင်းထျန် သာမန်ကာလျှံကာ လေသံဖြင့် ပြောလိုက်သည်။
    “ကျွန်တော် အရှုံးပေးတယ်"

    ၎င်းသည် အကဲဖြတ်သူများအပါအဝင် လူတိုင်းအား စိတ်ပျက်သွားစေသည်။

    သို့သော်လည်း အဆုံး၌ သွမ့်လင်းထျန်နှင့် ခူအယ်သည် အတူတူပင်ဖြစ်သည်။ သူတို့သည် စိတ်ပျက်ကြသော်လည်း အံ့အားမသင့်ကြပေ။

      ခူအယ်သည် အုပ်စုတစ်ဆယ်၏ စင်မြင့်သခင်ဖြစ်လာသည်။

     တစ်ခဏကြာပြီးနောက် အုပ်စုသုံးဆယ်လုံးမှ စင်မြင့်သခင်များ ထွက်ပေါ်လာကြသည်။

    ခူအယ်အပြင် သွမ့်လင်းထျန်သည် ဤစင်မြင့်သခင်များထဲမှ နောက်ထပ်သုံးယောက်ကို သိပေသည်။
     လီရှီရှီ၊ လီရှောင်နှင့် လီရွမ်တို့ ဖြစ်ကြသည်။

  တိုက်ခိုက်ရေးစင် သုံးဆယ်ဝန်းရံထားသော အလယ်စင်မြင့်မှ ကြီးကြပ်ရေးမှူးသုံးယောက် မတ်တပ်ရပ်လိုက်ကြသည်။

     မျက်ခုံမွေးအဖြူရောင်နှင့် အဘိုးအိုသည် တည်ကြည်စွာဖြင့် ပြောလိုက်သည်။
      “အခုရှုံးနိမ့်သွားကြတဲ့ အပြင်စည်းတပည့်တွေက အခြား စင်မြင့်သခင်တွေကို စိန်ခေါ်ဖို့ အခွင့်အရေးရှိတယ်...တကယ်လို့ သူတို့ နိုင်သွားရင် သူတို့က စင်မြင့်သခင်အသစ်တွေ ဖြစ်လာမယ်...သူတို့ ရှုံးနိမ့်သွားရင် သူတို့က အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးဆုံးရှုံးသွားလိမ့်မယ်"

    ချက်ချင်းပင် တိုက်ခိုက်ရေးစင်သုံးဆယ်၏ အောက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
    အဆုံး၌ သူတို့ထံတွင် စိန်ခေါ်ရန် အခွင့်အရေးတစ်ခုသာ ရှိပေသည်။ သူတို့သည် စိန်မခေါ်ခင်တွင်  အချိန်တချို့ယူကာ စင်မြင့်သခင်များ၏ စွမ်းအားကို လေ့လာရန်လိုအပ်ပေသည်။

     ဝှစ်...

     လျင်မြန်စွာပင် ပုံရိပ်တစ်ခုသည် တစ်ဆယ့်ငါးစင်ပေါ်သို့ တက်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

     “ဒါသွမ့်လင်းထျန်ပဲ"
     အပြင်စည်းတပည့် အများအပြားသည် တက်လာသူကို သိရှိသွားကြသည်။

     “သွမ့်လင်းထျန်လား...ကုန်သွယ်ရေးဈေးကွက်မှာ လင်းကလန်ရဲ့ အပြင်စည်းထိပ်ဆုံးတပည့်လင်းချီကို အနိုင်ယူခဲ့တဲ့ သူလား"

    “မင်းပြောတာမှန်တယ်...ဒါသူပဲ"
    
    “သူ့ရဲ့ စွမ်းအားနဲ့ဆို သူက လီခွမ်နဲ့တောင် ယှဉ်နိုင်တယ်..သူက ဘယ်လိုလုပ် ရှုံးသွားတာလဲ...သူက လီခွမ်နဲ့ တွေ့သွားတာလား"

      “မဟုတ်ဘူး...သူက အုပ်စုတစ်ဆယ်ရဲ့ စင်မြင့်သခင်နေရာကို သူ့ရဲ့ မိန်းကလေးကို ပေးလိုက်တာပဲ"

     “အရမ်းလှတာပဲ...သူက ငါတို့ အပြင်စည်းတပည့် ထိပ်တန်းအလှမယ်လီရှီရှီထက်တောင် နည်းနည်းပိုလှသေးတယ်"

     “ရှေးခေတ်ကတည်းက သူရဲကောင်းတွေက လှပတဲ့ အမျိုးသမီးတွေကို ချစ်တာပဲ...သူ အရှုံးပေးလိုက်တာ အံ့ဩစရာမဟုတ်တော့ပါဘူး"

      ............

   တစ်ဆယ့်ငါးတိုက်ခိုက်ရေးစင်ပေါ်တွင် လီရှောင်၏ မျက်မှာ မှုန်ကုတ်မည်းမှောင်နေသည်။

     သွမ့်လင်းထျန်သည် သူ့အား စိန်ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သွမ့်လင်းထျန်သည် ဤဆုံးဖြတ်ချက်ကို တမင်သက်သက်ပြုလုပ်ခြင်းဖြစ်သည်။

     “သွမ့်လင်းထျန်"
    တိုက်ခိုက်ရေးစင်၏ အပြင်ဘက်တွင် လီကျုံ၏ မျက်လုံးများ စူးရှလာသည်။
    သူသည် အမြဲတမ်း လီရှောင်အား အထင်သေးသော်လည်း မည်သို့ပင်စေကာမူ လီရှောင်သည် သူ၏ ညီဖြစ်သည်။ ၎င်းသည် မပြောင်းလဲနိုင်သည့် အမှန်တရားပင်ဖြစ်သည်။
  
    “ငါအရှုံးပေးတယ်"
    လူတိုင်း၏ အကြည့်များအောက်တွင်ပင် လီရှောင်သည် အရှုံးပေးလိုက်သည်။

    ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော လှောင်ပြောင်သော စကားသံများကြောင့် သူ၏ မျက်နှာ နီရဲနေသော်လည်း သူသည် အံတင်းတင်းကြိတ်ကာ သည်းခံထားသည်။
     ယခုကဲ့သို့အရှုံးပေးလိုက်ခြင်းအားဖြင့် သူသည် အခြားစင်မြင့်သခင်တစ်ယောက်ကို တိုက်ခိုက်ရန် သူ၏ စွမ်းအားအပြည့်အဝကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။
    အကယ်၍ သွမ့်လင်းထျန်သည် သူနှင့် တိုက်ခိုက်စဉ်၌ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပါက သူသည် အတွင်းစည်းတပည့်ဖြစ်လာရန် အခွင့်အရေးဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

     “သွမ့်လင်းထျန် နောက်သုံးရက်နေရင် ငါမင်းကို သင်ခန်းစာကောင်းကောင်းပေးမယ်"
      လီကျုံသည် သွမ့်လင်းထျန်အား အေးစက်စွာကြည့်ပြီးနောက် လီရှောင်နှင့် နောက်ထပ်တိုက်ခိုက်ရေးစင်များဆီသို့ သွားလိုက်ပြီး လီရှောင်အား ပြိုင်ဘက်ရှာပေးရန် ကူညီပေးလိုက်သည်။

      သွမ့်လင်းထျန်၏ မျက်လုံးများ အနည်းငယ်မှေးစင်းသွားပြီးနောက် မျက်လုံးများကို ပိတ်ကာ အနားယူလိုက်သည်။

       စင်မြင့်သခင်များကို စိန်ခေါ်မှုများသည် ဒေါသတကြီးတောက်လောင်နေသည့် မီးများအလား ပြင်းထန်ပေသည်။

       အပြင်စည်းတပည့်များ၏ ထိပ်ဆုံးသုံးယောက်ဖြစ်သောကြောင့် လီရှောင်၊ လီခွမ်နှင့် လီရှီရှီတို့ကို မည်သူမျှ စိန်မခေါ်ရဲကြပေ။
     လီရှောင် အရှုံးပေးသွားပြီးနောက် သွမ့်လင်းထျန်ကိုလည်း မည်သူမျှ စိန်မခေါ်ရဲကြပေ။ အခြားတစ်ဖက်တွင် ခူအယ်အား လူသုံးယောက်က စိန်ခေါ်ခဲ့သည်။ သို့သော်လည်း သူမ၏ ပြိုင်ဘက်များ မတိုက်ခိုက်ရသေးခင်မှာပင် သူမ၏ ပျော့ပြောင်းပါးလျသော ခရမ်းရောင်ဥက္ကာခဲဓားသည် ပြိုင်ဘက်များ၏ လည်ပင်းပေါ်သို့ ကျရောက်နေပြီးသားဖြစ်ကာ သူမ၏ ပြိုင်ဘက်များ မလှုပ်ရှားနိုင်ဖြစ်သွားသည်။

     “ဒီမိန်းကလေးက သွမ့်လင်းထျန်နဲ့ တူတယ်...သူတို့ နှစ်ယောက်လုံးက ထူးခြားတယ်"

     “သူက လီရှီရှီထက်တောင် ပိုပြီးသန်မာတယ်လို့ ငါခံစားနေရတယ်"

     “ဟုတ်တယ်....သူ့ရဲ့ ရှေ့မှာဆို ရုပ်ရည်အရ ဒါမှမဟုတ် စွမ်းအားအရဖြစ်‌‌စေ လီရှီရှီက နည်းနည်းပိုနိမ့်ကျတယ်"

      ...........

     အပြင်စည်းတပည့်များ တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးလိုက်ကြသည်။

     အတွင်းစည်းတပည့်အချို့ပင် မိန်းကလေးအား တစ်ချက်ကြည့်ရှုပြီးနောက်  အလွန်အံ့အားသင့်သွားကြသည်။

     “အစ်ကိုအန်း...ဒီမိန်းကလေးက တကယ်မဆိုးဘူး...ဒီနေ့ကစပြီး ကျုပ်တို့ အပြင်စည်းမှာ အသွင်အပြင်ကော ပါရမီကော လီဖေးနဲ့ ယှဉ်နိုင်တဲ့ နောက်ထပ် အမျိုးသမီးတပည့်တစ်ယောက် တိုးလာပြီပဲ"
     လူငယ်၏ ဘေးတွင် ရပ်နေသော အတွင်းစည်းတပည့်ပြောလိုက်သည်။

   လီဖေးသည် အတွင်းစည်းတွင် ထိပ်တန်းအလှပိုင်ရှင်ဖြစ်သည်။

    လူငယ်သည် ငွေရောင်အနားကွပ်များပါဝင်သည့် မီးခိုးရောင်အင်္ကျီဝတ်ဆင်ထားသည်။ သူ၏ စူးရဲသော အကြည့်သည် မိန်းကလေးပေါ်သို့ ကျရောက်သွားသောအခါ လောဘကြီးမှုနှင့် လွှမ်းမိုးချုပ်ကိုင်လိုသည့် အရိပ်အမြွက်တချို့ ထွက်ပေါ်လာသည်။

    “ဒါလီအန်းပဲ"

     “တကယ် သူပဲဟ"

    ............

    ပတ်ဝန်းကျင်မှ အပြင်စည်းတပည့်များသည် မိးခိုးရောင်အဝတ်အစားနှင့် လူငယ်အား တွေ့ရှိသွားသည့်အခါ အံ့ဩတကြီးပြောလိုက်သည်။

    လီအန်းသည် လီကလန်၏ အတွင်းစည်းတပည့်များထဲတွင် ကျော်ကြားသူဖြစ်သည်။

     လွန်ခဲ့သော တစ်နှစ် လီအန်းတစ်ဆယ့်ခုနှစ်က သူသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးဖြင့် သိုင်းပညာတွေ့ဆုံပွဲတွင် ပါခဲ့ပြီး ထိပ်ဆုံးတစ်ဆယ်ယောက်ထဲ ဝင်ခဲ့သည်။ သူသည် ဆဌမဖြစ်ပြီး အသက်တစ်ဆယ့်ရှစ်နှစ် အဓိကဖွဲ့စည်းမှုအဆင့် လူငယ်လေးယောက်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးလူငယ်တစ်ယောက်ထက်သာ အစွမ်းနိမ့်ခဲ့သည်။
     ယခုအချိန်၌ အသက်တစ့်ဆယ့်ကိုးနှစ်အောက် အတွင်းစည်းတပည့်များကြားထဲတွင် သူ၏ စွမ်းအားကို အဆင့်နှစ်အဖြစ် သတ်မှတ်ထားသည်။

     ညနေနေစောင်းသည့်အခါ ကလန်၏ သိုင်းပညာတွေ့ဆုံပွဲမှာ အဆုံးသတ်သွားသည်။ သွမ့်လင်းထျန်အား အရှုံးပေးပြီးနောက် လီရှောင်သည် နောက်ထပ် စင်မြင့်သခင်တစ်ယောက်ကို အောင်အောင်မြင်မြင် စိန်ခေါ်နိုင်ခဲ့သည်။
      စင်မြင့်သခင်သုံးဆယ်သည် အတွင်းစည်းတပည့်များဖြစ်သွားကြသည်။
     တစ်ခဏကြာပြီးနောက် လူများစွာသည် သူတို့၏ ခေါင်းများအား ခါယမ်းကာ အသက်ပြင်းပြင်းရှုလိုက်ကြသည်။
   
     လူတော်တော်များများ မှိုင်တွေညှိုးငယ်နေကြသည်။

    သူတို့ထဲမှ အချို့သည် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသားဖြစ်သည်။ သူတို့သည် ဤတစ်ကြိမ်၌ အတွင်းစည်းတပည့်များ မဖြစ်လာကြသောကြောင့် သူတို့သည် အတွင်းစည်းတပည့်များဖြစ်ရန် အခွင့်အရေး ထာဝရဆုံးရှုံးသွားပြီဟု ဆိုလိုပေသည်။
      အကယ်၍ သူတို့သည် မိသားစုခွဲက တပည့်များဖြစ်လျှင် သူတို့၏ မိသားစုခွဲများဆီသို့ ပြန်သွားရလိမ့်မည်ဖြစ်သည်။

     သွမ့်လင်းထျန်နှင့် ခူအယ်သည် ပခုံးချင်းတန်း၍ လျှောက်လှမ်းလာကြသည်။

    ခူအယ်သည် သွမ့်လင်းထျန်၏ လက်မောင်းကို ကိုင်ထားပြီး သူမ၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော အပြုံးတစ်ခုပွင့်လန်းနေသည်။

     အားကျမှုနှင့် မနာလိုမှုများ ပါဝင်သော အကြည့်များစွာသည် သွမ့်လင်းထျန်ပေါ်သို့ ကျရောက်လာသည်။

     “ဟမ်"
    ရုတ်တရက် သွမ့်လင်းထျန် မျက်မှောင်ကြုတ်သွားသည်။

    ရှေ့သို့ ကြည့်လိုက်သောအခါ လူအုပ်ကြီး လမ်းဖွင့်ပေးထားသော နေရာ၌ အသက်တစ်ဆယ့်ရှစ်နှစ်ခန့်ရှိသော လူငယ်နှစ်ယောက် ရပ်နေကြောင်းကို တွေ့လိုက်ရသည်။

     သူနှင့် မလှမ်းမကမ်း၌ ရပ်နေသော မိးခိုးရောင်အဝတ်အစားနှင့် လူငယ်သည် သူ့အားရန်လိုစွာဖြင့် ကြည့်နေသည်။
     သူ မသိသော လူတစ်ယောက်သည် အဘယ်ကြောင့် သူအားဤကဲ့သို့ ကြည့်နေကြောင်းကို သွမ့်လင်းထျန် နားမလည်ပေ။

      မီးခိုးရောင်အဝတ်အစားနှင့် လူငယ်၏ အကြည့်သည် ခူအယ်ဆီသို့ ရွေ့လျားသွားသောအခါ  သူသဘောပေါက်သွားသည်။

     ဒီတော့ အကြောင်းအရင်းက ခူအယ်ပေါ့...

    သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ၌ ရယ်မောကာ အိမ်ပြန်လာခဲ့လိုက်၏။

🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၆၅) ကွဲပြားသော စပါးအုံးလေးများ

    ညအချိန်၌ မီးအိမ်၏ အလင်းရောင်ကြောင့် အခန်းမှာ လင်းထိန်နေသည်။
     လူငယ်သည် ဆေးရည်များပြည့်နေသော ရေစည်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး အားသွန်ခွန်စိုက် ကျင့်ကြံနေသည်။

      နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ် ဝိညာဉ်မြွေပုံစံ...

      ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည်သည် အဆက်မပြတ် သူ၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေသည်။

      အမှောင်ဝိညာဉ်သစ်သီး၏ ဆေးစွမ်းအားသည်လည်း အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပျော်ဝင်နေပြီး လူငယ်၏ ခန္ဓာကိုယ်၊ သွေး၊ အရိုးများနှင့် ပေါင်းစည်းနေသည်။
      အကယ်၍ သူသည် ကလန်၏ သိုင်းပညာတွေ့ဆုံပွဲတွင် ပထမဖြစ်ပြီး အနှစ်သုံးရာ့ငါးဆယ်သွေးလင်ဇီးကို ရရှိလိုပါက သူ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးသို့ ရောက်ရန်လိုအပ်ပေသည်။

       “နည်းနည်းလိုသေးတယ်"
     သူ့ ခန္ဓာကိုယ်၏ ပြောင်းလဲမှုနှင့် အသက်သွေးကြော၏ လိုအပ်နေသော သန်မာမှုအား လေ့လာမိသွားပြီး လူငယ်၏ မျက်လုံးများ ပွင့်လာကာ သက်ပြင်းချလိုက်သည်။

     သန်းဝေပြီးနောက် လူငယ်သည် ငိုက်မြည်းလာကာ ချက်ချင်းအိပ်ပျော်သွားသည်။ သူသည် ‌နောက်တစ်နေ့မနက်တိုင်အောင် အိပ်ပျော်နေသည်။

      “သခင်လေး...သခင်လေး..."
    သူ၏ အခန်းပြင်ဘက်မှ အလောတကြီးနိုင်သော အသံအားကြားသည့်အခါ လူငယ် အိပ်ပျော်ရာမှ နိုးလာသည်။

      “ခူအယ် ဘာဖြစ်လို့လဲ"
     လူငယ်သည် အဝတ်အစားလဲရန် အချိန်မရှိဘဲ ညအိပ်အဝတ်အစားများအား ဝတ်ဆင်ကာ တံခါးဖွင့်လိုက်ပြီး အပြင်ဘက်မှ မိန်းကလေးကို ကြည့်လိုက်သည်။

     “သခင်လေး ကြည့်ပါဦး"
    မိန်းကလေး၏ လက်ထဲတွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ဥနှစ်ဥရှိနေပြီး ပြင်းပြင်းထန်ထန်လှုပ်နေသည်။

      ဂျွတ်...ဂျွတ်...

     လျင်မြန်စွာပင် စပါးအုံးဥနှစ်ဥသည် တစ်လုံးပြီး တစ်လုံးကွဲသွားသည်။ ထူးခြားသိမ်မွေ့သော စပါးအုံးလေးနှစ်ကောင်သည် သူတို့၏ ခေါင်းများကို ဆန့်ထုတ်လိုက်ကာ သူတို့၏ လျှာများကို ပြူတစ်ပြူတစ်လုပ်လိုက်ပြီးနောက် ဥခွံထဲမှ ထွက်လာခဲ့သည်။

      ‌နောက်ပိုင်းတွင် သူတို့သည် တစ်ကောင်နှင့် တစ်ကောင် မကျေမနပ်မျက်နှာထားများဖြင့် ကြည့်လိုက်ပြီးနောက် သွမ့်လင်းထျန်နှင့် ခူအယ်ကို ကြည့်လိုက်သည်။

     သေးငယ်သော မျက်လုံးများထဲ၌ နက်ရှိုင်းသော တွယ်တာမှု အရိပ်အမြွက်တချို့ ထွက်ပေါ်လာသည်။ သူတို့သည် သူတို့၏ မိဘများအား ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။

      “သခင်လေး...သူတို့က စပါးအုံးနက်နဲ့လည်း လုံးဝမတူဘူး"
    ခူအယ်၏ မိုးမခသဏ္ဌာန်မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။

    “အင်း...သူတို့က တူလည်းမတူဘူး"
    သွမ့်လင်းထျန်သည်လည်း စပါးအုံးလေးနှစ်ကောင်ကို ဂရုတစိုက်ကြည့်လိုက်သည်။

     စပါးအုံးလေးနှစ်ကောင်သည် အနက်ရောင်နှင့် အဖြူရောင်ဖြစ်ကြသည်။

     အဖြူရောင်စပါးအုံးလေး၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အမှတ်အသားများ ရှိနေသည်။ အမှတ်အသားများသည် အလွန်ရှုပ်ထွေးပြီး နားလည်ရန် ခက်ခဲပေသည်။

    အနက်ရောင်စပါးအုံးလေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေရောင်အမှတ်အသားများ ရှိနေပြီး အဖြူရောင်စပါးအုံးလေး၏ အမှတ်အသားများနှင့် အတိအကျတူညီပေသည်။
      သူတို့ နှစ်ကောင်လုံးတွင် တူညီသော အချက်တစ်ချက်ရှိပေသည်။
     သူတို့ နှစ်ကောင်လုံး၏ ခေါင်းများပေါ်၌ သေးငယ်သော အဖုတစ်ဖုစီရှိနေခြင်းဖြစ်သည်။
      သွမ့်လင်းထျန်သည် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်သော်လည်း သူသည် စပါးအုံးလေးနှစ်ကောင်နှင့် ဆက်နွှယ်သော မည်သည့်အကြောင်းအရာမျှ မတွေ့ရပေ။
    တစ်နည်းဆိုရပါက အကယ်၍ ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာအသက်ရှင်နေလျှင်ပင် သူသည် စပါးအုံးလေးနှစ်ကောင်ကို  ခွဲခြားနိုင်လိမ့်မည်မဟုတ်ပေ။
     သို့သော်လည်း ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်ထဲတွင် စပါးအုံးလေးနှစ်ကောင်၏ ဝိသေဿလက္ခဏာနှင့်အနည်းငယ်ဆင်တူသော စပါးအုံးအမျိုးအစားတစ်မျိုးရှိပေသည်။

     ထိုစပါးအုံးသည် စပါးအုံးနက်မဟုတ်ပေ။

    သန်မာသော သားရဲ နှင်းစပါးအုံးဖြစ်သည်။

    ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များအရ နှင်းစပါးအုံးသည် အရွယ်ရောက်လာပါက အခြေတည်ဝိညာဉ်အဆင့်သိုင်းပညာရှင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

     ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ပြီးလျှင် အဓိကဖွဲ့စည်းမှုအဆင့်ဖြစ်သည်။
     အဓိကဖွဲ့စည်းမှုအဆင့်၏ အထက်သည် မူလအူတိုင်အဆင့်ဖြစ်သည်။
     မူလအူတိုင် အဆင့်ပြီးမှသာ အခြေတည်ဝိညာဉ်အဆင့်ရောက်လိမ့်မည်ဖြစ်သည်။
     အရုဏ်ဦးမြို့၏ လီကလန်တွင် မူလအူတိုင်အဆင့်သိုင်းပညာရှင်များစွာ ရှိပေသည်။
      သို့သော်လည်း အခြေတည်ဝိညာဉ်အဆင့်သိုင်းပညာရှင်ကို လက်ချောင်းများဖြင့် ရေတွက်နိုင်သည်။

      “စပါးအုံးနက်ရဲ့ သားသမီးတွေက နှင်းစပါးအုံးနဲ့ ပေါင်းစည်းပြီး မွေးလာတာမဖြစ်နိုင်ဘူး"
     သွမ့်လင်းထျန်သည် ခေါင်းခါယမ်းလိုက်ပြီး ဖြစ်နိုင်ချေမရှိသော အတွေးကို ဖယ်ထုတ်လိုက်သည်။
     စပါးအုံးနက်နှင့် နှင်းစပါးအုံးအကြား ခြားနားမှုကို ပြောစရာပင်မလိုပေ။ ထို့ပြင် စပါးအုံးလေးနှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော အမှတ်အသားများသည် စပါးအုံးနက် သို့မဟုတ် နှင်းစပါးအုံးတွင် ရှိသည့်အရာမဟုတ်ပေ။
      ထို့ကြောင့် ဤစပါးအုံးလေးနှစ်ကောင်သည် နှင်းစပါးအုံး သို့မဟုတ် စပါးအုံးနက်မဟုတ်ကြောင်းကို ဆုံးဖြတ်နိုင်ပေသည်။

      “ကြည့်ရတာ သူတို့က သူတို့ရဲ့ အဖေနဲ့ တူတာနေလိမ့်မယ်...သူတို့ရဲ့ အဖေက ဘယ်လိုစပါးအုံးလဲမသိဘူး...မြောက်မြားလှတဲ့ ဗဟုသုတအတွေ့အကြုံနဲ့ ဘဝနှစ်ခုဖြတ်သန်းခဲ့ရတဲ့ ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာတောင် ဒီစပါးအုံးအမျိုးအစားကို မသိဘူး"
    သွမ့်လင်းထျန် သူ၏ နှလုံးသားထဲတွင် ကောက်ချက်ချလိုက်သည်။

    “သခင်လေး...သူတို့က ဗိုက်ဆာနေတဲ့ ပုံပဲ"
   မိန်းကလေး၏ အသံသည် သွမ့်လင်းထျန်အား သတိပြန်ဝင်လာစေခဲ့သည်။

    စပါးအုံးလေးနှစ်ကောင်၏ သေးငယ်သော မျက်လုံးများသည် ပြူးကျယ်နေပြီး သူတို့သည် တစ်စုံတစ်ခုအား တောင်းဆိုနေသကဲ့သို့ သနားစရာပုံပေါက်နေသည်။

     သွမ့်လင်းထျန်သည် အခန်း၏ ထောင့်တွင် ထားထားသော ခရမ်းဆူးသစ်သီးနှစ်လုံးကို သွားယူလိုက်သည်။
      ခရမ်းဆူးသစ်သီးနှစ်လုံးသည် သူတို့၏ အမေက စပါးအုံးလေးနှစ်ကောင်အတွက် ချန်ထားခဲ့ခြင်းဖြစ်သည်။

     သွမ့်လင်းထျန်သည် ခရမ်းဆူးသစ်သီးနှလုံးအား ခူအယ်၏ ဘေးသို့ ယူလာသောအခါ စပါးအုံးလေးနှစ်ကောင်၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး ချက်ချင်းရွေ့လျားသွားကြသည်။

     ဝှစ်...ဝှစ်...

     သူတို့သည် အဖြူရောင်အလင်းတန်းတစ်ခုနှင့် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ သွမ့်လင်းထျန်၏ လက်ထဲမှ ခရမ်းဆူးသစ်သီးများဆီသို့ တည့်တည့်ခုန်ထွက်လာကြသည်။

      အချိန်တိုအတွင်းမှာပင် ခရမ်းဆူးသစ်သီးနှစ်လုံးသည် အစအနမကျန်အောင် ကုန်ဆုံးသွားသည်။

     သူတို့၏ ဗိုက်အား ဖြည့်တင်းပြီးနောက် စပါးအုံး‌လေးနှစ်ကောင်သည် အိပ်ပျော်သွားကြသည်။

     “သူတို့က ဘယ်လိုမြွေမျိုးလဲ"
     သွမ့်လင်းထျန်နှင့် ခူအယ်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံး၌ အံ့အားသင့်မှုအား ဖြစ်နေသည်ကို တွေ့ရှိနိုင်ပေသည်။

     အစောပိုင်းက စပါးအုံးလေးနှစ်ကောင်၏ အမြန်နှုန်းသည် သူတို့အမေ စပါးအုံးနက်နှင့် နှိုင်းယှဉ်လျှင်ပင် သိပ်နှေး‌လိမ့်မည်မဟုတ်ပေ။
     အရွယ်ရောက်နေသော စပါးအုံးနက်တစ်ကောင်အတွက် ထိုကဲ့သို့ အမြန်နှုန်းရှိခြင်းသည် မထူးဆန်းပေ။ သို့သော်လည်း ဤစပါးအုံးလေးနှစ်ကောင်သည် ဥပေါက်ခါစသာ ရှိသေးသည်။

     သွမ့်လင်းထျန်၏ မသိစိတ်တွင် ဤစပါးအုံးလေးနှစ်ကောင်သည် မရိုးရှင်းဟု ခံစားလိုက်ရသည်။
     သေးငယ်သောသေတ္တာတစ်လုံးအားရှာကာ အပေါက်ဖောက်ပြီးနောက် သွမ့်လင်းထျန်သည် အိပ်ပျော်နေသော စပါးအုံးလေးနှစ်ကောင်ကို အထဲ၌ ထားလိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူသည် ညအိပ်အဝတ်အစားများအားလဲကာ ခူအယ်၏ လက်အား ဆုပ်ကိုင်၍ အခန်းထဲမှ ထွက်လာခဲ့သည်။

      “ခူအယ် လမ်းလျှောက်ထွက်ရအောင်"
      သွမ့်လင်းထျန်နှင့် ခူအယ်သည် သူတို့၏ အိမ်မှထွက်လာကြပြီး အလျင်အမြန်ပင် သိုင်းပညာလေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြသည်။

      သိုင်းပညာလေ့ကျင့်ရေးကွင်း‌၏ ထောင့်တွင် လက်ရှိအချိန်၌ လူအနည်းငယ် အုံနေကြသည်။

      “တစ်ချက်လောက် သွားကြည့်ရအောင်"
     သွမ့်လင်းထျန်နှင့် ခူအယ် လမ်းလျှောက်လာခဲ့သည်။

     တစ်စုံတစ်ယောက် သိုင်းပညာလေ့ကျင့်နေခြင်းဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသော်လည်း နီးကပ်လာမှသာ ထိုသို့မဟုတ်ကြောင်း သူတို့ သိရှိလိုက်ရသည်။

     အပြာရောင်အဝတ်အစားနှင့် လူငယ်တစ်ဦးသည် လူအုပ်၏ အလယ်၌ ရပ်နေပြီး တံတွေးများသည် သူ၏ ပါးစပ်မှ စင်ထွက်နေသည်။
     သူ၏ လေသံနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ပုံပြင်ပြောသူတစ်ဦးနှင့် တူညီနေသည်။

      “ငါကြားခဲ့တာတော့ မြူဆိုင်းတောအုပ်ထဲက နှင်းစပါးအုံးက မိုးကြိုးလို ရွေ့လျားသွားပြီးတော့ ရေမြူမြို့ ဟူကလန်က မူလအူတိုင်အဆင့် သိုင်းပညာရှင်အချို့ကို သတ်ခဲ့တယ်တဲ့...လူသားသိုင်းပညာရှင်တွေထဲမှာ သူတို့က ထူးချွန်တယ်လို့ သတ်မှတ်လို့ရပေမဲ့ နှင်းစပါးအုံးရဲ့ ရှေ့မှာတော့ သူတို့က တစ်ချက်တောင် မခံနိုင်ခဲ့ကြဘူး"
     အပြာရောင်အဝတ်အစားနှင့် လူငယ်သည် ထိုအဖြစ်အပျက်ကို သူ၏ မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ခဲ့သကဲ့သို့ ဆက်ပြောနေသည်။

      “လီယွင်...မြူဆိုင်းတောအုပ်ထဲမှာ နှင်းစပါးအုံးက တကယ်ရှိလို့လား"
    လူအုပ်ထဲမှ တစ်ယောက် မေးလိုက်၏။
    “လီယွင်ဆိုတဲ့ ငါက အရုဏ်ဦးမြို့မှာ ငါ့ရဲ့ အရာရာသိတဲ့ စွမ်းရည်ကြောင့် ကျော်ကြားတယ်...ငါ့ရဲ့ ဂုဏ်ပုဒ်က အရမ်းကောင်းမွန်တယ်...သိပ်မကြာခင်မှာ ဒီသတင်းက အရုဏ်ဦးမြို့တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်...အဲဒီအချိန်ကျရင် ငါပြောတာ အမှန်ဆိုတာ မင်းတို့ သိကြလိမ့်မယ်"

     လီယွင်သည် ယုံကြည့်ချက်အပြည့်ရှိသည့် မျက်နှာထားဖြင့် သူ၏ ခေါင်းကိုမော့လိုက်သည်။

     “လီယွင်...မင်းက သတင်းတိုင်းကို ပထမဆုံးသိတယ်ဆိုတာ ငါတို့ သံသယမရှိပါဘူး...ဒါပေမဲ့ ဒီကိစ္စက တကယ်ကို မယုံနိုင်စရာပဲ"

     “ဟုတ်တယ်....ဒီလိုကာလမှာ ဒီစပါးအုံးမျိုးစိတ်တိရစ္ဆာန်တွေနဲ့ သားရဲတွေက ခိုအောင်းနေသင့်တယ်...အထူးသဖြင့် နှင်းစပါးအုံးလို ထိပ်တန်းအဆင့်သားရဲကြီးပေါ့...စာအုပ်ထဲက မှတ်တမ်းတွေအရ စပါးအုံးအမျိုးအစားသားရဲတွေထဲမှာ နှင်းစပါးအုံးက အဆင့်အမြင့်ဆုံးပဲ"
     နောက်ထပ်လူတစ်ယောက်သည် သူ၏ သံသယကို ထုတ်ဖော်ပြောလိုက်သည်။

      “မင်းပြောတာမမှားဘူး....ဒါပေမဲ့ ရေမြူမြို့ ဟူကလန်က ကံကောင်းပြီး အသက်ရှင်သွားတဲ့ မူလအူတိုင်အဆင့်သိုင်းပညာရှင်ရဲ့ ပြောစကားအရ နှင်းစပါးအုံးက လုံးဝရူးသွပ်နေတဲ့ပုံရပြီး ‌ဒေါသပေါက်ကွဲနေသလို သူမြင်သမျှ လူတိုင်းကို သတ်ဖြတ်နေတယ်တဲ့..."
      လွီယင်သည် ပေါ့ပါးစွာ ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

      ပတ်ဝန်းကျင်မှ လူအုပ်ကြီး စိတ်ဓာတ်တက်ကြွသွားကြသည်။ လူအချို့ဆိုလျှင် သိချင်စိတ်ဖြင့်ပင် မေးလိုက်ကြသည်။
      “နှင်းစပါးအုံး ဒီလိုဖြစ်တာက ဘာကြောင့်လို့ မင်းထင်လဲ"

      “ငါ့ရဲ့ အထင်အရဆိုရင်တော့ သူ့ရဲ့ မိန်းမက လူသားတွေလက်ချက်နဲ့ အသတ်ခံလိုက်ရတာ ဒါမှမဟုတ် သူ့ရဲ့ သားသမီးတွေ အသတ်ခံလိုက်ရတာဖြစ်လိမ့်မယ်"
     လီယွင်ပြောလိုက်၏။

     စကားပြောသူသည် ရည်ရွယ်ချက်ရှိရှိပြောလိုက်ခြင်းမဟုတ်သော်လည်း နားထောင်သူများမှာ နားလည်သွားကြသည်။

    သွမ့်လင်းထျန်နှင့် ခူအယ်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် လူအုပ်ထဲမှ ထွက်ခွာသွားကြသည်။

Continue Reading

You'll Also Like

79.2K 4.7K 107
သရဲဆရာဝန္ (part _2)
101K 10K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
398K 50.4K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
43.4K 7.2K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...