၃၄၆ - ၃၅၀

188 15 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၄၆)ကျားသစ်ရိုင်း

    “ဝေါင်း"
    သုံးပေရှည်လျားသော ဓားသည် ကြံ့ဆင်၏ ခေါင်းအား အနည်းငယ်သာ ထိုးစိုက်သွားသော်လည်း ကြံ့ဆင် နာကျင်မှုကို ‌ခံစားလိုက်ရသည်။
    သူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးကို လွှဲယမ်း၍ သွမ့်လင်းထျန်ကို ခါထုတ်လိုက်သည်။

     သွမ့်လင်းထျန်သည် တိုင်တောင်တန်းကြီးပမာ တည်ငြိမ်စွာရှိနေပြီး သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုထွက်ပေါ်လာသည်။

    ရုတ်တရက် သွမ့်လင်းထျန်၏ အကြည့်များ အေးစက်သွားသည်။

    ငလျင်စွမ်းအင်…

    သုံးပေရှည်လျားသော ဓားပေါ်၌ ယှက်သန်းနေသော မူလစွမ်းအင်များသည် ပြင်းထန်စွာ တုန်ခါလာပြီး ကြိမ်နှုန်းတဖြည်းဖြည်း ပိုမြန်လာသည်။

     ‌ဝေါ…ဝေါ…ဝေါ…ဝေါ…ဝေါ…

     ………

    သုံးပေရှည်လျားသော ဓားပေါ်၌ တုန်ခါနေသော မူလစွမ်းအင်များသည် ကြံ့ဆင်၏ ထူထဲသော အရေပြားနှင့် ဦးခေါင်းအား လျင်မြန်စွာ ထိုးခွင်းသွားသည်။ ဓား၏ ချွန်ထက်သော ဓားဦးသည် ကြံ့ဆင်၏ ဦးခေါင်းကို ထိုးစိုက်သွားသည်။

    လတ်ဆတ်သော သွေးများသည် မုန်တိုင်းတစ်ခုပမာ ပန်းထွက်လာပြီး ငလျင်စွမ်းအင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

       ဝေါင်း…

    ကြံ့ဆင်သည် ၎င်း၏ နောက်ဆုံးအကြိမ်အဖြစ် အော်လိုက်ပြီးနောက် သူ၏ အလွန်ကြီးမားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်ပစ်လဲသွားကာ ဖုန်များထသွားသည်။

    ဘန်း…

    ကြံ့ဆင်၏ အလွန်ကြီးမားသော ခန္ဓာကိုယ် ပစ်ကျသွားသောအခါ မြေပြင်တုန်ခါသွားသည်။

      ၎င်းသည် အဝေးမှ တိုက်ခိုက်နေသော လူသုံးယောက်အား အဖြစ်အပျက်ကို သတိထားမိသွားစေပြီး သူတို့၏ လုပ်ရပ်များ ရပ်တန့်သွားသည်။
  
    “ဒါ…"
    ရှစ်လန်နှင့် ဟူလီတို့ မြေပြင်ပေါ် လဲကျနေသည့် ကြံ့ဆင်ကို ဟာလာဟင်းလင်း မျက်နှာထားဖြင့် ကြည့်နေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now