၁၇၁ - ၁၇၅

199 19 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၇၁)ရေစက်    

    အမျိုးသမီး၀န်ထမ်း၏ စကားမှတစ်ဆင့် သွမ့်လင်းထျန်သည် အပြင်မြို့နှင့် အတွင်းမြို့၏ ခြားနားချက်ကို တွေ့ရှိသွားသည်။
    အပြင်မြို့နှင့် နှိုင်းယှဉ်ပါက အတွင်းမြို့၏ မြေ ဈေးနှုန်းသည် အလွန်ကြီးလှသည်။

    “သခင်လေး ခူအယ်တို့ အတွင်းမြို့ထဲသွားမှာလား"
   ခူအယ် သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။

    သွမ့်လင်းထျန် ပြုံး၍ ပြောလိုက်သည်။
     “အလျင်လိုစရာမလိုပါဘူး…မိုးချုပ်ဖို့ အချိန်လိုသေးတယ်…စားပြီး တည်းခိုခန်းကို အရင်ပြန်တာပေါ့"

    ခူအယ် နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
   
    စားသောက်ဆိုင်မှ ထွက်ခွာလာချိန်၌ ညနေစောင်းတွင် သူတို့သည် အတွင်းမြို့ထဲ ၀င်ကာ နေရန် တည်းခိုခန်းတစ်ခုရှာပြီးနောက် သူတို့ မိသားစုနေရန်အတွက် အိမ်တစ်လုံး၀ယ်မည်ဟု သွမ့်လင်းထျန် ဆုံးဖြတ်ချက်ချခဲ့သည်။
    အဆုံး၌ သူသည် သူရဲကောင်းကျောင်းတော်တွင် နှစ်အနည်းငယ်ကုန်ဆုံးရလိမ့်မည်ဖြစ်သည်။
   
   တည်းခိုခန်းသို့ အပြန်လမ်းတွင် သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ၌ တွေးတောလိုက်သည်။
   “ကြည့်ရတာ ငွေရဖို့အတွက် ငါကြိုးစားပြီး ငွေရှာရမဲ့ ပုံပဲ"

    လက်ရှိ၌ သူ့ထံတွင် ငွေဒင်္ဂါးတစ်ဆယ်သန်းရှိသော်လည်း ဤငွေပမာဏသည် အတွင်းမြို့ထဲတွင် ခြံ၀င်းတစ်ခု၀ယ်နိုင်ရုံသာ ဖြစ်ကြောင်းကို သူသိပေသည်။

..............

    ပျံလွှားတောင်ကောင်တီ…ကောင်တီမြို့ ယွီကလန်အိမ်ရာထဲတွင်…

     ခရီးသွား၀တ်စုံ၀တ်ဆင်ထားသည့် ယွီကလန်တပည့်တစ်ယောက်သည် ယွီကလန်ခေါင်းဆောင်ယွီတန်ကို အစီအရင်ခံလိုက်သည်။
    “ခေါင်းဆောင်…မဟာအကြီးအကဲ…ဒုတိယအကြီးအကဲနဲ့ သခင်လေး ယွီရှန်တို့က ဘေးအန္တရာယ်နဲ့ တွေ့သွားတာ ဖြစ်နိုင်ပါတယ်"

    “ဖြစ်နိုင်တယ်"
   ယွီတန်၏ မျက်နှာ နက်မှောင်သွားသည်။ သူသည် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
    “ဒါက မင်းစုံစမ်းမှုရဲ့ ရလဒ်လား"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now