၉၀၁ - ၉၀၅

194 15 0
                                    


အပိုင်း(၉၀၁)သက်တန့်ပျံတောင်

    သွမ့်လင်းထျန်သည် သူ၏ မျက်လုံးများပြူးကျယ်သည်အထိ တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲမှ မူလစွမ်းအင်များကိုလည်း လျင်မြန်စွာ တိုးလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း အကန့်အသတ်သို့ရောက်ရှိသွားသည်။

      သို့ရာတွင် ကျောက်စိမ်းသေတ္တာသည် မလှုပ်မရှားဖြင့် ရှိနေပြီး ဖွင့်ဖလုံး၀မဖြစ်နိုင်ပေ။
    သွမ့်လင်းထျန်၏ လက်ထဲက မူလစွမ်းအင်များထဲတွင် မိုးပြာရောင်စွမ်းအင်၊ ခရမ်းရောင်စွမ်းအင်နှင့် အဝါရောင်မြေစွမ်းအင်တို့ ရစ်သိုင်းလာပြီး ကျောက်စိမ်းသေတ္တာကို ဖွင့်ဖို့ကြိုးစားလိုက်သော်လည်း ၎င်းသည် နည်းနည်းမျှ မလှုပ်သေးပေ။

       “ဒါ…"
    သွမ့်လင်းထျန်၏ လက်ထဲက မူလစွမ်အင်များနှင့် အနှစ်သာရပျောက်ကွယ်သွားပြီး အလွန်အံ့ဩတုန်လှုပ်သော မျက်နှာအမူအရာဖြင့် ဖြစ်သွားသည်။
     သူသည် ထိုကဲ့သို့ ထူးဆန်းသော ကျောက်စိမ်းသေတ္တာကို မည်သည့်အချိန်က မြင်ဖူးပါသနည်း…

      “ ဒါကြောင့်မလို့ အဖေက အဲလိုစကားမျိုးပြောခဲ့တာကိုး…ကြည့်ရတာ လောလောဆယ်ငါက ကျောက်စိမ်းသေတ္တာကို မဖွင့်နိုင်ဘူးဆိုတာ သူ သေချာသိတဲ့ပုံပဲ"
    ထိုအချိန်၌  သွမ့်လင်းထျန် အမှန်တရားကို လုံး၀နားလည်သွားသည်။ အစောပိုင်းက သူ့အဖေ၏ ထိုကဲ့သို့စကားကိုကြားချိန်တွင် သေးငယ်သော ကျောက်စိမ်းသေတ္တာလေးကိုဖွင့်ခြင်းမှာ ထမင်းစားရေသောက်သလိုလွယ်ကူသည်ဟု သူ ထင်ခဲ့သည်။

    သို့သော်လည်း ယခု၌ သူ အစွမ်းကုန်သုံးပြီး တစ်၀က်တော်၀င်အဆင့်ဝိညာဉ်လက်နက်ကိုအသုံးချလျှင်ပင် သူသည် ထိုကျောက်စိမ်းသေတ္တာကို ဖွင့်နိုင်မည့်ပုံမရပေ။
        “ငါ တစ်၀က်တော်၀င်အဆင့်ဝိညာဉ်လက်နက်ဓားနဲ့ စမ်းကြည့်ရမယ်"
     သွမ့်လင်းထျန်သည် အသက်ရှူရပ်လိုက်ပြီး သူ၏ လက်ကိုမြှောက်လိုက်သည်။

       “ထျန်လေး…ဘာဖြစ်လို့လဲ"
     ထိူအချိန်၌ နိလုံနှင့် နိယွမ်တို့သည်  သွမ့်လင်းထျန်ကို တစ်ပြိုင်တည်း ကြည့်လိုက်သည်။
     အစောပိုင်းက သူတို့သည် သွမ့်လင်းထျန်၏ အထက်တွင် သိပ်သည်း‌လာသော ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို သတိထားမိသော်လည်း ရှေးဦးချိုနဂါးအရိပ်များအဖြစ် မသိပ်သည်းလာခဲ့ပေ။
      သွမ့်လင်းထျန်သည် အစောက စွမ်းအား စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း သူတို့ သိသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Όπου ζουν οι ιστορίες. Ανακάλυψε τώρα