၇၃၆ - ၇၄၀

166 14 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၃၆)ဆဌမပုံစံ၊ မြေနဂါးပုံစံ

         “ဒါ့အပြင် ငါဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ငါနဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်ရဲ့ မြေနဂါးပုံစံကို စကျင့်လို့ရပြီ"
      သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ စိတ်သည် နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၏ ဆဌမပုံစံဖြင့် ဆက်စပ်သော မြေနဂါးပုံစံထဲ နစ်မြုပ်သွားသည်။
       မြေနဂါးပုံစံသည် နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၌ ဆဌမပုံစံဖြစ်ရုံသာမက ၎င်းတွင် မြေအဆင့်မြင့်အကာအကွယ်သိုင်းပညာ မြေနဂါးအတားအဆီးပင် ပါ၀င်သည်။

     “နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၏ စတုတ္ထပုံစံ လေနဂါးပုံစံက ငါ့ကို လေအင်အားစုကို နားလည်အောင်ကူညိီခဲ့တယ်…ပဉ္စမပုံစံ မိုးကြိုးနဂါးပုံစံက ငါ့ကို မိုးကြိုးအင်အားစုကိုနားလည်အောင်ကူညီခဲ့တယ်…ဆဌမပုံစံ မြေနဂါးပုံစံက ငါ့ကို မြေအင်အားစုကို နားလည်အောင် ကူညီလိမ့်မယ်"
       “ဒါ့အပြင် မြေနဂါးပုံစံမှာ မြေအဆင့်မြင့် မြေနဂါးအတားအဆီးလည်းပါတယ်…မြေနဂါးအတားအဆီးက မြေနဂါးအကာအကွယ်ပြီးတဲ့နောက်မှာ ငါ လေ့ကျင့်မဲ့ ပထမဆုံးအကာအကွယ်သိုင်းပညာပဲ…ပြီးတော့ ဒါကို မြေအင်အားစု၊ မြေအနှစ်သာရနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ထူးခြားတဲ့အကာအကွယ်စွမ်းရည်ရလိမ့်မယ်"
    သွမ့်လင်းထျန်၏ မျက်နှာပေါ်မှ အပြုံးမှာ ပိုပို၍ကြီးထွားလာသည်။
       သူ၏ သိုင်းအဆင့် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်သို့ရောက်ကတည်းက သူ၏ စွမ်းအားသည် ကြောက်မက်ဖွယ်ရာအပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်‌ကြောင်း သူ နားလည်ခဲ့သည်။

      “မြေအင်အားစု…"
    သွမ့်လင်းထျန်၏ ခန္ဓာကိုယ်  လှုပ်ရှားသွားကာ ကောင်းကင်ပေါ်သို့ နဂါးတစ်ကောင်ပမာ ခုန်တက်လိုက်ပြီး အရှေ့ပိုင်းပိုးစာပင် အင်ပါယာ၏  အပြင်ဘက်က အဆုံးမဲ့မြေပြင်ပေါ် ဆင်းသက်လိုက်သည်။

      ဘန်း…

     သွမ့်လင်းထျန် မြေပြင်ပေါ်ဆင်းသက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မြေကြီးနှင့်အတူလဲလျောင်းလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် ပေါ်မှ မူလစွမ်းအင်များ ရုန်းကြွလာပြီးနောက် မြေအင်အားစုနှင့် ပေါင်းစည်းသွားသည်။
     ၎င်းမှာ မြေနဂါးပုံစံထဲတွင် မှတ်တမ်းတင်ထားသော မြေအင်အားစုကို နားလည်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ၎င်းသည် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ ထိုနှစ်များထဲတွင် ရှာတွေ့ခဲ့သော နည်းလမ်းလည်းဖြစ်သည်။
       ၎င်းကြောင့် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာသည် အဆုံးမဲ့မြေပြင်ပေါ်တွင် သုံးရက်နှင့် သုံးညလဲလျောင်းပြီး မြေအင်အားစုကိုနားလည်ခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now