အပိုင်း ၄၆ - ၅၀

319 28 5
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၄၆)ပြဿနာ

     ပင်မကလန်သို့ ရောက်ပြီးမှသာ လေပြေနုမြို့၏ လီမိသားစုခွဲသည် မည်မျှသေးငယ်ကြောင်းကို သွမ့်လင်းထျန် နားလည်သွားခဲ့သည်။
     မိသားစုခွဲတွင် လီမိသားစုနာမည်ရှိတပည့်များနှင့် မိသားစုကွဲနာမည်နှင့် တပည့်များ အားလုံး‌ပေါင်းမှသာ လူနှစ်ရာဝန်းကျင်ခန့်ရှိပေသည်။
     သူတို့ ထိန်းချုပ်ထားသည့် အရင်းအမြစ်များမှာ လေပြေနုဈေးကွက်၏ သုံးပုံတစ်ပုံသာဖြစ်သည်။ မြို့၏ အပြင်ဘက်တွင် ရှိသော သေးငယ်သည့် သတ္တုတွင်းနှစ်ခုကိုတောင် အခြားမိသားစုနှစ်ခုနှင့် ခွဲဝေရသည်။
      သို့သော်လည်း ပင်မကလန်သည် အဖွဲ့ဝင်ထောင်ချီပါဝင်သော ကြီးမားသည့် မျိုးနွယ်စုကြီးဖြစ်သည်။ ထို့ပြင် ကလန်သည် အရုဏ်ဦးမြို့၏ အချက်အချာကျသော နေရာတွင်ရှိသော ဆိုင်ခန်းအများအပြား၊ မြေကွက်များနှင့် အမျိုးမျိုးသော သတ္တုကြောများကို ထိန်းချုပ်ထားသည်။
     နှစ်ခု၏ ခြားနားမှုသည် ကောင်းကင်နှင့် မြေကြီးပမာပင်ဖြစ်သည်။
      သူနှင့် ခူအယ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ရှစ်ဟူသော သိုင်းအဆင့်သည် လေပြေနုမြို့တွင် အားလုံး၏ အထက်၌ ရောက်ရှိနေမည်ဖြစ်သည်။
     သို့သော်လည်း ပင်မကလန်တွင် သူတို့၏ အောင်မြင်မှုများသည် သိပ်ထူးခြားလိမ့်မည်မဟုတ်ပေ။
     ပင်မကလန်တွင် အသက်တစ်ဆယ့်ခြောက်နှစ်ဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ရှစ်သို့ တက်လှမ်းနိုင်သည့်သူမှာ သိပ်များပြားခြင်းမရှိသော်လည်း ထိုသို့စွမ်းဆောင်နိုင်သည့် လူများ ရှိနေဆဲပင်ဖြစ်သည်။ အချို့ဆိုလျှင် အသက်တစ်ဆယ့်ခုနှစ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးသို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။

     “ပင်မကလန်လို့ပြောရအောင် သူတို့က အရမ်းကြွယ်ဝတာပဲ"
    သွမ့်လင်းထျန် သက်ပြင်းချလိုက်၏။

    ပင်မကလန်မှ တပည့်များသည် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများနှင့် မိုးကြိုးမီးလျှံဆေးလုံးများကဲ့သို့သော ဆေးလုံးများ ကင်းမဲ့ခြင်းမရှိပေ။ လီမိသားစုခွဲတွင် လူအနည်းစုကသာ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများကို တတ်နိုင်ကြပေသည်။
    သို့သော်လည်း ပင်မကလန်တွင် မိဘတိုင်းသည် သူတို့၏ ကလေးများအား ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများနှင့် မိုးကြိုးမီးလျှံဆေးလုံးများကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်စွမ်း ရှိပေသည်။
      အရုဏ်ဦးမြို့တွင် ရှိသော လီမိသားစု ပင်မကလန်သည် လေပြေနုမြို့၏ ထက်ဝက်ခန့်ကျယ်ပြောသော မြေနေရာကို ပိုင်ဆိုင်ထားသည်။
     အရုဏ်ဦးမြို့မှ လီကလန်သည် တပည့်များကို အတွင်းစည်းတပည့်များနှင့် အပြင်စည်းတပည့်များဟူ၍ ခွဲခြားထားသည်။
    အုပ်စုတိုင်းကို မတူညီစွာ ဆက်ဆံပေသည်။
    လီမိသားစု ပင်မကလန်သို့ ရောက်ရှိလာကြသော သွမ့်လင်းထျန်နှင့် ခူအယ်ကဲ့သို့ လူများသည် အပြင်စည်းတပည့်များဖြစ်ကာ တစ်လလျှင်ငွေဒင်္ဂါးသုံးဆယ်ရရှိလိမ့်မည်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now