၂၁၁ - ၂၁၅

199 20 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၁၁)စုထုံ

     သို့သော်လည်း သူသည် ၎င်းကို မပြောဘဲ ပေါ့ပါးစွာ ပြုံးလိုက်သည်။
     “မနေ့ကရတဲ့ အကြီးမားဆုံးအကျိုးအမြတ်ကတော့ အင်ပါယာမြို့ရဲ့ နံပါတ်တစ်အလှပိုင်ရှင်နဲ့ တွေ့ရတာဖြစ်နိုင်တယ်"

     အင်ပါယာမြို့ရဲ့ နံပါတ်တစ်အလှပိုင်ရှင်…

    “မင်းသမီးပိယောင်နဲ့ တွေ့ခဲ့တာလား"

   သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။

    “ငါကြိုသိရင် ငါမင်းနောက် လိုက်ပြီး ပျော်ပါတယ်ကွာ"
     ရှောင်ယွီ နောင်တရသည့် မျက်နှာထားဖြင့် ဖြစ်နေသည်။
   
     “မင်းက တကယ်လိုက်ပြီး ပျော်ချင်တာလား…ကြည့်ရတာ ငါဒီတစ်ခေါက် ချင်လေးနဲ့ တွေ့ရင် သူ့ကို ဒီအကြောင်းပြောရမဲ့ပုံပဲ"
    သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်၌ ဆိုးယုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူပြောခဲ့သည့် ချင်လေးမှာ လျိုချန်း၏ ညီမ လျိုချင်ဖြစ်သည်။

   ရှောင်ယွီ သွမ့်လင်းထျန်ကို မျက်လုံးပင့်ကြည့်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
     “ဘယ်လိုလဲ…မင်းသမီးပိယောင်က လှလား"
    သွမ့်လင်းထျန် ခေါင်းညိတ်လိုက်၏။
    “သူ(မ)က ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်…အသွင်အပြင်အရဆို သူ(မ)က  မင်းရဲ့ ညီမထက် မနိမ့်ကျဘူး"

    ရှောင်ယွီ အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ ညီမရှောင်လန်သည် အလွန်ထူးကဲသော အလှပိုင်ရှင်ဖြစ်သည်ကို သူသ်ိပေသည်။

    “ဘာ....ရှောင်ယွီ....မင်းညီမက တကယ် မင်းသမီးပိယောင်နဲ့ ယှဉ်နိုင်အောင် လှတယ်ပေါ့"
    ရှောင်ရွှမ်၏ မျက်လုံးများသည် ဆာလောင်သော ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

      “ရှောင်ရွှမ် ငါ့ညီမကို စိတ်မကူးနဲ့…သူ(မ)ရဲ့ နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိပြီးနေပြီ"
    ရှောင်ယွီ ခေါင်းခါယမ်းကာ ပြောလိုက်သည်။

     “ပြဿနာမရှိဘူး…သူ(မ)နှလုံးသားထဲမှာ ရှိတဲ့ လူထက် ငါက ဆယ်ဆ အဆတစ်ရာပိုပြီးသန်မာတယ်ဆိုတာ သက်သေပြနိုင်တယ်"
     ရှောင်ရွှမ်၏ အမြင်အရ ရှောင်ယွီညီမ၏ နှလုံးသားထဲမှ လူသည် အရုဏ်ဦးမြို့မှ တစ်စုံတစ်ယောက်ဖြစ်သည်။
     ပင်ကိုပါရမီအရဖြစ်စေ စွမ်းအားအရဖြစ်စေ နောက်ခံအရဖြစ်စေ အခြားသူများသည် သူနှင့် လုံး၀ယှဉ်နိုင်ခြင်းမရှိပေ။
    အင်ပါယာမြို့ ရှောင်ကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေဖြင့် ရှောင်ရွှမ်သည် ဤနေရာ၌ လုံး၀ယုံကြည်ချက်ရှိပေသည်။
 
     “အဲဒီလူထက် မင်းက ဆယ်ဆ အဆတစ်ရာပိုသန်မာတယ်ဆိုတာ သေချာလား"
    ရှောင်ယွီ၏ အကြည့်များ အနည်းငယ် ထူးဆန်းသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now