၅၈၁ - ၅၈၅

181 14 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၈၁)ကံဆိုးသောတစ္ဆေ
  
     ရွှေကြွက်လေး အလျင်အမြန်ခေါင်းညိတ်လိုက်ပြီးနောက်  ခန်းမ၏ အခြားဘက်သို့ ခုန်ထွက်သွားကာ ကျောက်ပြားအကျိုးတစ်ခုကို ညွှန်ပြ၍ အသံပို့လွှတ်လိုက်သည်။
       “အစ်ကိုလင်းထျန်…အော်ရာက ဒီထဲကပဲ…ဒါပေမဲ့ ကျွန်မတို့ရောက်လာပြီးတဲ့နောက် မကြာခင်မှာပဲ အော်ရာက ပျောက်သွားတယ်"

      “အရမ်းထူးဆန်းပါလား"
    ရွှေကြွက်လေး၏ အသံပို့လွှတ်ချက်ကို ကြားချိန်၌ သွမ့်လင်းထျန် အံ့အားသင့်သွားသည်။ ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ ကျောက်ပြားကျိုးရှေ့ ရောက်သွားသည်။

       “ဒီကျောက်ပြားက…"
    သွမ့်လင်းထျန် ထိုင်လိုက်ပြီး ကျောက်ပြားကို မရန် ပြင်လိုက်စဉ်၌ ထိုကျောက်ပြားလေးသည် ခန်းမတစ်ခုလုံးနှင့် ချိတ်ဆက်ထားပုံရကြောင်း သတိထားမိလိုက်သည်။
      သို့သော်လည်း ကျောက်ပြားသည် ခန်းမနှင့် သီးခြားဖြစ်သည်ဟု  သွမ့်လင်းထျန်၏ စိတ်စွမ်းအားက ပြောကြားနေသည်။

      သွမ့်လင်းထျန် အသက်ပြင်းပြင်းရှူပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြွက်သားများ ဖုဖောင်းလာကာ ကျောက်ပြားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ နောက်ပိုင်း၌ သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများအားလုံး ပေါက်ကွဲထွက်လာသည်။
     သို့သော်လည်း ရှေးဟောင်းအမွေးရှည်ဆင်တစ်ထောင်တစ်ဆယ့်တစ်ကောင်၏ ခွန်အားနှင့်ပင် ကျောက်ပြားသည် နည်းနည်းမျှ မလှုပ်ပေ။

     “ဒီကျောက်ပြားက အရမ်းလေးလှချေလား"
    သွမ့်လင်းထျန် အံ့အားသင့်သွားပြီးနောက် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များထဲ ရှာဖွေလိုက်သည်။ သို့သော်လည်း ကျောက်ပြားဖြင့် ပြုလုပ်ထားသည့် သတ္တု၏ မည်သည့်အချက်အလက်ကိုမျှ သူ ရှာမတွေ့ချေ။
    တစ်နည်းဆိုရပါက ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ အသက်ရှိလျှင်ပင် ထိုကျောက်ပြားကို ပြုလုပ်ထားသည့် ပစ္စည်းကို သိလိမ့်မည်မဟုတ်ပေ။
     ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များအရ တိမ်ကုန်းမြေတိုက်ကြီးထဲမှ အလေးဆုံးကျောက်တုံးသည် သူ့ရှေ့မှ ဤကျောက်ပြားကျိုးထက် အများကြီးပိုပေါ့သည်။
       ထိုကျောက်ပြားသည် သေးသေးလေးသာဖြစ်သော်လည်း သွမ့်လင်းထျန် နည်းနည်းမျှ လှုပ်အောင် မလုပ်နိုင်သည်အထိ လေးလွန်းနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now