၇၂၁ - ၇၂၅

183 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၂၁)မိုရွှမ်

      ကင်းရုံသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ကို ရောက်နေသော ကျောက်တုံးနက်အင်ပါယာ၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်။
     ယခု၌ ဆယ်နှစ်ကျော်ကြာသွားပြီဖြစ်သောကြောင့်  ကင်းရုံ ဟင်းလင်းပြင်ရှင်းလင်းခြင်းအဆင့်ကို မရောက်သေးဟုပြောပါက မည်သူမျှ ယုံကြလိမ့်မည်မဟုတ်ပေ။

    “ကြည့်ရတာ သူဒီတစ်ခေါက် ခရီးရှည်ထွက်ပြီးတဲ့နောက်မှာ သွမ့်လင်းထျန် ကံကောင်းမှုကြီးတစ်ခုကြီးနဲ့ ကြုံခဲ့တဲ့ပုံပဲ"
      လောကျန့် သူ့ဘေးတွင် ရှိသော ချန်ရှောက်ရွှိုက်ကိုကြည့်ကာ ပြောလိုက်သည်။

      “ဖြစ်နိုင်တယ်… ငါတို့ ဒီလိုဆက်နေလို့မရတော့ဘူး…ငါတို့လည်း အပြင်လောကကို ထွက်သင့်တယ်"
    ချန်ရှောက်ရွှိုက်၏ မျက်လုံးများ တောက်ပသွားပြီး ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။

    ထိုစဉ်အတောအတွင်း သွမ့်လင်းထျန်၏ စိတ်စွမ်းအား ရုပ်သိမ်းလိုက်မှုနှင့်အတူ ဝိညာဉ်အတတ်ပညာပုံရိပ်ယောင်တစ်ထောင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်နယ်မြေ လုံး၀ပျောက်ကွယ်သွားသည်။

       ထိုအချိန်၌ စင်ပေါ်က သွမ့်လင်းထျန်၏ အတွန်းခံလိုက်‌ရသော ကျုံးနန် သတိပြန်၀င်လာသည်။
     ပတ်၀န်းကျင်မှ သူ့အပေါ် ကျရောက်နေသည့် ထူးဆန်းသော အကြည့်များကို ခံစားရချိန်၌ သူ လုံး၀ရှုံးနိမ့်သွားပြီဖြစ်ကြောင်းကို သိလိုက်သည်။
    ယခင်ကမြင်ကွင်းကို ပြန်အမှတ်ရချိန်၌ ထိုအရာအားလုံးမှာ ပုံရိပ်ယောင်ဖြစ်ကြောင်း ကျုံးနန် နားလည်သွားသည်။

     “ကျေးဇူးတင်ပါတယ်"
    ကျုံးနန် သွမ့်လင်းထျန်ကို ခေါင်းညိတ်ကာ အသာပြုံးပြလိုက်ပြီးနောက် တခြားတိုက်ခိုက်ရေးစင်ပေါ်တက်လိုက်သည်။

      ထိုတိုက်ခိုက်ရေးစင်ပေါ်မှာ လောလောလတ်လတ်တွင်မှ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်ခုနှစ် စင်သခင်တစ်ယောက် သိမ်းပိုက်ထားခြင်းဖြစ်သည်။
       ယခုကျုံးနန် တိုက်ခိုက်ရေးစင်ပေါ် တက်လာသည်ကိုမြင်သောအခါ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်ခုနှစ်စင်သခင်သည် ချက်ချင်းပင် အရှုံးပေးလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now