၂၅၆ - ၂၆၀

191 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၅၆)တုန်လှုပ်မှု

      “ပြော.... ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ"
      သွမ့်လင်းထျန် နောက်တဖန် မေးလိုက်သည်။

      “သခင်လေး…ဒီနိမ့်ကျတဲ့ ငမိုက်သားပြောရင် ဒီနိမ့်ကျတဲ့ ငမိုက်သားကို ချမ်းသာပေးနိုင်မလား"
    သက်လတ်ပိုင်းလူ၏ မျက်လုံးများထဲ၌ အသက်ရှင်သန်ချင်သည့်မျှော်လင့်ချက် အရိပ်အမြွက်တချို့ ဖြတ်ပြေးသွားသည်။
    
      “ဒီကိစ္စကို ကျုပ်နဲ့ ဆွေးနွေးဖို့ ခင်ဗျားမှာ အရည်အချင်းမရှ်ိဘူး"
    သွမ့်လင်းထျန်၏ အသံ ပို၍ပင် အေးစက်လာသည်။
     “ခင်ဗျားက ကျန်းချန်နဲ့ ကျောက်ကန်ကို သိပြီး အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံမှုရှိတော့ နီလာကောင်းကင်နိုင်ငံရဲ့ စစ်တပ်ထဲမှာ ခင်ဗျားရဲ့ အဆင့်အတန်းက နိမ့်ကျမှာမဟုတ်ဘူး…ကျုပ်ဦးလေးနိရဲ့ စွမ်းရည်နဲ့ဆိုရင် ခင်ဗျားရဲ့ နောက်ကြောင်းကို မစုံစမ်းနိုင်ဘူးလို့ ထင်နေတာလား"

    သက်လတ်ပိုင်းစစ်သည်၏ မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
   အကယ်၍ နတ်အရှင်မှူးမတ် သူ့အား စုံစမ်းပါက ၎င်းသည် သေချာပေါက် လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။

     “သခင်လေး…ကျုပ်က အင်ပါယာမြို့ မြို့စောင့်တပ်က တပ်စုမှူးပါ"
    သက်လတ်ပိုင်းလူသည် သူ၏ ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။ သူသည် သူ၏ ရှေ့မှ ဤသခင်လေးကို ဘာမှဆက်ပြောစရာမလိုတော့ဟု ယုံကြည်မှုရှိပေသည်။

    “မြို့စောင့်တပ်"
   သွမ့်လင်းထျန်၏ မျက်လုံးများ  စူးရှသွားသည်။
    “ဒါက တကယ် ရွှယ်လူပဲ"
    
     “ဒီရွှယ်လူက သူ့မြို့စောင့်တပ်ထဲက လူတစ်ယောက်ကို နီလာနဂါးတပ်ထဲကို တကယ်ခိုး၀င်ခိုင်းရဲတယ်…ဒါက တပ်ထဲမှာ မလုပ်သင့်တဲ့အရာတစ်ခုဆိုတာ သူ မသိဘူးလား"
    ကျန်းချန်၏ မျက်နှာ တင်းမာသွားပြီး သူ၏ မျက်လုံးများထဲ၌ ‌ဒေါသအရိပ်အငွေ့များ ထွက်ပေါ်လာသည်။

     ကျောက်ကန်၏ မျက်နှာသည်လည်း အလွန်မကြည်မသာဖြစ်နေသည်။

    “တပ်ဗိုလ်တို့ ကျုပ်ကို ချမ်းသာပေးပါ"
    သေလောက်အောင် ဖြူဖျော့သော မျက်နှာနှင့် သက်လတ်ပိုင်း စစ်သည်သည် ယခုအချိန်၌ အသက်ရှင်ချင်သည့်ဆန္ဒမှလွဲ၍ အခြားဆန္ဒမရှိပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now