၆၆၁ - ၆၆၅

165 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၆၁)လျှို့ဝှက်ဆန်းကြယ်သောသွေး

   သွမ့်လင်းထျန် မြေ၀က်ဝံကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ လက်ရှိ၌ လှောင်အိမ်တိုက်ပွဲ၏ ကြီးကြပ်သူအဘိုးအိုသည် အနည်းငယ်ကလန်ကဆန်လုပ်နေသော မြေ၀က်ဝံကို ထိန်းချုပ်နေစဉ်တွင် အနည်းငယ်ကူကယ်ရာမဲ့ဖြစ်နေပုံရသည်။
        သူသည် မြေ၀က်ဝံကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ရဲခြင်းမရှိပေ။
      အဆုံး၌ မြေ၀က်ဝံသည် လှောင်အိမ်တိုက်ပွဲအတွက် အဖိုးတန်နေဆဲဖြစ်သည်။ အကယ်၍ မြေ၀က်ဝံ သူ့‌ကြောင့် ဒဏ်ရာရသွားပါက မြေ၀က်ဝံနှင့် တိုက်ခိုက်မည့်သူသည် အခွင့်အရေး ကြီးကြီးမားမားရသွားလိမ့်မည်ဖြစ်သည်။

      “ဧည့်သည်တို့ ဒါက ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးနတ်ဆိုးသားရဲမြေ၀က်ဝံပါ…တကယ်လို့  ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးဧည့်သည်တစ်ယောက်က စိတ်ဝင်စားတယ်ဆို လှောင်အိမ်ထဲ၀င်လာပြီး မြေ၀က်ဝံနဲ့ တိုက်လို့ရပါတယ်"
    အဘိုးအို၏ အသံ ရှင်းလင်းစွာထွက်ပေါ်လာသည်။

     “ဒီမြေ၀က်ဝံက ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးဖြစ်ရုံတင်မကဘူး ခြေလှမ်း၀က်တိုးမြှင့်မြေအင်အားစုကိုတောင် သဘောပေါက်ထားတယ်…ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေး သိုင်းပညာရှင်တစ်ယောက်အတွက် ပြင်ပ အကူအညီမယူဘဲ သူ့ကိုသတ်ဖို့ အရမ်းခက်ခဲတယ်"

     “ဟုတ်တယ်.…တကယ်လို့ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးသိုင်းပညာရှင်တစ်ယောက် မြေ၀က်ဝံနဲ့ ရင်‌ဆိုင်ရမယ်ဆိုရင် သူ့အတွက် အသက်ရှင်နိုင်ချေက သုညပဲ"

      “ဒီတစ်ခေါက် ဘယ်သူမှ လှောင်အိမ်ထဲမ၀င်ရဲကြလောက်ဘူး"

    လူများစွာ သက်၀င်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။

      “တကယ်လို့ တစ်ယောက်ယောက် လှောင်အိမ်ထဲမ၀င်ဘူးဆိုရင် လှောင်အိမ်တိုက်ပွဲက ဒီမြေ၀က်ဝံနဲ့ ရင်ဆိုင်ဖို့ ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးကျွန်တစ်ယောက် လွှတ်မှာလား"
     သွမ့်လင်းထျန် လောကျန့်နှင့် ချန်ရှောက်ရွှိုက်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now