981 - 985

266 15 0
                                    


အပိုင်း(၉၈၁)ဒုတိယအဆင့်အလယ်လေအနှစ်သာရ

        “ဒုခံတပ်မှူးဖုံ"
     မကြာခင်၌ နင်ကန်ထွက်လာပြီးနောက် တခြားဒုခံတပ်မှူးဖုံလည်း ထွက်လာကြောင်းကို မင်းဆက်အသီးသီးကကိုယ်စားလှယ်လောင်းများ မြင်တွေ့လိုက်ရသည်။

    သို့တည်းသာမက ဖုံဝေ၏ နောက်တွင် နောက်ထပ်လူတစ်ယောက်လည်းပါသည်။

       “ဒါသူပဲ"

       “သူကလည်း ဒက်ခံမင်းဆက်ရဲ့ပါရမီရှင်မလား"

      “ဘုရားရေ…ဒုတိယအဆင့်ရွေးချယ်မှုမှာ ပထမဆုံးထွက်လာတဲ့ လူနှစ်ယောက်က ဒက်ခံမင်းဆက်က လူတွေပေါ့"

      ………

     ချက်ချင်းပင် တခြားမင်းဆက်ကိုးခုက ကိုယ်စားလှယ်လောင်းများသည် လုံး၀အုတ်အုတ်ကျက်ကျက်ဖြစ်သွားပြီး ကျီရှန့်ဆီက တစ်စုံတစ်ခုကို သိချင်သလို ကျီရှန့်ကိုစိုက်ကြည့်လိုက်သည်။

      “ဟား…ဟား…ဟား…ဟား…တော်တယ်...တော်တယ်"
    ဒက်ခံမင်းဆက်၏ ဧကရာဇ်သည် နှစ်လိုအားရစွာ ရယ်မောလိုက်သည်။
     သွမ့်လင်းထျန်ပြီးသည့်နောက် ပုံရိပ်မြေတိုက်သင်္ချိုင်းဂူထဲက ဒုတိယထွက်လာသောသူသည် ကျီရှန့်ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
    ကျီရှန့်သည် သူ့ဒက်ခံမင်းဆက် အင်ပါယာမိသားစုနှက့် သွေးချင်းဆက်နွှယ်မှု မရှိသော်လည်း ကျီရှန့်သည် သူ့ဦးရီးတော် ပိုင်နန်ရှန်၏ တပည့်ဖြစ်သည်။
     အဓိကအချက်အနေဖြင့် ကျီရှန့်သည် မင်းဆက်ဆယ်ပါးထဲတွင် ဒက်ခံမင်းဆက်ကိုကိုယ်စားပြုသည်။

     ပိုင်နန်ရှန်၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ၏ ခန္ဓာကိုယ်ပင် တုန်လာသည်။
    သူ့တပည့်သည် ပုံရိပ်မြေတိုက်သင်္ချိုင်းဂူထဲက ဒုတိယမြောက်ထွက်လာသူ ဖြစ်လိမ့်မည်ဟု သူ လုံး၀မထင်ထားခဲ့ပေ။

     ကျီရှန့်သည် အပြင်ထွက်လာပြီးနောက် သူ့ပေါ်သို့ ကျရောက်နေသည့် အကြည့်များကိုသတိထားမိလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
    သို့သော်လည်း သူ၏ အကြည့်သည် အဝေးကောင်းကင်တွင် တင်ပျဉ်ခွေထိုင်နေသည့် ခရမ်းရောင်အဝတ်အစားနှင့် လူရွယ်က်ိုမြင်ချိန်၌ သူ၏ မျက်လုံးများမှေးကျုံ့ပြီး အေးစက်သောအလင်းများ ယှက်ပြေးသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Όπου ζουν οι ιστορίες. Ανακάλυψε τώρα