၈၂၁ - ၈၂၅

198 17 0
                                    


အပိုင်း(၈၂၁)ဒုတိယအချီ

     လုံယွင် သူ့ပြိုင်ဘက်ကို သတ်လိုက်ခြင်းနှင့်အတူ တစ်ချိန်တည်းမှာပင် ‌ကျန်ရှိသောပါရမီရှင်ဆယ်ရှစ်ယောက်သည် အသီးသီးလှုပ်ရှားလိုက်သည်။
   
    ဒက်ခံမင်းဆက် သိုင်းပြိုင်ပွဲပထမအဆင့်၏ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
   လုံယွင်ပြီးသည့်နောက် စုလီ ကွင်းထဲမ၀င်ခင်အထိ နောက်ထပ်ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခုနှစ်သိုင်းပညာရှင်သုံးယောက် ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခြောက်သိုင်းပညာရှင်များမှာမူ နှစ်ဆယ် သို့မဟုတ် ထို့ထက်ပိုသည်။

    မကြာခင်၌ စုလီ ကွင်းထဲ၀င်သွားသည်။
    စုလီသည် နံပါတ် ၂၃၇ ကတ်ပြားပိုင်ရှင်ဖြစ်သည်။

     ရွှစ်....

     ဓားအူသံတစ်သံ ထွက်ပေါ်လာသည်။

    စုလီသည် သူ၏ ပြိုင်ဘက်ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ငါးလူရွယ်၏ ခါးစည်းကြိုးကို ဖြတ်ပစ်လိုက်ရာ သူ၏ ပြိုင်ဘက်သည် ခပ်ရှက်ရှက်ဖြင့် အောက်ခံဘောင်းဘီကိုကိုင်ကာ အရှုံးပေး၍ ထွက်သွားသည်။

     “ဟား...ဟား...ဟား...ဟား...ဟား...."
    ပတ်၀န်းကျင်တစ်ခွင်တွင် ရယ်သံများထွက်လာသည်။

    မင်းဆက်သိုင်းပြိုင်ပွဲ၏ အစက ပြင်းထန်သောလေထုအခြေအနေသည် လုံး၀ဖျက်ဆီးခံလိုက်ရသည်။
    တစ်ချိန်တည်းမှာပင် စုလီနောက်တစ်ဆင့်ကို တက်သွားသည်။

    “အဲ့ဒီဓားသမားလူရွယ်က အရမ်းအစွမ်းထက်တာပဲ...သူက ဓားတစ်ချက်တည်းနဲ့ သူ့ပြိုင်ဘက်ရဲ့ ခါးစည်းကြိုးကို ဖြတ်ပစ်လိုက်တယ်....အစကနေအဆုံးထိ ရှေးဦးချိုနဂါးအရိပ်တွေ ပုံသဏ္ဌာန်မဖြစ်လာခင် ပြန်ပျောက်သွားတာပဲ"

     “ငါတို့ ရှေးဦးချိုနဂါးအရိပ်တွေကိုကြည့်ပြီး သူ့ရဲ့ သိုင်းအဆင့်ကို မဆုံးဖြတ်နိုင်ပေမဲ့ အနိမ့်ဆုံးဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခုနှစ် ဒါမှမဟုတ် အထက်အဆင့်ပဲ"

     “အမှန်ပဲ ...သူက ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခုနှစ်မဟုတ်ရင် သူ့ရဲ့ဓားက ဒီလောက်မြန်စရာအကြောင်းမရှိဘူး"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Hikayelerin yaşadığı yer. Şimdi keşfedin