၇၇၆ - ၇၈၀

168 21 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၇၆)မျိုးရိုးနာမည်သွမ့်

       “အကောင်ကြီး… ခင်ဗျား ကျုပ်တို့ကို အောက်ကိုလိုက်ပို့စရာမလိုဘူး"
    သွမ့်လင်းထျန်သည် မျက်လုံးသုံးလုံးမီးလျှံကျားကို ပြောလိုက်ပြီးနောက် ဟန်ရွှယ်နိုင်နှင့်အတူ လမ်းမဖြူမြို့သို့ ဖြည်လေးစွာ ပျံသန်းဆင်းလာသည်။
      ရွှေလေးနှင့် စပါးအုံးလေးနှစ်ကောင်မှာမူ ယခုအချိန်၌ တိတ်ဆိတ်စွာကျင့်ကြံနေသည်။
     စပါးအုံးလေးနှစ်ကောင်သည် ဟန်ရွှယ်နိုင်၏ ဖြူနုသော လက်ကောက်၀တ်တွင်ခွေထားပြီး လုံး၀မလှုပ်မရှားဖြင့် ရှိနေသည်။
     ဆန့်ကျင်ဘက်အနေဖြင့် ရွှေကြွက်လေးသည် သွမ့်လင်းထျန်၏ ပခုံးပေါ်တွင် လဲလျောင်းနေသည်။

       သွမ့်လင်းထျန်နှင့် ဟန်ရွှယ်နိုင်သည် လမ်းမဖြူမြို့ ရတနာစုဆောင်းခြင်းနန်းဆောင်၏ အပြင်ဘက်သို့ ဆင်းသက်လာရာ သူတို့သည် လူများစွာ၏ အာရုံကို ဖမ်းစားသွားသည်။

      “ဟန့်…မြို့ပြင်က ကလေးတွေ…မင်းတို့က အရမ်းရိုင်းတာပဲ…မင်းတို့ရဲ့ အဘိုး မင်းတို့ကို သင်ခန်းစာပေးရတာပေါ့"
     ရုတ်တရက် ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီးနောက် အလင်းကဲ့သို့လျင်မြန်သောပုံရိပ်တစ်ခု သွမ့်လင်းထျန်ဆီပြေး၀င်လာကာ သူ့ကိုတိုက်ခိုက်လိုက်သည်။
     ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များခွေရစ်လာပြီးနောက် နောက်ဆုံး၌ ရှေးဦးချိုနဂါးအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

      “ဟတ်"
    လူတိုင်း၏ အကြည့်များအောက်တွင်  သွမ့်လင်းထျန်၏ နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေ့သွားပြီး ခနဲ့သဲ့သဲ့ ရယ်လိုက်သည်။
     နောက်ပိုင်း၌ သွမ့်လင်းထျန်သည် သူ၏ လက်ကိုမြှောက်လိုက်သည်။

     ဝှစ်…

    သူ၏ မူလစွမ်းအင်များ ထိုးတက်သွားကာ သူ့လက်ထဲတွင် ခွေရစ်လာပြီးနောက် နောက်ဆုံး၌ လက်ချောင်းထိပ်တွင် သိပ်သည်းလာသည်။

     မကြာခင်၌…

     မိုးသက်မုန်တိုင်းလက်ချောင်း…
   သွမ့်လင်းထျန်၏ လက်ချောင်းထိပ်မှ ချက်ချင်းပင်  မူလစွမ်းအင်လက်ချောင်း ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုနှယ် သွမ့်လင်းထျန်ဆီခုန်၀င်လာသည့်လူဆီသို့ တိုး၀င်သွားသည်။
     ထိုအလင်းတန်း၏ ရှေ့တွင် ထိုလူ၏ အမြန်နှုန်းမှာ လိပ်တစ်ကောင်အလားပင်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now