အပိုင်း ၂၆ - ၃၀

331 26 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၆)မိုးကြိုးမီးလျှံဆေးလုံး

     “ခူအယ် မျက်နှာလည်း မကောင်းပါလား၊ နေမကောင်းဘူးလား?"
     လီရိုသည် ကောင်မလေး၏ မျက်နှာ မသာမယာဖြစ်နေသည်ကို သတိထားမိပြီး စိတ်ပူသည့်ဇောဖြင့် မေးလိုက်သည်။
     သူမသည် အစကတည်းက ခူအယ်ကို သူ့ချွေးမလေးအဖြစ် အသိအမှတ်ပြုပြီးသားပင်ဖြစ်သည့်အတွက် ခူအယ်ကိုလည်း သူမသားထက်မလျော့သော ချစ်ခြင်းမျိုး ရှိပေသည်။
     
      မိန်းကလေးသည် မျက်နှာအမူအရာကို ပြေလျော့ကာ ခေါင်းခါယမ်းပြလိုက်သည်။
    
     “လာ... သမီးအခန်းထဲမှာ နားနေရအောင် အန်တီလိုက်ပို့မယ်"
   
    သူ၏ အမေက မိန်းကလေးကို အခန်းထဲခေါ်သွားသည်ကို မြင်သည့်အခါ သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းကာ ကွေးညွတ်သွားသည်။
     သူ့အမြင်မှာတော့ မိန်းကလေး၏ တုံ့ပြန်မှုမျိုးက ပုံမှန်ဖြစ်ရိုးပင်ဖြစ်သည်။ သူမသည် သူနှင့် မတူပေ။
     ယခင်ဘဝတွင် သူသည် သွေးသံရဲရဲနှင့် တိုက်ပွဲများအကြား ရှင်သန်ခဲ့ရသူတစ်ဦးဖြစ်သောကြောင့် သူ့အတွက်မှာတော့ လူသတ်ခြင်းသည် ထမင်းစားရေသောက်အလုပ်လိုပင်ဖြစ်သည်။ သူတစ်ပါးရဲ့ အသက်ကို နှုတ်ရခြင်းသည် သူ့အတွက် သမားရိုးကျ ပင် ဖြစ်လို့နေပေသည်။
     ပစ္စည်းများကို သူ၏ အခန်းထဲ ထည့်ထားလိုက်ပြီးနောက် အမေဖြစ်သူကိုနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

    သူသည် ဂရန်းအကြီးအကဲလီ‌ဟော်နှင့် သွား‌တွေ့ခဲ့သည်။

    “ကလေး ဒီအချိန်က ငါတို့ ချိန်းထားတဲ့ အချိန်မဟုတ်သေးပါဘူး၊ မင်း ငါ့ကို လာရှာတာ ဘာလိုလဲ?"
    လီဟော်သည် သွမ့်လင်းထျန်ကို မျက်လုံးမှေးစင်းကာကြည့်ရင်း မေးလိုက်သည်။
    
     “ဂရန်းအကြီးအကဲ၊ ကျွန်တော်လာတာ ဆေးလုံးတစ်မျိုး ဖော်စပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ"
    သွမ့်လင်းထျန်သည် သူလာရခြင်းအကြောင်းရင်းကို ပြောပြလိုက်သည်။
 
    “အိုး... မင်းက ဘယ်လိုဆေးလုံးတွေ လိုချင်လို့လဲ?"
    လီဟော်က ရယ်မောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now