၄၅၆ - ၄၆၀

195 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၅၆)အံ့ဖွယ်လူ

ဝှစ်...

သေခြင်းရှင်ခြင်းနယ်ပယ်သည် တစ်ခဏခန့် တစ်စပြင်ပမာ တိတ်ဆိတ်သွားပြီးနောက် အလွန်စိတ်လှုပ်ရှားသံများ ထွက်ပေါ်လာသည်။

"စီနီယာအစ်ကိုလျှိုရှစ်ကော သေသွားပြီလား...ဘုရားရေ...သူ့ဓားချက်က ရှေးဟောင်းအမွေးရှည်ဆင်နှစ်ရာငါးဆယ်နဲ့ ယှဉ်နိုင်တယ်...ဒါပေမဲ့ သူ ဓားလွှတ်ချလိုက်ရတယ်ပေါ့"

"သွမ့်လင်းထျန်ရဲ့ ဓားချက်က ရှေးဟောင်းအမွေးရှည်တစ်ရာခြောက်ဆယ့်ငါးကောင်ရဲ့ ခွန်အားပဲ သာတာမလား...ရှေးဟောင်းအမွေးရှည်ဆင်ကိုးဆယ်ကျော်ခွန်အားကွာခြားချက်ရှိတာတောင် သူက သူ့ထက် သန်မာတဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်သေးတယ်ပေါ့"

"ပုံမှန်မဟုတ်ဘူး...လုံး၀ပုံမှန်မဟုတ်ဘူး"

အတွင်းစည်းတပည့်များအားလုံး တုန်လှုပ်နေကြသည်။

ယခုအချိန်၌ သွမ့်လင်းထျန်ကိုကြည့်နေကြသည့် အတွင်းစည်းအကြီးအကဲများ၏ မျက်လုံးထဲတွင်ပင် တုန်လှုပ်မှုအနည်းငယ်ရှိနေသည်။
သူတို့သည် အတိတ်က သွမ့်လင်းထျန်၏ အောင်မြင်မှုများကို ‌ကြားရခြင်းနှင့် မြင်ရခြင်းမှာ လုံး၀ကွဲပြားခြားနားသော အရာဖြစ်သည်။

"ရှေးဟောင်းအမွေးရှည်ဆင်ကိုးဆယ်ကျော်ရဲ့ ခွန်အားခြားနားချက်...ဟုတ်လား..."
အတွင်းစည်းတပည့်များ၏ အံ့ဩဆွေးနွေးသံများကိုကြားချိန်၌ သွမ့်လင်းထျန်၏ နှုတ်ခမ်းများ လေးကိုင်းသဖွယ် တွန့်ကွေးသွားသည်။
သူသည် နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၏ မြွေနဂါးပုံစံကို ပြီးပြည့်စုံမှုအဆင့်ထိ ကျင့်ကြံပြီးနောက် သူ၏ ငလျင်စွမ်းအင်သည် အကန့်အသတ်ထိ တိုးတက်လာခဲ့သည်။
ငလျင်စွမ်းအင်၏ အကျိုးသက်ရောက်မှုသည် ရှေးဟောင်းအမွေးရှည်ဆင်တစ်ရာ၏ ခွန်အားအတွင်းတွင် ဖြစ်သည်။
တစ်နည်းဆိုရပါက ပြိုင်ဘက်၏ ခွန်အားသည် သူ့ထက် ရှေးဟောင်းအမွေးရှည်ဆင်တစ်ရာမကျော်သ၍ သူ၏ ငလျင်စွမ်းအင်အကျိုးသက်ရောက်မှုရှိသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now