၁၉၁ - ၁၉၅

205 21 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၉၁)စစ်မှန်သော ဟင်လင်းပြင်အဆင့်သိုင်းပညာရှင်

    စားသောက်ပြီးနောက် သွမ့်လင်းထျန်သည် အသက်ပြင်းပြင်းရှူ၍ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အရှေ့ဘက်ခြံ၀င်းသို့ ထွက်လာခဲ့သည်။
    
    “ရှုံချွမ်"
   အရှေ့ဘက်ခြံ၀င်းတွင်  ရှုံချွမ်ကို ရှာကာ သွမ့်လင်းထျန် လက်ဝှေ့ယမ်းကာ စုတ်တံတစ်ချောင်းကို ထုတ်လိုက်ပြီးနောက် စာရွက်တစ်ရွက်ပေါ်တွင် ပစ္စည်းစာရင်း ရေးလိုက်သည်။

   “ဒီပစ္စည်းတွေကို ကျုပ်အတွက် မြန်မြန်၀ယ်ခဲ့ပေး…ဒီမှာ ငွေဒင်္ဂါးဆယ်သန်း"
    တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်သည် ကွက်လပ်လက်စွပ်ထဲမှ ငွေဒင်္ဂါးအားလုံးကို ထုတ်ယူလိုက်ပြီး ရှုံချွမ်ကို ပေးလိုက်သည်။

    “ဟုတ်ကဲ့…သခင်လေး"
    ရှုံချွမ် လေးလေးစားစားနှင့် ပြောလိုက်ကာ သွမ့်လင်းထျန် သူရဲကောင်းကျောင်းတော်သို့ ထွက်သွားပြီးနောက် သူအိမ်မှ ထွက်လာခဲ့သည်။
  
    သွမ့်လင်းထျန် ဗျူဟာရှင်ဌာန၏ စာသင်ခန်းထဲသို့ ရောက်သောအခါ ရှောင်ယွီနှင့် ရှောင်ရွှမ်တို့ နှစ်ဦးလုံးရောက်ရှိနေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
     “မင်းတို့နှစ်ယောက် တကယ်စောတာပဲ…"
     
    အတန်းမစသေးသောကြောင့် သူတို့သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက် အာလာပသလ္လာပ စကားများ ပြောလိုက်ကြသည်။

   သွမ့်လင်းထျန်၏ အကြည့်များ ရှောင်ရွှမ်ပေါ်သို့ ကျရောက်သွားသည်။
     “ဟုတ်သားပဲ ရှောင်ရွှမ်…မင်းက ရှောင်ကလန်ရဲ့ တပည့်ပဲ…နီလာကောင်းကင်နိုင်ငံထဲမှာ ဟင်းလင်းပြင်အဆင့်သိုင်းပညာရှင်လို့ခေါ်တဲ့ လူတွေရဲ့ သိုင်းအဆင့်က ဘာလဲဆိုတာ မင်းသိလား…ငါသိတဲ့အတိုင်းဆို တချို့ဟင်းလင်းပြင်အဆင့်သိုင်းပညာရှင်တွေက တကယ်ဟင်းလင်းပြင်အဆင့်မဟုတ်ဘဲ ဟင်းလင်းပြင်အဆင့်ကို ခြေလှမ်းတစ်၀က်ပဲ ရောက်သေးတယ်…သူတို့ရဲ့ သိုင်းအဆင့်က အခြေတည်ဝိညာဉ်အဆင့်ကိုးမှာပဲ ရှိသေးတယ်…"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now