၆၅၆ - ၆၆၀

190 17 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၅၆)လှောင်အိမ်တိုက်ပွဲ

     သွမ့်လင်းထျန်၏ မျက်နှာအနည်းငယ်ရှုံ့တွသွားသည်။
       ဖီးနစ်နဂါးကျောင်းဒုဌာနမှူး၏ အဆင့်ခြောက်ဝိညာဉ်လက်အိတ်အား သန့်စင်ပေးခဲ့သူမှာ  မိုးပြာတောအုပ်အင်ပါယာနိုင်ငံ၏ လက်နက်ပညာရှင်အစည်းအရုံခေါင်းဆောင်လောရုံဖြစ်လိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့ပေ။

     “ဆရာသခင်…ဆရာသခင်က ချီမင်အတွက် အဆင့်လေးဝိညာဉ်လက်နက်သန့်စင်ပေးမလို့လား"
      လောရုံ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်လုံးထဲ မနာလိုမှုအနည်းငယ်ယှက်ပြေးသွားသည်။

     သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။
      “ဟုတ်တယ်…ကျုပ်သူ့အပေါ် အကြွေးတစ်ခုတင်နေလို့"

      အကြွေးတစ်ခု...
     လောရုံ ရုတ်တရက်နားလည်သွားသည်။
     သွမ့်လင်းထျန် ချီမင်အပေါ် မည်သည့်အကြွေးတင်နေကြောင်း သူ သိလိုသော်လည်း မည်သည့်အရာကမေးသင့်ပြီး မည်သည့်အရာက မမေးသင့်ကြောင်းကို သူ သေချာနားလည်သည်။

      “ကျုပ်စတော့မယ်"
     သွမ့်လင်းထျန် လောရုံကို ခေါင်းညိတ်ပြပြီးနောက် စတင်လိုက်သည်။
     သွမ့်လင်းထျန်၏ လက်ထဲ၌ နက်နဲသောလက်နက်သန့်စင်ခြင်းနည်းစနစ်များပေါ်ပေါက်လာသည်။
      လောရုံကို ဂရုစိုက်ရသည့်အတွက်ကြောင့် သွမ့်လင်းထျန် သူ၏ အရှိန်ကိုတမင်တကာ လျှော့ချခဲ့သည်။
     မကြာခင်၌ သွမ့်လင်းထျန် ချီမင် သူ့အတွက် ရှာပေးထားသည့် ပစ္စည်းခုနှစ်မျိုးအပါအ၀င် တခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။

     “ဒါက နှစ်တစ်ထောင်ရေခဲလား….ဒါကနှစ်တစ်သောင်းလိပ်ခွံ…ဒါက…"
     ပင်မလက်နက်ပညာရှင်အစည်းအရုံးခေါင်းဆောင် လောရုံသည် ဗဟုသုတကြွယ်၀သောကြောင့် အလျင်အမြန်ပင် ထိုရှားပါးပစ္စည်းများကို သိလိုက်သည်။

        “ကြည့်ရတာ ချီမင်က ဒီအဆင့်လေးဝိညာဉ်လက်နက်အတွက် အတော်လေးဒုက္ခခံထားတာပဲ"
      လောရုံ သူ၏ နှလုံးသားထဲ တွေးတောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now