၆၁၁ - ၆၁၅

183 14 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၁၁)ဖျက်မြင်း

     အဖိုးတန်အ၀တ်အစားနှင့် ထိုလူရွယ်၏ နောက်ခံမှာ မရိုးရှင်းကြောင်း ထင်ရှားလို့နေသည်။
     သို့သော်လည်း သွမ့်လင်းထျန်သည် မိမိ၏ ဂုဏ်သိက္ခာကို သူ့တစ်ပါး၏ ခြေထောက်အောက် အကျခံကာ တစ်ပါးသူ၏ နောက်ခံကို ကြောက်ရွံ့ပြီး သူ့အား နင်းခြေခွင့်ပြုမည်လော…
     အဖြေကတော့ မဟုတ်ပေ။
 
      “ကောင်လေး"
      သွမ့်လင်းထျန် ဉာဏ်မရှိသည်ကို မြင်သောအခါ သက်လတ်ပိုင်းလူ၏  မျက်နှာနက်မှောင်သွားပြီး အေးစက်သော အသံဖြင့် အော်ငေါက်လိုက်သည်။
       “ငါ့ရဲ့ သခင်လေးက ဘယ်သူလဲဆိုတာ မင်းသိလား…ငါမင်းကို ပြောပြမယ်…ငါ့ရဲ့ သခင်လေးက မင်းလိုနိမ့်ကျတဲ့သာမန်လူ အပြစ်ပြုနိုင်တဲ့လူမဟုတ်ဘူး…တကယ်လို့ မင်းသာဉာဏ်ရှိရင် အခုချက်ချင်းထွက်သွားစမ်း…မဟုတ်ရင် နောင်တရဖို့ အရမ်းနောက်ကျလိမ့်မယ်"

      “နောင်တရဖို့ အရမ်းနောက်ကျလိမ့်မယ်"
       သွမ့်လင်းထျန် သူ့လက်ထဲမှ ရွှေဒင်္ဂါးတစ်သောင်းကို ဘေးဖယ်လိုက်ပြီး ထောင်လွှားသော သက်လတ်ပိုင်းလူကို အရေးမစိုက်စွာ ကြည့်လိုက်သည်။
      “ဒီလိုဆိုရင် ကျုပ်ကို နောင်တရဖို့ ဘယ်လိုလုပ်မလဲဆိုတာ သိချင်တယ်"
      စားတုန်းသောက်တုန်း အနှောင့်အယှက်ပေးခံရသောကြောင့် သွမ့်လင်းထျန်အလွန် စိတ်မကြည်မသာဖြစ်နေသည်။

      “ကောင်လေး မင်းက သေချင်နေတာပဲ"
     သက်လတ်ပိုင်းလူ၏ မျက်နှာနက်မှောင်သွားကာ ဒေါသထွက်စွာအော်ဟစ်လိုက်ပြီးသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် ရှေ့ကုန်းသွားကာ သူ၏ လက် သွမ့်လင်းထျန်ပေါ်သို့ အညှာအတာကင်းမဲ့စွာ သက်ဆင်းလာသည်။
     သူ၏ အထက်၌ရှေးဟောင်းအမွေးရှည်ဆင်အရိပ်ထောင့်ငါးရာသိပ်သည်းလာသည်။
       သက်လတ်ပိုင်းလူသည်  ဟင်းလင်းပြင်ခြေလှမ်း၀က်အဆင့်သိုင်းပညာရှင်ဖြစ်ကြောင်း ထင်ရှားသည်။

     ထိုအချိန်၌  စားသောက်ဆိုင်ထဲမှ စားသုံးသူများသည် ထိုမြင်ကွင်းကိုမြင်သောအခါ ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။ သွမ့်လင်းထျန်သည် မောက်မာပြီး ဝါးနိုင်သည် ပိုကိုက်သောကြောင့် သူတို့ သွမ့်လင်းထျန်ကို သက်ပြင်းချလိုက်ခြင်းဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now