၈၅၆ - ၈၆၀

173 11 0
                                    

အပိုင်း(၈၅၆)ဖိအားများ

      အဆင့်နိမ့်မူလကျောက်တုံးတစ်ထောင်....
    ချက်ချင်းပင် လှောင်အိမ်တိုက်ပွဲကွင်းတစ်ခုလုံး တစ်ဖန်အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

    “အဆင့်နိမ့်မူလကျောက်တုံးတစ်ထောင်...အဆင့်တစ်ဆယ်ကို ပေးတဲ့ဆုနဲ့ ဆယ်ဆတောင်ကွာတာပဲ...တကယ်လို့ ငါသာဒီလောက်မူလကျောက်တုံးတွေအများကြီးရရင် အိပ်ရင်းနဲ့တောင် ပျော်လို့ ရယ်နေမိမှာ"
    
    “အိပ်မက်မက်မနေနဲ့...ငါတို့လို သာမန်လူတွေက တစ်သက်လုံးမူလကျောက်တုံးတစ်ရာတောင် ရှာနိုင်မှာမဟုတ်ဘူး...အဆင့်နိမ့်မူလကျောက်တုံးတစ်ထောင်ဆိုရင်တော့ ပြောမနေနဲ့တော့"

     “ဟုတ်တယ်...ငါတို့လို သာမန်လူတွေက ကိုယ့်ကံကြမ္မာကိုယ်လက်ခံရမယ်"

      ...............

      သာမန်သိုင်းအဆင့်နှင့် ပွဲကြည့်သူအများစုသည် ၀မ်းနည်းစွာ သက်ပြင်းချလိုက်သည်။

    သို့သော်လည်း ဖုန်ထျန်းဝူသည် အဆင့်နိမ့်မူလကျောက်တုံးတစ်ထောင်နှင့် ရင်ဆိုင်ရချိန်၌ ပျော်ရွှင်မှုနည်းနည်းမျှ မရှိဘဲ ကွက်လပ်လက်စွပ်ကို တည်ငြိမ်စွာလက်ခံပြီးနောက် ဖုန်ကလန်ပိုင်သောပထမတန်းစားပွဲကြည့်နေရာကိုသွားကာ ဖုန်ဝူတောက်၏ ဘေးတွင်ထိုင်လိုက်သည်။
   
    “အစ်ကိုဝူတောက်...ဂုဏ်ပြုပါတယ်"
    ဒက်ခံမင်းဆက်၏ ဧကရာဇ်သည် ဖုန်ဝူတောက်ကိုကြည့်ကာ ထပ်ခါထပ်ခါ ဂုဏ်ပြုလိုက်သည်။

    ဖုန်ဝူတောက်သည် ဧကရာဇ်ကိုကြည့်ကာ အရေးမစိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။

     ဧကရာဇ်သည် ဖုန်ဝူတောက်၏ သာမန်ကာလျှံကာ အပြုအမူကို နည်းနည်းမျှ စိတ်ထဲမထားပေ။ အကြောင်းမှာ ထိုလူ သူ့အား ခေါင်းညိတ်ပြခြင်းကပင် လေးစားမှုပြခြင်းဖြစ်ကြောင်းကို သူ သိသောကြောင့်ဖြစ်သည်။
     အကယ်၍ အခြားလူဆိုပါက ဖုန်ဝူတောက်သည် လုံး၀အာရုံစိုက်လိမ့်မည်မဟုတ်ချေ။

     “အရှင်ဝူတောက်...ဂုဏ်ပြုပါတယ်"

     “ခေါင်းဆောင်ဖုန်...ဂုဏ်ပြုပါတယ်"

     ..............

     ထိုအချိန်၌ အခြားအဖွဲ့များက လူများစွာသည် ဖုန်ဝူတောက်နှင့် ဖုန်ထျန်းနန်ကို ဂုဏ်ပြုလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now