၄၇၁ - ၄၇၅

188 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၇၁)အူတိုင်ကို ဖျက်ဆီးကာ အခြေတည်ဝိညာဉ်ထွက်ပေါ်လာခြင်း…

      လင်းဟူကျင်းဟုန်၏ ကတိကိုရပြီးနောက် သွမ့်လင်းထျန်သည် အနည်းငယ်မျှ အားနာခြင်းမရှိပေ။
    သူသည် လင်းဟူကျင်းဟုန်ကို သူလိုအပ်သည့် ပစ္စည်းမှန်သမျှအားလုံး တိုက်ရိုက်တောင်းခဲ့သည်။
     အကြိမ်တိုင်း လင်းဟူကျင်းဟုန်သည် သူ့အတွက် ပစ္စည်းများကို တစ်ရက်အတွင်းပြင်ဆင်ပေးခဲ့သည်။

    “ဂိုဏ်းချုပ်က တကယ်ကိုမဆိုးဘူးပဲ…"
    သွမ့်လင်းထျန် ဒူဘီခန်းမထဲမှ တဖန်ထွက်လာသောအခါ သူ၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခုတွဲခိုနေသည်။

      သို့သော်လည်း သူမက်ဂရက်တောင်ပေါ်သို့ ရောက်ချိန်၌ သူ၏ မျက်နှာပေါ်မှ အပြုံးအေးခဲသွားသည်။

      “ဟန့်"
    အကြည့်တစ်ချက်နှင့်အတူ အဝေးမှ သူ့ဆီသို့ လျှောက်လှမ်းလာသည့်သူကို သတိပြုမိလိုက်ပြီး သွမ့်လင်းထျန်၏ မျက်နှာနက်မှောင်သွားသည်။
     ၄မှာ မက်ဂရက်တောင်၏ အပြင်စည်းအကြီးအကဲကျောက်လင်ဖြစ်သည်။

     “သွမ့်လင်းထျန်"
     ကျောက်လင်သည် သွမ့်လင်းထျန်ကို သတိပြုမိလိုက်ပြီး သူ၏ မျက်လုံးထဲ အေးစက်သော ‌အလင်းသဲ့သဲ့ ယှက်ပြေးသွားသည်။

     သွမ့်လင်းထျန်သည် ကျောက်လင်ကို အရေးမစိုက်စွာကြည့်လိုက်ပြီးနောက် ကျောက်လင်ကို ဝိုက်ကာ ဒူဘီတောင်ပေါ်တက်သွားသည်။

     ရုတ်တရက် ကျောက်လင်၏ အသံပို့လွှတ်ချက်၀င်ရောက်လာပြီး သွမ့်လင်းထျန်၏ နားစည်တုန်ခါသွားသည်။
      “သွမ့်လင်းထျန်…မင်းငါ့ကို ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်မပေးမချင်း ငါမင်းကို အလွတ်မပေးဘူး"

     သွမ့်လင်းထျန်၏ ခန္ဓာကိုယ်ရပ်တန့်သွားပြီးနောက် ကျောက်လင်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
      “ဒီလိုဆိုလည်း ခင်ဗျား သဘောပဲ...အဲဒီအချိန်ကျရင် ခင်ဗျားနောင်တမရဖို့ကိုပဲ ‌ကျုပ် မျှော်လင့်တယ်"
    
     “နောင်တ"
    ကျောက်လင်ရယ်မော၍ ပခုံးတွန့်လိုက်သည်။
     “သွမ့်လင်းထျန် သိုင်းပညာတာအိုမှာ မင်းရဲ့ ပင်ကိုပါရမီက ကြောက်ဖို့ကောင်းတယ်ဆိုတာ ငါသိတယ်…ဒါပေမဲ့ မင်း ငါကျောက်လင်ထက်သာလွန်ချင်တယ်ဆိုရင် ဆယ်နှစ်လောက်အားသွန်ခွန်စိုက်မကျင့်ကြံဘဲ မဖြစ်နိုင်ဘူး…ဒီဆယ်နှစ်အတွင်းမှာ ငါကျောက်လင်က မင်းကိုသတ်ဖို့ အခွင့်အရေးမရှာနိုင်ဘူးလို့ ငါမယုံဘူး"
    ကျောက်လင်၏ အသံထဲ၌ အေးစက်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now