ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရ...

By Azure5549

43.3K 3.6K 35

ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေ... More

မိတ်ဆက် + ရှင်းလင်းချက်
ဒီစာစဥ်ကို ဘာလို့ pick လဲ ပြောပြမယ်
အပိုင်း ၁ - ၅
အပိုင်း ၆ - ၁၀
အပိုင်း ၁၁ - ၁၅
အပိုင်း ၁၆ - ၂၀
အပိုင်း ၂၁ - ၂၅
အပိုင်း ၃၁ - ၃၅
အပိုင်း ၃၆ - ၄၀
အပိုင်း ၄၁ - ၄၅
အပိုင်း ၄၆ - ၅၀
၅၁ - ၅၅
၅၆ - ၆၀
၆၁ - ၆၅
၆၆ - ၇၀
၇၁ - ၇၅
၇၆ - ၈၀
၈၁ - ၈၅
၈၆ - ၉၀
၉၁ - ၉၅
၉၆ - ၁၀၀
၁၀၁ - ၁၀၅
၁၀၆ - ၁၁၀
၁၁၁ - ၁၁၅
၁၁၆ - ၁၂၀
၁၂၁ - ၁၂၅
၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၅
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၁ - ၃၁၅
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆ - ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
961 - 965
966 - 970
971 - 975
976 - 980
981 - 985
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း

အပိုင်း ၂၆ - ၃၀

335 26 0
By Azure5549


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၆)မိုးကြိုးမီးလျှံဆေးလုံး

     “ခူအယ် မျက်နှာလည်း မကောင်းပါလား၊ နေမကောင်းဘူးလား?"
     လီရိုသည် ကောင်မလေး၏ မျက်နှာ မသာမယာဖြစ်နေသည်ကို သတိထားမိပြီး စိတ်ပူသည့်ဇောဖြင့် မေးလိုက်သည်။
     သူမသည် အစကတည်းက ခူအယ်ကို သူ့ချွေးမလေးအဖြစ် အသိအမှတ်ပြုပြီးသားပင်ဖြစ်သည့်အတွက် ခူအယ်ကိုလည်း သူမသားထက်မလျော့သော ချစ်ခြင်းမျိုး ရှိပေသည်။
     
      မိန်းကလေးသည် မျက်နှာအမူအရာကို ပြေလျော့ကာ ခေါင်းခါယမ်းပြလိုက်သည်။
    
     “လာ... သမီးအခန်းထဲမှာ နားနေရအောင် အန်တီလိုက်ပို့မယ်"
   
    သူ၏ အမေက မိန်းကလေးကို အခန်းထဲခေါ်သွားသည်ကို မြင်သည့်အခါ သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းကာ ကွေးညွတ်သွားသည်။
     သူ့အမြင်မှာတော့ မိန်းကလေး၏ တုံ့ပြန်မှုမျိုးက ပုံမှန်ဖြစ်ရိုးပင်ဖြစ်သည်။ သူမသည် သူနှင့် မတူပေ။
     ယခင်ဘဝတွင် သူသည် သွေးသံရဲရဲနှင့် တိုက်ပွဲများအကြား ရှင်သန်ခဲ့ရသူတစ်ဦးဖြစ်သောကြောင့် သူ့အတွက်မှာတော့ လူသတ်ခြင်းသည် ထမင်းစားရေသောက်အလုပ်လိုပင်ဖြစ်သည်။ သူတစ်ပါးရဲ့ အသက်ကို နှုတ်ရခြင်းသည် သူ့အတွက် သမားရိုးကျ ပင် ဖြစ်လို့နေပေသည်။
     ပစ္စည်းများကို သူ၏ အခန်းထဲ ထည့်ထားလိုက်ပြီးနောက် အမေဖြစ်သူကိုနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

    သူသည် ဂရန်းအကြီးအကဲလီ‌ဟော်နှင့် သွား‌တွေ့ခဲ့သည်။

    “ကလေး ဒီအချိန်က ငါတို့ ချိန်းထားတဲ့ အချိန်မဟုတ်သေးပါဘူး၊ မင်း ငါ့ကို လာရှာတာ ဘာလိုလဲ?"
    လီဟော်သည် သွမ့်လင်းထျန်ကို မျက်လုံးမှေးစင်းကာကြည့်ရင်း မေးလိုက်သည်။
    
     “ဂရန်းအကြီးအကဲ၊ ကျွန်တော်လာတာ ဆေးလုံးတစ်မျိုး ဖော်စပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ"
    သွမ့်လင်းထျန်သည် သူလာရခြင်းအကြောင်းရင်းကို ပြောပြလိုက်သည်။
 
    “အိုး... မင်းက ဘယ်လိုဆေးလုံးတွေ လိုချင်လို့လဲ?"
    လီဟော်က ရယ်မောလိုက်သည်။

   “မိုးကြိုးမီးလျှံဆေးလုံး"
    သွမ့်လင်းထျန်သည် စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း ခပ်ဖြည်းဖြည်းပြောလိုက်သည်။
    
     “ကလေး... မိုးကြိုးမီးလျှံဆေးလုံးဆိုတာက ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ဆေးအမျိုးအစား ဖြစ်ပေမယ့် တန်ဖိုးကြီးပြီး ရှားပါးတယ်၊ ငါ မိုးကြိုးမီးလျှံဆေးလုံးဆိုတာကို ကြားပဲ ကြားဖူးတာ၊  ငါ့မှာ အဲ့ဒီဆေးဖော်မြူလာမရှိဘူး"
     လီဟော်၏ မျက်နှာမှာ တခဏမျှ ညှိုးကျသွားပြီးနောက် ခါးသက်သက် ရယ်လိုက်သည်။
     
     “ဂရန်းအကြီးအကဲ၊ ကျွန်တော် အကြီးအကဲကို ဆေးဖော်မြူလာ ပေးမယ်ဆိုရင်ကော အကြီးအကဲ သန့်စင်နိုင်လောက်မယ်မလား"
    သွမ့်လင်းထျန်သည် လီဟော်ပြောတာကို ဘာမျှမတုံ့ပြန်ဘဲ ပြုံးပြုံးဖြင့်သာ ပြန်မေးလိုက်သည်။

    “မင်းက... မင်းက ငါ့ကို ဆေးဖော်မြူလာပေးမယ်လို့ ပြောနေတာလား?"
     လီဟော်၏ အသက်ရှုသံများ ပြင်းထန်လာလေသည်။

     မှော်ဆေးပညာရှင်တစ်ယောက်အနေဖြင့် ဆေးလုံးအမျိုးအစားများစွာကို သန့်စင်နိုင်မည့် အခွင့်အရေးကိုသာ သူအလိုချင်ဆုံးဖြစ်သည်။ သို့မှသာ သူသည် အတွေ့အကြုံများ ရရှိနိုင်လိမ့်မည် ဖြစ်ပြီး သူ၏ ဆေးလုံးသန့်စင်သည့် စွမ်းရည်လည်း တိုးတက်လာနိုင်မည် ဖြစ်သည်။
   သူသည် အဆင့်ကိုး မှော်ဆေးပညာရှင်ဖြစ်သော်လည်း သူ သန့်စင်နိုင်သော ဆေးလုံးအမျိုးအစား အရေအတွက်မှာ နည်းပါးလွန်းပေသည်။
   
     “ဟုတ်ပါတယ်"
    သွမ့်လင်းထျန်က ခေါင်းညိတ်လိုက်သည်။
   
    “မင်းရဲ့ဆရာကကော မိုးကြိုးမီးလျှံ ဆေးဖော်မြူလာကို  ငါ့ကို ပေးဖို့ ခွင့်ပြုလို့လား?"
     လီဟော် သက်ပြင်းရှိုက်ချလိုက်ကာ မေးလိုက်သည်။
   
     “ကျွန်တော့်ဆရာပြောတာတော့ ဆေးဖော်မြူလာတွေက မင်းအပိုင်တဲ့...  မင်းကြိုက်သလို စီမံနိုင်တယ်လို့ ပြောခဲ့တယ်၊ နောက်ပြီးတော့လည်း မိုးကြိုးမီးလျှံ‌ဆေးလုံးက တကယ်တမ်း မရှားပါဘူး၊ တိမ်ကုန်းမြေတိုက်ကြီးထဲမှာ အဲဒါကို ဘယ်လိုသန့်စင်ရသလဲဆိုတာကို သိတဲ့လူတွေ  အများကြီး ရှိတယ်"
     သွမ့်လင်းထျန်က ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။

     တကယ်မရှားဘူးလား?
     သွမ့်လင်းထျန်၏ စကားကို ကြားရပြီးနောက် လီဟော်၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
     လေပြေနုမြို့၏ အပြင်ဘက်ရှိ မြို့ကြီးများတွင်ပင် မိုးကြိုးမီးလျှံဆေးလုံး၏ ဖော်မြူလာမှာ အလွန်အဖိုးထိုက်လှသည်။
     မိုးကြိုးမီးလျှံဆေးလုံးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်သိုင်းပညာရှင်များအတွက် သီးသန့်ဆေးလုံးပင်ဖြစ်သည်။ စားသုံးလိုက်သည်နှင့် ခန္ဓာကိုယ်သည် မိုးကြိုးလျှပ်စီးနှင့် မီးလောင်ခြင်းကဲ့သို့သော နာကျင်မှုများကို ခံစားရမည်ဖြစ်ပြီး ခန္ဓာကိုယ်စွမ်းအားကို တိုးတက်စေလိမ့်မည်ဖြစ်သည်။
    ခန္ဓာကိုယ်ကြံ့ခိုင်မှုဆေးလုံးနှင့် တွဲဖက် စားသုံးပါက ကျင့်ကြံမှုအမြန်နှုန်းသည် နဂို ခန္ဓာကိုယ် ကြံ့ခိုင်မှုဆေးလုံး၏ အာနိသင်ထက် နှစ်ဆ ရှိလာလိမ့်မည်ဖြစ်သည်။

     “ကလေး.. မင်းကို ကျေးဇူးတင်ပါတယ်"
     လီဟော်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သွမ့်လင်းထျန်ကို ဦးညွှတ်လိုက်သည်။
     မှော်ဆေးပညာရှင်တို့အဖို့ ရှားပါးဆေးဖော်မြူလာဆိုသည်မှာ သူတို့ဘဝထက်ပင် ပို၍ အရေးကြီးပေသည်။
    
     “ဂရန်းအကြီးအကဲ အခုလို လုပ်စရာ မလိုပါဘူး၊ ကျွန်တော် ဆေးဖော်မြူလာ အကြီးအကဲကို ပေးတာကလည်း ဒီ မိုးကြိုးမီးလျှံဆေးလုံး ဖော်စပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ၊ ကျွန်တော်တို့တွေ တစ်ယောက်လိုအပ်တာတစ်ယောက် ကူညီပေးကြတာပေါ့"
     သွမ့်လင်းထျန်၏ ဓားကွေးပုံစံမျက်ခုံးများ တွန့်တက်လာပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
   
     “မင်း သေချာနားမလည်ဘူးပဲ ၊မိုးကြိုးမီးလျှံ‌ဆေးလုံး ဖော်စပ်ရတာက အားအင်နည်းနည်းနဲ့ မူလစွမ်းအင် နည်းနည်းပဲကုန်တယ်၊ ငါက မင်းလို ‌အကူအညီကြီး ပေးခဲ့တာမဟုတ်ပါဘူး "
     လီဟော် ခေါင်းကို ခါယမ်းလိုက်သည်။
    
     မိုးကြိုးမီးလျှံဆေးဖော်မြူလာသည် အလွန်အဖိုးတန်သည်။ လီမိသားစုဝင်များသာ ထိုဆေးကို သုံးစွဲခွင့်ရခဲ့ပါက....
     မဝေးတော့သည့်အနာဂါတ်တွင် လီမိသားစုသည် ဖန်းမိသားစု နှင့် ချန်းမိသားစုတို့ကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။
    
     “ဂရန်းအကြီးအကဲက အခု ကျွန်တော်‌ အဆိုပြုတာနဲ့ပက်သက်ပြီးတော့ လက်ခံဖို့ရာ အခက်တွေ့နေရင်လည်း ကျွန်တော့်ကို ငွေဒင်္ဂါးတချို့ ပေးလို့ရပါတယ်"
    
     သွမ့်လင်းထျန် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ခပ်ပြုံးပြုံးနှင့်ပြောလိုက်သည်။
   
    “ကလေး... မင်းက ငွေကလွဲပြီး ဘာမှ ဂရုမစိုက်ဘူးပဲ၊ မပူပါနဲ့ ငါ ဒီကိစ္စကို မိသားစု ခေါင်းဆောင်ကို  ပြောပြလိုက်ပါမယ်၊ အဲ့ဒီအခါကျရင် မင်းရဲ့ ထောက်ပံ့မှုအတွက် ငွေရလိမ့်မယ်"
     လီဟော်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
    သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
   ဒီကလေးက ဘာကြောင့် ငွေကိုတအားချစ်နေတာလဲ?

    သွမ့်လင်းထျန်သာ လီဟော်၏ စိတ်ထဲက အတွေးကို သိခဲ့လျှင် သူ့ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေမည်မှာ သေချာသည်။
     ပြန်လည်မွေးဖွားခြင်း သိုင်းအင်ပါယာ၏မှတ်ဉာဏ်များအရ ဆေးဝါးဖော်စပ်သန့်စင်ခြင်း၊ လက်နက်ပြုလုပ်ခြင်းနှင့် မှော်စာလုံးရေးထိုးခြင်းတို့သည် အမှန်စင်စစ် ငွေကို ‌မီးရှို့ခြင်းဖြစ်သည်။
     သူသည် ယခုအခါ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်သာ ရှိသေးသဖြင့်  ငွေကြေးကုန်ကျစရိတ် မများသေးပေ။
    သို့သော် သူ အဓိကဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိပြီး မူလစွမ်းအင်များ ဖွံ့ဖြိုးလာသည်နှင့် တစ်ပြိုင်နက် ဆေးဝါး နှင့် လက်နက်များ ပြုလုပ်ခြင်းတို့ စတင်လိုအပ်လာတော့မည် ဖြစ်သည်။
     ထိုအချိန်ကျလျှင် ပစ္စည်းကုန်ကျစရိတ်တို့မှာ အလွန်များပြားလာတော့မည်ဖြစ်သည်။ ၎င်းကို မဆုံးမရှိ တွင်းနက်ကြီးဟု မှတ်ယူနိုင်သည်။
     လက်နက်ပြုလုပ်ခြင်းနှင့် ဆေးဝါးသန့်စင်ခြင်းအပြင် မှော်ကမ္ပည်း‌ ရေးထိုးရာတွင်လည်း ရှားပါးသည့်ပစ္စည်းများကို လိုအပ်မည် ဖြစ်သည်။
   
      သွမ့်လင်းထျန်သည် ဆေးဖော်မြူလာကို ချရေးလိုက်ကာ ဂရန်းအကြီးအကဲလီဟော်ကို ပေးလိုက်သည်။ ထို့နောက် နှုတ်ဆက်စကားဆိုကာ ထွက်လာခဲ့သည်။
     ထွက်လာစဉ် သွမ့်လင်းထျန်သည် ဂရန်းအကြီးအကဲလီဟော်ကို အသိပေးခဲ့သေးသည်။
     “ဂရန်းအကြီးအကဲ... ကျွန်တော် မိုးကြိုးမီးလျှံဆေးအတွက် ပစ္စည်းတွေကို အကြီးအကဲကိုပဲ  အားကိုးရလိမ့်မယ်၊ အခုလက်ရှိမှာ ကျွန်တော် မွဲနေတယ်၊ ဒါကြောင့် ကျွန်တော် ဒီဆေးပစ္စည်းဖိုးကို မတတ်နိုင်ဘူး"
      သွမ့်လင်းထျန်သည် ထိုသို့ပြောဆိုပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားသည်။  သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဂရန်းအကြီးအကဲ လီဟော်သည် ကြောင်အမ်းအမ်းဖြစ်လို့နေသည်။

     “ဒီကလေး မနေ့ကပဲ ငါ့ဆီက ငွေတစ်ထောင်ရသွားခဲ့တာကို  သူက မွဲနေတုန်းတဲ့လား၊ ဒီကလေး မရင့်ကျက်သေးတာလဲမဟုတ်ပါဘဲနဲ့ အရှက်ကမရှိဘူးပဲ"
    ဂရန်းအကြီးအကဲ လီဟော်သည် သွမ့်လင်းထျန် သူ့မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားပြီးနောက်တွင် တစ်ယောက်တည်း ပြုံးရွဲ့ရွဲ့ဖြင့် ရယ်မောကာ ပြောလိုက်သည်။
   
     သွမ့်လင်းထျန်သည် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူ၏ အခန်းထဲသို့ဝင်လိုက်ပြီး စောနက ခူအယ်နှင့်အတူ ဝယ်လာခဲ့သည့် ပစ္စည်းများကို အစီစဉ်တကျ ထားသိုလိုက်သည်။
     ထို့နောက် သူသည် မှော်ကျောက်စာ ရေးထိုးဖို့အတွက် ပစ္စည်းများကို စီမံသည်။
    သွမ့်လင်းထျန်သည် လီကျယ်ကို အနိုင်တိုက်ခဲ့စဉ်က အသုံးပြုခဲ့သော  “အကြောသေမှော်ကမ္ပည်း" သည်ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ခုနှစ်ထက် နိမ့်သည့် သိုင်းပညာရှင်များသာ သက်ရောက်မှုရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ထက်မြင့်သည့် သိုင်းပညာရှင်တစ်ယောက်ကိုသာ ထိုမှော်ကမ္ပည်းကို အသုံးပြု၍ တိုက်ခိုက်ပါက  ကလိယား ထိုးနေသလိုပင် ဖြစ်နေပေလိမ့်မည်။
      ဤတစ်ကြိမ်တွင် သွမ့်လင်းထျန်သည် မတူညီ‌‌သော မှော်မ္ပည်းတစ်ခုကို ရေးထိုးဖို့စီစဉ်လေသည်။
     
      သူသည် နှစ်လအတွင်း ဖန်းချန်ကို သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် သတ်ဖို့ရာ မဖြစ်နိုင်ခဲ့ပါက မှော်ကမ္ပည်း၏ အထောက်အကူဖြင့် ဖန်းချန်၏ အသက်ကို ရအောင် ယူမည် ဖြစ်သည်။
  
     “ဖန်းချန်... ခင်ဗျားရဲ့ သိုင်းအဆင့်က ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးဖြစ်နေရင်တောင် ကျုပ် ခင်ဗျားကို ရအောင်ကို သတ်မယ်"
    
     လီမိသားစုဧည့်ခန်းမအတွင်း၌ ဖန်းချန်က သူ့ကို ဒဏ်ရာရ‌အောင် တိုက်ခိုက်လာတာကို သူပြန်၍ သတိရသွားပြီး ရင်ဘတ်ထဲမှ လှိုက်၍ ဒေါသများ လှိမ့်တက်လာကာ တော်တော်နှင့် စိတ်ပြန်မပြေပျောက်နိုင် ဖြစ်နေသည်။
    
     သူနှင့် ဖန်းချန်မှာ မီးနှင့်ရေလိုပင်၊ တစ်ဖက်က ရှင်သန်နေသေးသ၍ သူ၏ နှလုံးသားထဲ၌ ဘယ်သောအခါမှ အေးချမ်းနိုင်မည် မဟုတ်ပါ။
    
     သွမ့်လင်းထျန် မှော်ကမ္ပည်းကို ရေးထိုးနေချိန်တွင်...

    “ထျန်..."
     အပြင်ဘက် လီရို၏ ခပ်လောလောနှင့် ပြောနေသည့်အသံထွက်ပေါ်လာသည်။
     သွမ့်လင်းထျန် သိမ့်ခနဲတုန်သွားသည်။ ဘာဖြစ်တယ်ဆိုတာကို သူ ခန့်မှန်းမိပေသည်။
      သူ၏ နှုတ်ခမ်းထောင့်များ ပြုံးရွဲရွဲဖြစ်သွားသည်။
   
      “ဖန်းမိသားစုရဲ့ တုံ့ပြန်မှုက အရမ်းကို မြန်လွန်းတယ်၊ ဒါပေမယ့် သူတို့ ဒီလို လာရဲကြသားပဲ၊ ‌တော်တော်လဲ အရေထူကြတဲ့ကောင်တွေပဲ"

     “အမေ ကျွန်တော့်ကို ရှာတာလား?"
     သွမ့်လင်းထျန်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာသည်။
    
    လီရို သက်ပြင်းချလိုက်သည်။
     ဖန်းမိသားစု၏ တတိယအကြီးအကဲရောက်လာပြီး သူမ၏ သား ဖန်းချွမ်ကို သတ်လိုက်သည်ဟု ပြောလာကတည်းက သူမ၏ သိပ်ဂနာမငြိမ်ဖြစ်နေပြီး ယခုအချိန်ထိ ငြိမ်အောင်ထိန်းလို့မရသေးပေ။
    
    ဖန်းချွမ်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခြောက်ရှိသည့် သိုင်းပညာရှင်တစ်ယောက်ပင် ဖြစ်သည်။ 
    သူမရဲ့သားက သတ်လိုက်တာတဲ့လား...?

     သူမ၏သား သွမ့်လင်းထျန်သည် ဤမနက်ခင်းကမှ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်လေးကို ကျော်ဖြတ်ထားရုံသာ ရှိသေးသည်။
    သွမ့်လင်းထျန်သည် ဖန်းချွမ်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်ဆိုတာကို သူမ သတိရသွားသည်။
    
     ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်လေးသိုင်းပညာရှင်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ခြောက်သိုင်းပညာရှင်ကို သတ်ပစ်ခြင်းပင် ..
     ဓားချက်တစ်ချက်တည်းဖြင့် လည်ဖြတ်လှီးသတ်ဖြတ်ခြင်း..!

      သူမသား၏ ဓားထုတ်ပညာသည် မည်မျှကြောက်စရာကောင်းကြောင်းကို လီရိုသေသေချာချာကို နားလည်သဘောပေါက်သွားသည်။
    
     “ထျန်.. ဒီလိုကိစ္စကြီးကို ဘာလို့အမေ့ကို အသိမပေးခဲ့တာလဲ"
     လီရိုသည် လူငယ်ကို ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ကြည့်လိုက်ပြီး သိပ်မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
    
    “အမေမှ ကျွန်တော့်ကို မမေးခဲ့တာ...၊ ဒါနဲ့ ဖန်းမိသားစု ဒီကို ရောက်လာပြီမလား "
    သွမ့်လင်းထျန်သည် ရှက်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
    
     “ဟုတ်တယ်၊ ဖန်းမိသားစုက တတိယအကြီးအကဲ ဖန်းရှင် နဲ့အတူ ဖန်းမိသားစုဆေးဆိုင်မန်နေဂျာ ဖန်းထောင်တို့ လာကြတယ်၊ သူတို့က မင်းကို သူတို့လက်ထဲလွှဲပေးဖို့ ခေါင်းဆောင်ကို တောင်းဆိုနေကြတယ်၊ ဒါပေမယ့် စိတ်ပူပါနဲ့၊ ငါတို့က မှန်တာပဲလေ၊ သူတို့နှစ်ယောက်မကလို့ ဖန်းမိသားစုခေါင်းဆောင်လာလဲ သူ မင်းကို ထိလို့တောင် ရမှာမဟုတ်ပါဘူး"
     လီရိုသည် သွမ့်လင်းထျန်၏ လက်မောင်းကို ဆုပ်ကိုင်ပေးလိုက်သည်။
    သို့သော်လည်း  သွမ်လင်းထျန်သည် နည်းနည်းလေးမျှပင် စိုးရိမ်စိတ်မရှိတာကို သူမ ချက်ချင်းနားလည်သွားသည်။ သူမထက်တောင် တည်ငြိမ်‌၍နေပေသည်။
    
     တစ်ခုခုကို တွေးတောမိလိုက်ပြီး သူမ၏ မိုးမခရွက်ပုံ မျက်ခုံးများ ကျုံ့၍သွားသည်။

    “ထျန်... ဒါ မင်းအတွက် ပထမဆုံးအကြိမ် လူသတ်ဖူးတာမလား၊ ဒါပေမယ့် မင်းက ဘာကြောင့် ဒီလောက်တည်ငြိမ်နေရတာလဲ "

🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၇) အပြောင်းအလဲမြန်သော ဣတ္ထိယတို့၏စိတ်

     လီရို သက်ပြင်းတစ်ချလိုက်ပြီးနောက် သံသယမကင်းစွာဖြင့် ‌မေးလိုက်သည်။
    သူမသည် တစ်စုံတစ်ခုအား ဖော်ထုတ်ရန်ကြိုးပမ်းနေသည့်ပုံစံဖြင့် သူမ၏သား၏ မျက်လုံးအား စူးစိုက်စွာကြည့်နေသည်။

    “အမေ၊ ကျွန်တော် လူတစ်ယောက်ကို သတ်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး”
သွမ့်လင်းထျန်က ယခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီသား ဖြစ်သည့်အတွက် သူသည် မျက်စိမျက်နှာပျက်ခြင်း မရှိဘဲ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

    “မင်း အရင်တုန်းက လူသတ်ဖူးတယ်ပေါ့ …  ဘာလို့ အမေ မသိရတာလဲ”
လီရို၏ မိုးမခရွက်ပုံမျက်ခုံးများ ပင့်တက်သွားပြီး သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

  “အမေ ကျွန်တော် လွန်ခဲ့‌တဲ့ရက်တွေကကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ လူသတ်ခဲ့ဖူးတာပါ၊ ဒါက ကျွန်တော့် အိပ်မက်ထဲကအဘိုး ကျွန်တော့်အတွက် ပြင်ဆင်ပေးတဲ့ လေ့ကျင့်ရေးတွေထဲက တစ်စိတ်တစ်ပိုင်းပါ၊ အိပ်မက်ထဲမှာ ကျွန်တော် ပထမဆုံးအကြိမ် လူသတ်တုန်းကဆို အရမ်းကြောက်လန့်ပြီး အော့အန်မလိုတောင်ဖြစ်ခဲ့သေးတယ်”
   သွမ့်လင်းထျန်က ရှင်းပြလိုက်သည်။

    လာပြန်ပြီဒီအိပ်မက်…
    လီရိုသည် သူမ၏သား ပြောသည်ကို လုံးဝမယုံကြည်သော်လည်း  သူမသား၏ ပြောင်းလဲမှုများကို ဘယ်လိုနားလည်ရမှန်းမသိပေ။

    “မင်းအိပ်မက်ထဲက အဘိုးက မင်းကို တော်တော် ဂရုစိုက်တာပဲ၊ ထျန်… ဧည့်ခန်းမထဲကို သွားရအောင်၊ ခေါင်းဆောင်စောင့်နေတယ်”
  လီရိုသည်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ထိုအရာ၏ အကြောင်းရင်းမှန်ကို သိဖို့ကြိုးစားခြင်းအား လက်လျော့လိုက်သည်။

   သွမ့်လင်းထျန် ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းမကြီးဆီသို့ သူ့အမေနောက်မှ လိုက်ပါလာခဲ့သည်။

   “ညီနောင် နန်ဖန်း… နေကောင်းတယ်နော်”
   သူတို့ လီမိသားစု ဧည့်ခန်းမနားသို့ ရောက်လာသည့်အခါ ခန်းမအတွင်းမှ ဟက်ဟက်ပက်ပက် ရယ်မောသံကို ကြားလိုက်ရသည်။

   “ချန်းလီ လား… သူက ဒီမှာ ဘာလုပ်နေတာလဲ”
   ထိုအသံကို ကြားလိုက်ရပြီးနောက် လီရိုသည် အတွေးများ အနည်းငယ် ရှုပ်ထွေးသွားသည်။
  သို့သော်လည်း သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်တွင် ခါးသက်သောအပြုံးတစ်ခုပေါ်ထွက်လာသည်ကို သူမ သတိထားမိလိုက်သည်။

   “ထျန်… မင်း ချန်းမိသားစုနဲ့ ပြဿနာမတက်ခဲ့ဘူးမလား”
   လီရို၏ နှလုံးခုန်သံ ကပြောင်းကပြန်ပင် ဖြစ်လို့သွားသည်။
ဤအချိန်တွင် ချန်းမိသားစုခေါင်းဆောင် အလည်ပတ်ရောက်နေခြင်းသည် သူမအား သံသယဖြစ်စေသည်။

   သွမ့်လင်းထျန်သည် သူနှင့် ချန်းမိသားစု သမီးကြီး ချန်းမေအယ်တို့ကြား ပြဿနာအငြိအစွန်းရှိခဲ့သည်ကို ခပ်ရှက်ရှက်နှင့်ပင် ပြောပြလိုက်သည်။

   “ဒီကိစ္စက အသေးအဖွဲလေးပါပဲ၊ ဒီအတွက်ကြောင့် သူဒီကို လာစရာအကြောင်းမရှိဘူး၊ ဒီတော့ သူဒီကိုလာတာ တခြားစီးပွားရေးအကြောင်းကြောင့် ဖြစ်မှာပါ”
  လီရိုစိတ်သက်သာရာရသွားသည်။ သူမသည် သွမ့်လင်းထျန် ချန်းမိသားစုဝင်တစ်ယောက်ယောက်အား သတ်ခဲ့မည်ကိုသာ အဓိကစိုးရိမ်မိနေခြင်းပင်ဖြစ်သည်။

  သွမ့်လင်းထျန်သည် ဧည့်ခန်းမ အတွင်းသို့ လီရို၏နောက်မှ ဖြည်းဖြည်းချင်း လျှောက်ဝင်လာစဉ်မှာပင် လေထုအနည်းငယ် စိမ်းသက်သက်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

   “ဟန့်…”
   သတ်လတ်ပိုင်းအရွယ် လူနှစ်ယောက်သည် သွမ့်လင်းထျန်ကို တွန်းတိုက်၍ လီမိသားစု ဧည့်ခန်းမထဲမှထွက်ခွာသွားသည်။
သူတို့သည် သွမ့်လင်းထျန်ကို ဆုတ်ဖြဲတော့မယောင် ကြောက်မက်ဖွယ်အကြည့်များဖြင့် ကြည့်သွားကြသည်။

  “ခေါင်းဆောင်… ဒါက”
  လီရိုသည် ခေါင်းဆောင်လီနန်ဖန်းအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
  သူမသည် သွမ့်လင်းထျန်ကို သွားမခေါ်ခင်က ဖန်းမိသားစုဝင်နှစ်ယောက်သည် သွမ့်လင်းထျန်၏ အသက်ကို လိုချင်နေကြသည်။
သို့သော်လည်း ယခု သူမ၏သား ရောက်ရှိလာသည့်အခါ သူတို့သည် ဘာမျှမပြောဘဲ ထွက်ခွာသွားကြသည်။

   “ဒါတွေအားလုံးက မေအယ့်ကို ကျေးဇူးတင်ရမှာပါ၊ ဖန်းမိသားစုက သွမ့်လင်းထျန်ကို အပြစ်တင်စွပ်စွဲကြဖို့ လီမိသားစုကိုလာမှာ သူမ ခန့်မှန်းမိခဲ့တယ်တဲ့၊ အဲဒါကြောင့်ပဲ သူမက ချန်းမိသားစုခေါင်းဆောင်ကိုခေါ်ပြီး မျက်မြင်သက်သေလုပ်ပေးဖို့ ဒီကို ရောက်လာတာ၊ သွမ့်လင်းထျန် ဖန်းချွမ်ကို သတ်တုန်းက သူမ အဲဒီနေရာမှာရှိနေခဲ့တယ်၊ တကယ်တော့ ဖန်းချွမ်ကသာ သွမ့်လင်းထျန်ကို ဒေါသထွက်အောင် ရန်စခဲ့တာ၊ သွမ့်လင်းထျန်မှာ အပြစ်မရှိဘူး”
  လီနန်ဖန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

  “ကျေးဇူးပါ… မိန်းကလေး မေအယ်”
  လီရိုက မိန်းကလေးကိုကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြုံးပြလိုက်သည်။
  “ထျန်… ဒီအချိန်က မိန်းကလေးမေအယ်ကို ကျေးဇူးတင်ရမယ့်အချိန်ပဲ၊ မင်းဘာလို့သူ့ကို ကျေးဇူးမတင်သေးတာလဲ”
လီရိုက သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။

  သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်တောက်လာပြီး ချန်းမေအယ်က သူ့ကို ကူညီရခြင်းအကြောင်းရင်းကို စိတ်ဝင်တစားသိလိုစွာဖြင့် စိုက်ကြည့်လိုက်သည်။
  “ကျေးဇူးပါ မိန်းကလေးမေအယ်”
သူ၏ အမေက ပြောနေသောကြောင့်သာ စိတ်ထဲကမပါသော်လည်း သူ ကျေးဇူးတင်စကားပြောလိုက်သည်။

  “ရပါတယ်’
  ချန်းမေအယ်သည် သူမ၏ ကြည်လဲ့သည့် မျက်လုံးလေးကို မျက်တောင်အောက်အထက် ပုတ်ခတ်လိုက်ပြီး ပန်းလေးတစ်ပွင့်လို အလှဆုံးပြုံးလိုက်သည်။
  ယခင် ရေမှော်တောစားသောက်ဆိုင်မှတွေ့ခဲ့ရသည့် မနာလိုသောသမီးကြီးဆိုသူနှင့် ယှဉ်ကြည့်ပါက အခြားတစ်ယောက်လားပင် ထင်ရသည်။

  “မေအယ်က အရမ်းကို ယဉ်ကျေးသိမ်မွေ့တာပဲ၊ ခေါင်းဆောင်ချန်း… မင်းက သူ့ကို သေသေချာချာ ဆုံးမပဲ့ပြင်ပျိုးထောင်ထားတာပဲ”
  လီနန်ဖန်းသည် သတ်လတ်ပိုင်းအရွယ်လူ၏ဘေးက ချန်မေအယ်ကို ခပ်ဖျော့ဖျော့ ပြုံးကာ ကြည့်လိုက်သည်။

   ထိုသတ်လတ်ပိုင်းအရွယ်လူမှာ ချန်းမိသားစုခေါင်းဆောင် ချန်းလီပင်ဖြစ်သည်။

   ချန်းလီသည် ခေါင်းခါလိုက်ပြီးနောက် သွမ့်လင်းထျန်ကိုကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။
“ဒီအရွယ်လေးနဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားရှိတဲ့ လီမိသားစုက သွမ့်လင်းထျန်နဲ့တော့ ငါ့သမီးက ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ၊ သူ ကြီးပြင်းလာရင် လေပြေနုမြို့မှာ သူ့ကို ယှဉ်နိုင်မယ့်လူမရှိမှာကို‌တောင် စိုးရိမ်ရတယ်…”

    “နဝမအကြီးအကဲ၊ ငါမေးပါရစေ...မင်းရဲ့သားအတွက် အိမ်ထောင်ပြုဖို့ ကြံရွယ်ထားတဲ့သူများရှိလား”
  ချန်းလီသည် လီရိုကို ကြည့်ကာ မေးလိုက်သည်။

   ချန်းလီ၏ စကားကိုကြားလိုက်ရသောအခါ လီရို၊ သွမ့်လင်းထျန် နှင့် လီနန်ဖန်းတို့ အားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။
  သူတို့သုံးယောက်သည် ချန်းမေအယ်ကို အမှတ်မဲ့လှမ်းကြည့်လိုက်ကြသည်။ သူမ၏ပါးနှစ်ဖက်တွင် ရှက်သွေးဖြန်းလျှက် ရဲရဲနီနေသည်ကို သတိထားမိလိုက်ပြီးနောက်တွင် သူတို့သည် ချန်းလီမေးသည့် ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်ကြသည်။

   “ချန်းမေအယ် ငါ့ကို ကြွေသွားတာတော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား”
   သွမ့်လင်းထျန်၏ နှလုံးသား လှုပ်ခတ်သွားသည်။ ဖြစ်ပျက်နေသည်ကို သူ မယုံနိုင်အောင် ဖြစ်နေသည်။

   ဤမနက်ကပင် ရေမှော်တောစားသောက်ဆိုင်တွင် သူ နှင့် ချန်းမေအယ်တို့သည် မီးနှင့်ရေလို ဖြစ်ခဲ့ကြသည်။ မိန်းမတွေက ပြောင်းလဲတတ်သည်ဆိုလျှင်တောင် ဤမျှလောက်အထိတော့ မပြောင်းလဲသင့်ပေ။ 
   ထိုအချိန်တွင်သူ၏ အမေသည် သူ့အား ပြုံးစိစိမျက်နှာထားဖြင့် ကြည့်နေသည်ကို သူ သတိထားမိလိုက်သည်။
   တစ်ချိန်တည်းမှာပင် သူမ၏အကြည့်သည် သူ့သဘောထားကို မေးမြန်းနေသည်ဟု ခံစားရသည်။
   သွမ့်လင်းထျန်သည် ဘာလုပ်ရမှန်းမသိတော့သည့် မျက်နှာထားဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

  “အကြီးအကဲချန်း… ကံမပေးဘူးထင်ပါရဲ့၊ သိပ်မကြာခင်ကပဲ ငါ့သားအတွက် အိမ်ထောင်ဖက်ကို ‌ရွေးချယ်ပြီးသွားပါပြီ”
  လီရိုသည် ချန်းလီကို စိတ်မကောင်းသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

   “ဒါဆို ကံဆိုးတာပဲပေါ့၊ အကြီးအကဲလီ၊ နဝမအကြီးအကဲ၊ ညီငယ်သွမ့်…. ငါ့သမီးနဲ့ ငါ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ပြီးမြောက်သွားပါပြီ၊ ဒီတော့ အခု ငါတို့ ပြန်လိုက်ပါဦးမယ်”
  ချန်းလီသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်းမေအယ်နှင့်အတူ ထွက်ခွာသွားသည်။
  ချန်းမေအယ်သည် ထွက်ခွာသွားစဉ်တွင် သွမ့်လင်းထျန်ကို ခါးသက်သည့်အကြည့်ဖြင့် ကြည့်သွားသည်။ သူမ၏ မျက်နှာမှာ မိုးမှောင်ကျလျှက်ပင်….။

   “နဝမအကြီးအကဲ၊  မင်းရဲ့သားကို အိမ်ထောင်ပြုပေးဖို့ ဆုံးဖြတ်ထားတာ ငါဘာလို့ မသိခဲ့ရတာလဲ”
   လီနန်ဖန်းသည် လီရို့ကို စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။

   “ခေါင်းဆောင်၊ ခူအယ်နဲ့ အိမ်ထောင်ပြုပေးဖို့ ငါဆုံးဖြတ်ထားတာပါ”
  လီရိုသည် ခူအယ့်အကြောင်း ပြောရင်း သူမ၏ မျက်နှာပေါ်တွင် ပီတိပြုံးတစ်ခု ထွက်ပေါ်လာသည်။

  သူမပြောသည့် စကားကိုကြားလိုက်သည့်အခါ သွမ့်လင်းထျန် အံ့အားသင့်သွားသည်။
  သူ၏ စိတ်ထဲတွင်….
“ခူအယ်သာ အမေ့ရဲ့စကား ကြားလို့ကတော့ အရှက်လွန်ပြီး ခေါင်းတောင်ဖော်နိုင်မှာ မဟုတ်ဘူး”

  “လက်စသတ်တော့ ဒီလိုကိုး၊ သူတို့က တကယ်ကို လိုက်ဖက်ညီပါတယ်”
   လီနန်ဖန်းသည် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
  “ကဲ…နဝမအကြီးအကဲ၊ ဖန်းမိသားစုဝင်နှစ်ယောက် မရောက်လာခင်လောက်က ဂရန်းအကြီးအကဲက ငါ့ကို တွေ့ချင်လို့တဲ့၊ ငါလည်း အချိန်တော်တော် နောက်ကျနေပြီ၊ ဒီတော့ ငါသွားလိုက်ပါဦးမယ်”

   လီနန်ဖန်း ထွက်သွားသည်ကို ကြည့်နေရင်း သွမ့်လင်းထျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ထွက်လာသည်။
   ဂရန်းအကြီးအကဲက ခေါင်းဆောင်ကို တွေ့ချင်ရသည့် အကြောင်းရင်းကို သူကောင်းကောင်းသိသည်။
  “ခေါင်းဆောင် မတွန့်တိုဖို့ မျှော်လင့်ပါတယ်… မိုးကြိုးမီးလျှံဆေးလုံးက အဆင့်နိမ့်ဆေးလုံးဆိုပေမယ့် ဒီဆေးရဲ့အရေးပါမှုက လီမိသားစုအတွက် အံ့မခန်းဖြစ်မှာပါ”

    လီမိသားစုအကြီးအကဲများ၏ ကလေးများ မိုးကြိုးမီးလျှံဆေးလုံးကို စားသုံးပြီး ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ကို စုပ်ယူသည့်အခါ သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းသည် နှစ်ဆဖြစ်လာမည်ဖြစ်သည်။
   သွမ့်လင်းထျန် မိုးကြိုးမီးလျှံဆေးဖော်မြူလာကို လီဟော်အား ပေးရခြင်း၏ အဓိကအကြောင်းရင်းမှာ သူအတွက် မိုးကြိုးမီးလျှံဆေးလုံးများ လိုအပ်နေသောကြောင့်ပင် ဖြစ်သည်။
  မိုးကြိုးမီးလျှံဆေးလုံး၏ အထောက်အကူဖြင့်သာ လာမည့် နှစ်လခွဲအတွင်း၌ သူ၏ ကျင့်ကြံမှုအဆင့်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။

  “ထျန်… မင်း ဘာလို့ပြုံးနေတာလဲ… ငါအခု မင်းကို ပြောမယ်နော်၊ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ခူအယ်ကို မင်း မစွန့်ပစ်ရဘူးနော်၊ မဟုတ်လို့ကတော့ အမေ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
လီရိုသည် သွမ့်လင်းထျန်ကို လေးလေးနက်နက် ပြောလိုက်သည်။

  “အမေ… ဘာတွေလျှောက်ပြောနေတာလဲ”
  သွမ့်လင်းထျန် ခါးသက်သက် ရယ်မောလိုက်သည်။

  အမေက ဘာတွေဖြစ်နေတာလဲ….

  “ထျန်… မင်း နောက်ရက်တွေ အပြင်ထွက်ရင် အမေ့ကို အသိပေးဦး၊ အမေလည်းလိုက်မယ်"
လီရို ပြောလိုက်သည်။

  “ဖန်းမိသားစုဝင်တွေ ကျွန်တော့်ကို တိုက်ခိုက်မှာကို အမေစိုးရိမ်နေတာလား”
သွမ့်လင်းထျန် မှန်းဆကာပြောလိုက်သည်။

“ဟုတ်တယ်… ဖန်းထောင်ကော ဖန်းရှင်ကော နှစ်ယောက်စလုံးက လူကောင်းတွေမဟုတ်ဘူး၊ မင်းကို ကလိန်ကကျစ်ကျပြီး ချောင်းမြောင်းတိုက်ခိုက်မှာကို ငါစိုးရိမ်တယ်”

  “အမေ… ဖန်းချွမ်က ဖန်းထောင်ရဲ့သားမလား၊ သူက ကျွန်တော့်ကို လက်စားချေချင်တာက ပုံမှန်ပါပဲ၊ ဒါပေမယ့် ဖန်းမိသားစု တတိယအကြီးအကဲကကော ဘာလို့ ကျွန်တော့်ကို မုန်းတီးနေတာလဲ”
  သွမ့်လင်းထျန် စဉ်းစားလို့မရ ဖြစ်နေသည်။

  “ထျန်… ဖန်းရှင်က ဖန်းထောင်ရဲ့ အစ်ကိုပဲ”
   လီရို ရှင်းပြလိုက်သည်။

   “လက်စသတ်တော့ ဒီလိုကိုး…”
    သွမ့်လင်းထျန် သဘောပေါက်သွားသည်။
    ဖန်းချွမ်သည် ဖန်းမိသားစု တတိယအကြီးအကဲ၏ တူတော်မောင်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့အား ပြစ်တင်စွပ်စွဲရန် လီမိသားစုကို လာရောက်ခဲ့ခြင်းမှာ အံဩစရာ မဟုတ်တော့ပေ။
  သို့သော်လည်း ဖန်းမိသားစုသည် သူတို့ဖက်က မှားကြောင်းကို သိရှိသွားကြသည်။ ထိုသို့မဟုတ်ပါက ထိုကိစ္စကို ဖန်းမိသားစုတတိယအကြီးအကဲသာမက ဖန်းမိသားစုခေါင်းဆောင်ဖြစ်သူကပါ လက်သင့်ခံလိမ့်မည် မဟုတ်ပေ။

    ...........

   ဆယ်ရက်ကြာပြီးနောက် ဂရန်းအကြီးအကဲလီဟော်သည် သွမ့်လင်းထျန်ကို ခေါ်လိုက်သည်။
   သွမ့်လင်းထျန်သည် လီဟော်ကို နောက်ဆုံးအကြိမ်အနေဖြင့် အတွင်းဒဏ်ရာများ အရှင်းအပျောက် နှိပ်နယ်ကူညီပေးလိုက်ပြီးနောက် လီဟော်ကလည်း ပထမတစ်သုတ်အနေဖြင့် မိုးကြိုးမီးလျှံဆေးလုံးများကို သန့်စင်ပေးခဲ့သည်။
   ဤပထမအသုတ်သည် မိုးကြိုးမီးလျှံဆေးလုံး စုစုပေါင်း အလုံးသုံးဆယ်ရှိသည်။

    “ကလေး… ဒါက နှိပ်ခ ငွေတစ်ထောင်…  ဒီငွေသုံးသောင်းက လီမိသားစုက မင်းရဲ့ မိုးကြိုးမီးလျှံဆေးဖော်မြူလာအတွက်ပေးတာ”
   အဘိုးအိုလီဟော်သည် ငွေထုပ်ကြီးအား သွမ့်လင်းထျန်ကို ပေးအပ်လိုက်သည်။

   “ကျေးဇူးပါ ဂရန်းအကြီးအကဲ…”
   သွမ့်လင်းထျန်သည် ဂရန်းအကြီးအကဲ၏ လက်ထဲမှငွေထုတ်ကို  ဆတ်ခနဲ ဆွဲယူလိုက်သည်။

  “ မင်းရဲ့ ခန္ဓာကိုယ်သွေးသားတွေက အမြင့်ဆုံးအဆင့်ကို ရောက်နေတာကို ငါ သတိထားမိတယ်။  ကြည့်ရတာ မင်းမကြာခင် ခန္ဓာကိုယ်ကြံခိုင်မှုအဆင့် ငါးကိုချိုးဖြတ်တော့မှာပဲ ဟုတ်တယ်မလား …  မင်းရဲ့ပင်ကိုယ်စွမ်းရည်ရယ် မိုးကြိုးမီးလျှံဆေးလုံးရဲ့အထောက်အကူရယ်နဲ့ဆိုရင် နောက်နှစ်လအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ကိုရောက်ရှိနိုင်တယ်… မမျှော်လင့်ထားတာတွေသာ ဖြစ်မလာခဲ့ရင် မင်းရဲ့ လျင်မြန်တဲ့ဓားစွမ်းရည်ကို အသုံးပြုပြီး ဖန်းချန်ကို သတ်နိုင်တယ်”
   အဘိုးအို၏ မျက်လုံးများမှေးစင်းသွားပြီး ဖြည်း‌လေးစွာ ပြောလိုက်သည်။

   “ဂရန်းအကြီးအကဲ… အကြီးအကဲ ဘယ်လိုလုပ် ဒီကိစ္စကို သိသွားတာလဲ”
   သွမ့်လင်းထျန် ကြောင်အမ်းအမ်း ဖြစ်လို့နေသည်။
   ဂရန်းအကြီးအကဲက သူ လျင်မြန်တဲ့ ဓားစွမ်းရည်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ခုနှစ်ဖန်းချွမ်ကို သတ်လိုက်တာကို ဘယ်လိုသိသွားတာလဲ...

   “ဒီကိစ္စက လေပြေနုမြို့မှာ လူမသိတဲ့ကိစ္စမှမဟုတ်တာ… လွန်ခဲ့တဲ့လဝက်လောက်ကပဲ ခေါင်းဆောင်ဆီက ငါကြားပြီးပြီ… ကလေး...မင်းရဲ့ စွမ်းအားကို မင်း ဘာကြောင့်ကောင်းကောင်းဖုံးကွယ်တတ်လဲဆိုတာ ငါမသိဘူး၊ ကြည့်ရတာ လီကျယ် မသန်မစွမ်းဖြစ်သွားတာလည်း သိပ်မရိုးရှင်းဘူးနဲ့တူတယ်”
  အဘိုးအိုသည် သွမ့်လင်းထျန်အား စိုက်ကြည့်လိုက်သည်။

  “အဲ့ဒါက မတော်တဆပါ”
  သွမ့်လင်းထျန် ရှိုးတိုးရှန့်တန့်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် ငွေထုပ်ကို ယူပြီး ထွက်လာခဲ့လိုက်သည်။

   “သူက လေပြေနုမြိုမှာ မနေချင်တာဆိုးတာပဲ...မဟုတ်ရင် ငါတို့လီမိသားစုက လေပြေနုမြို့မှာ ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်"
  အဘိုးအို သက်ပြင်းချလိုက်သည်။ သူ၏ လေသံထဲတွင် စိတ်မကောင်းဖြစ်သည့် အရိပ်အမြွက်များ ပါဝင်နေသည်။


🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၈) ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ငါး

     သွမ့်လင်းထျန်သည် ဂရန်းအကြီးအကဲက သူ့အားဘယ်လောက်ထိ မြင့်မြင့်မားမား တွေးတောထားသည်ကို မသိရှိခဲ့ပေ။ သူသည် ဂရန်းအကြီးအကဲ၏ အိမ်မှထွက်လာပြီးနောက် သူ၏အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်သည်။

    ရတနာခုနှစ်ပါး ခန္ဓာသန့်စင်‌ဆေးရည်စည်ကို ပြင်ဆင်လိုက်ပြီးနောက် သူ၏ အဝတ်အစားများကို ချွတ်ချလိုက်သည်။
   ထို့နောက် သူသည် မိုးကြိုးမီးလျှံဆေးလုံးကို စားသုံးလိုက်သည်။
   သွမ့်လင်းထျန်၏ ခန္ဓာကိုယ်တစ်ခုလုံး တစစ်စစ်နာကျင်မှုကို ခံစားမိလိုက်သည်။
   တစ်ခဏအတွင်းမှာပင် ထိုနာကျင်မှုသည် ပိုမိုပြင်းထန်လာသည်…

     ရှီး.. စလစ်…

    ထိုအချိန်၌ သွမ့်လင်းထျန်သည် သူ့အား မိုးကြိုးနှင့် မီးလျှံများ ရိုက်ခတ်သွားသည်ဟု ခံစားမိလိုက်သည်။
    တစစ်စစ်နာကျင်မှုဝေဒနာသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ညည်းသံသဲ့သဲ့ပင် ထွက်ပေါ်လာသည်။
    ကံကောင်းစွာပင် သူသည် နှစ်ဘဝအတွေ့အကြုံရှိသူဖြစ်၍ သူ၏ စိတ်ဓာတ်မှာ အလွန်မာကျောသည်။ ထို့ကြောင့် သူသည် မိုးကြိုးမီးလျှံဆေးလုံး၏ ဆေးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အလွယ်တကူပင် တောင့်ခံထားနိုင်ခဲ့သည်။
    နာရီဝက်ကြာပြီးနောက် သွမ့်လင်းထျန်သည် သူ၏ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများ စတင်သက်သာလာသည်ကို သတိထားမိလိုက်သည်။
   သူ၏ ခန္ဓာကိုယ်မှ မွေးညင်း‌ပေါက်များအားလုံး ပွင့်ထွက်သွားပြီး ဆေးရည်စည်အတွင်းမှ ရတနာခုနှစ်ပါး ခန္ဓာသန့်စင်ဆေးရည်အား လောဘစောကြီးစွာဖြင့် စုပ်ယူနေသည်ကို ခံစားလိုက်ရသည်။
   စုပ်ယူနှုန်းမှာ ယခင်ကထက် နှစ်ဆပိုမြန်သည်။

   နဂါးကိုးကောင် စစ်ဘုရင်ပညာရပ်.. ဝိညာဉ်မြွေပုံစံ…

    သွမ့်လင်းထျန်သည် နဂါးကိုးကောင် စစ်ဘုရင်ပညာရပ်အား စတင်ကျင့်ကြံလိုက်သည်။
   သူ၏ခန္ဓာကိုယ်အတွင်းမှ အသက်သွေးကြောသည် ပိုမိုသန်မာလာသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း အကန့်အသတ်တံခါးဝအား လျင်မြန်စွာ ချိုးဖျက်နေသည်ဟု ခံစားနေရသည်။

     ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် ငါး…

    သွမ့်လင်းထျန်၏ မျက်လုံးများပွင့်လာသည်။ သူ၏မျက်နှာသည် ပျော်ရွှင်ဝမ်းမြောက်သည့် အရိပ်အ‌ယောင်တို့ဖြင့် ပြည့်နှက်နေသည်။
    မျှော်လင့်ထားသည့်အတိုင်း မိုးကြိုးမီးလျှံဆေးလုံးသည် သူ့အားစိတ်မပျက်စေခဲ့ပေ။
    ပုံမှန်တိုင်းဆိုပါက သွမ့်လင်းထျန်သည် ရတနာခုနှစ်ပါး ခန္ဓာသန့်စင်ဆေးရည်တစ်ဖုံအား စုပ်ယူရန် နေ့ဝက်အချိန်ယူရမည်ဖြစ်သည်။
    ၎င်းသည် သူ၏ အကန့်အသတ်ဖြစ်သည်။

    သို့သော် ယခု သူသည် အချိန်နေ့တစ်ဝက်ဖြင့် ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည် နှစ်ဖုံစာကို စုပ်ယူကာ ချက်ချင်းချိုးဖျက်နိုင်ခဲ့သည်။

    .............

    နောက်တစ်နေ့တွင် သွမ့်လင်းထျန်သည် ဂရန်းအကြီးအကဲဆီသို့ထပ်မံရောက်လာခဲ့သည်။

    “ကလေး.. မင်း ဒီကို ဘာလုပ်ဖို့လာတာလဲ… မနေ့က ငါပေးလိုက်တဲ့ ငွေသုံးသောင်း အကုန်သုံးပြီးသွားပြီလို့ မပြောနဲ့နော်”
    လီဟော်သည် သွမ့်လင်းထျန် ဝင်လာသည်ကို မြင်သည့်အခါ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်၍သွားသည်။

   “ဂရန်းအကြီးအကဲ၊ ကျွန်တော် ဒီကိုလာတာ ငွေတောင်းမလို့မဟုတ်ပါဘူး… အကြီးအကဲရဲ့ ဆေးမီးနဲ့ ဒီဓားကို အရည်ကျိုချင်လို့ပါ”
   သွမ့်လင်းထျန် ရှက်ပြုံးပြုံးလိုက်သည်။
   ထို့နောက် ခရမ်းရောင်ဓားတိုကို ဓားအိမ်ထဲမှ ထုတ်ယူလိုက်သည်။

   “ ဒီခရမ်းရောင်ဓားက ခရမ်းရောင်သတ္တုရိုင်းနဲ့လုပ်ထားတာမလား… ကလေး၊ ငါ့ရဲ့ ဆေးမီးနဲ့ ခရမ်းရောင်သတ္တုရိုင်းကို အရည်ကျိုလိုက်ရင် ဒီသတ္တုရိုင်းကသာမန်အမျိုးအစားဖြစ်တာကြောင့် အငွေ့ပြန်ပြီးပျောက်သွားလိမ့်မယ်…”
    လီဟော် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

    “ဂရန်းအကြီးအကဲ.. အကြီးအကဲတကယ်ပဲ အဲဒီလိုဖြစ်မယ်လို့ ထင်တယ်ပေါ့… ဒါဆို.. ကျွန်တော်တို့ အလောင်းအစားလုပ်ကြမလား…”
    သွမ့်လင်းထျန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

    လီဟော်က သွမ့်လင်းထျန်အား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ ဤကလေးသည် အကျိုးအမြတ်မရှိဘဲ မည်သည့်အရာမှ မလုပ်ကြောင်းကို သူ ကောင်းကောင်းသိပေသည်။ ထို့ကြောင့် သူသည် သွမ့်လင်းထျန်၏ အရူးလုပ်ခြင်းအား ခံလိမ့်မည်မဟုတ်ပေ။

    ထို့သို့ဖြစ်သော်လည်း သွမ့်လင်းထျန်၏လက်ထဲက ဓားကိုတော့ သူ စိတ်ဝင်စားသွားခဲ့သည်။
    ဒါကို သူကပဲ အထင်မှားနေတာလား...
    လီဟော်သည် သွမ့်လင်းထျန်၏ လက်ထဲမှ ခရမ်းရောင်ဓားတိုကို မြန်မြန်ဆန်ဆန်ပင် ဆွဲယူလိုက်သည်။
   သူ၏ မူလစွမ်းအင်များသည် နို့နှစ်ရောင်ဆေးမီးအဖြစ်ပြောင်းလဲသွားပြီး ဓားတိုကို ဖုံးလွှမ်းသွားသည်။

    နာရီဝက်ခန့်ကြာပြီးနောက်…
    ဓား၏ သတ္တုထက်ဝက်ကျော်သည် အငွေ့ပြန်သွားခဲ့သော်လည်း ကျန်သည့် ခရမ်းရောင်သတ္တုရိုင်းသည် အငွေ့ပြန်မသွားဘဲ အရည်အဖြစ်ပြောင်းလဲသွားခဲ့သည်။ဂ
    လီဟော်သည် ထိုခရမ်းရောင်သတ္တုရိုင်းအား သူ၏ ဆေးမီးဖြင့် အငွေ့ပြန်အောင် အသဲအသန်ကြိုးစားသော်လည်း မထူးခြားနားပင်။
    လီဟော်၏မျက်နှာမှာ ချွေးများပင် စို့လာသည်။
    သူ၏လက်ကို ဝှေ့ယမ်းကာ ဆေးမီးကို ပြန်ရုတ်လိုက်သည်။

    “ကလေး… ဒါက လက်နက်ပညာရှင်တွေ လက်နက်ထုလုပ်တဲ့ အထူးသတ္တုလား…”
     အမှန်စင်စစ်တွင် ဆေးမီးသည် အဆင့်မြင့်သံမဏိကိုပင် အငွေ့ပြန်အောင် စွမ်းဆောင်နိုင်သည်။
    ထို့ကြောင့် လက်နက်ပညာရှင်များ လက်နက်ထုလုပ်သည့် သတ္တုတစ်မျိုးတည်းသာ သူ၏ ဆေးမီးကို ခံနိုင်ပြီး အငွေမပြန်နိုင်မည်ဖြစ်သည်။

    “ဟုတ်တယ်…”
    သွမ့်လင်းထျန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းကိုညိတ်ပြလိုက်သည်။

   “ဒါဘာသတ္တုမျိုးလဲဆိုတာ မင်းငါ့ကို ပြောပြနိုင်မလား”
   လီဟော်သည် သက်ပြင်းတစ်ချက်ချရင်း မေးလိုက်သည်။

     “ခရမ်းရောင် ဥက္ကာခဲပါ”
     သွမ့်လင်းထျန် ဖုံးကွယ်လိုစိတ်မရှိဘဲ အမှန်အတိုင်း ပြောလိုက်သည်။

     “ဘာ…”
     လီဟော် အလွန်အံ့အားသင့်သွားသည်။
     သူသည် အဆင့်ကိုးမှော်ဆေးပညာရှင်တစ်ယောက်သာဖြစ်သော်လည်း လက်နက်ပညာရှင်တို့၏ ရတနာဟုမည်သော ခရမ်းဥက္ကာခဲသံသတ္တုကိုတော့ ကြားဖူးပေသည်။
     “ကလေး.. မင်းဒီဓားကို ဘယ်ကနေရခဲ့တာလဲ”
     လီဟော်သည် ထိုသို့မေးလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ဆွဲလိုက်သည်။

     “လီမိသားစုလက်နက်ဆိုင်ကပါ…. ကျွန်တော် ဒါအတွက် ငွေနှစ်ရာ‌တောင် သုံးလိုက်ရတယ်”
     သွမ့်လင်းထျန်သည် နာကျင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

     ငွေနှစ်ရာ...
     လီဟော်၏ မျက်နှာရှုံ့မဲ့သွားသည်။
     ဒီလောက်ဈေးကြီးတဲ့ ခရမ်းရောင်ဥက္ကာခဲကို ငွေနှစ်ရာတည်းနဲ့ရတာလား…
    လက်နက်ပညာရှင်များသာ ထိုအကြောင်းကို သိသွားပါက သူတို့ကိုယ်သူတို့ သတ်သေချင်စိတ်တောင် ပေါက်သွားလိမ့်မည်ဖြစ်သည်။

    “ဒီတော့.. ဒီဓားက တကယ်ပဲ ခရမ်းရောင် ဥက္ကာခဲသတ္ထုကို ဖိုထိုးပြီးထုလုပ်ထားတာလား”
    လီဟော်က မေးစမ်းလိုက်သည်။

    “ဂရန်းအကြီအကဲက ခရမ်းရောင်ဥက္ကာခဲသံသတ္ထုကို သိလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး”
   သွမ့်လင်းထျန် တအံ့တဩဖြစ်နေသည်။

   “ငါ ရှေးဟောင်းစာအုပ်တစ်ချို့မှာ အမှုမဲ့ အမှတ်မဲ့တွေ့ခဲ့ဖူးတယ်၊ ခရမ်းရောင်ဥက္ကာခဲသံတ္ထုနဲ့ ခရမ်းရောင်သတ္တုရိုင်းနဲ့က ခွဲခြားဖို့ အရမ်းခဲယဉ်းတယ်…  ကလေး မင်း ဒါကို ဘယ်လို ခွဲခြားနိုင်ခဲ့တာလဲ…”
   လီဟော်သည် လူငယ်ကို ထိုးဖောက်နိုင်အောင်ကြိုးစားသည့်အကြည့်ဖြင့် နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။
           
   ကံမကောင်းစွာပင် သူ စိတ်ပျက်ခြင်းသာ ရရှိခဲ့သည်။ သွမ့်လင်းထျန်ကို သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

   သွမ့်လင်းထျန်သည် နားလည်ရခက်သော အပြုံးပြုံးလိုက်ပြီး လီဟော်၏ အမေးကို ပြန်အဖြေခဲ့ပေ။
   “ဂရန်းအကြီးအကဲ၊ ကျွန်တော့်မှာ လုပ်စရာကိစ္စတွေရှိနေသေးတယ်… ဒါကြောင့် ကျွန်တော်သွားလိုက်ပါဦးမယ်”
   သွမ့်လင်းထျန်သည် လီဟော်ဆီက ခရမ်းရောင်ဥက္ကာခဲကို ယူပြီးနောက် ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။

    “ဒီကလေးက တစ်ခြားလူတစ်ယောက်အလားကို လုံးဝပြောင်းလဲသွားတာပဲ … အင်း…. သူ့ရဲ့ ဆရာ အဆင့်ခုနှစ်မှော်ဆေးပညာရှင်ရဲ့ ကျေးဇူးတွေကြောင့်ပဲဖြစ်မယ်”
   ထိုသို့ တွေးတောလိုက်ပြီးနောက် ဂရန်းအကြီးအကဲ၏ မျက်လုံးများ အရောင်လက်သွားသည်။

   သွမ့်လင်းထျန်သည် ခရမ်းရောင်ဥက္ကာခဲကို ယူပြီး ဂရန်းအကြီးအကဲအိမ်မှပြန်လာခဲ့သည်။ အိမ်သို့ ပြန်ရောက်လာသောအခါ သူသည် အခန်းထဲတွင် လေ့ကျင့်နေသည့် ခူအယ်ကို အနှောင့်အယှက်ပေးမနေတော့ပဲ… ဒီ့အစား သူ၏အမေနှင့်အတူ လီမိသားစုနေအိမ်အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။

     “ထျန်…  မင်း ဒီသတ္တုကို ဓားနှစ်လက်ရအောင် ပန်းပဲသမားတစ်ယောက်ကို ထုလုပ်ခိုင်းချင်လို့လား”
     သွမ့်လင်းထျန်၏ လက်ထဲမှခရမ်းရောင်သတ္တုကို ကြည့်နေသည့် လီရို၏မျက်နှာတွင် မယုံကြည်သလိုအရိပ်ယောင်များဖြင့် ပြည့်နှက်နေသည်။
    သူမ၏အမြင်တွင် ထိုသတ္တု၏ပမာဏသည် ဓားမြှောင်တစ်ချောင်းနှင့် အခြားသေးငယ်သော လက်နက်တစ်ခု ထုလုပ်နိုင်ရုံသာရှိသည်။

    “ဘာလဲ… အမေ ကျွန်တော့်ကို မယုံဘူးလား”
     သွမ့်လင်းထျန် ပြုံးလိုက်သည်။

     လီရို ခေါင်းခါလိုက်သည်။
     သားအမိနှစ်ယောက်သည် လီမိသားစု ပန်းပဲဆိုင်သို့ လျင်မြန်စွာပင် ရောက်ရှိလာကြသည်။

    “နဝမအကြီးအကဲ..”
    သူတို့နှစ်ယောက်ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်ရသည့်အခါ ဆိုင်ဝန်ထမ်းသည် လီရိုအား ဦးညွှတ်ပြီး နှုတ်ဆက်ဂါဝရပြုလိုက်သည်။

    “မင်းတို့ရဲ့ မန်နေဂျာ ဘယ်မှာလဲ”
    လီရိုသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်မေးလိုက်သည်။

   “ဟားဟား… မလာစဖူး အလာထူးလှချည်လား နဝအကြီးအကဲ…  ကျွန်တော့် ပန်းပဲဖိုကနေ လိုချင်တာများရှိလို့လား…”
    သတ်လတ်ပိုင်းအရွယ်လူတစ်ယောက် ပန်းပဲဖိုထဲမှ ထွက်လာသည်။
    ထိုသတ်လတ်ပိုင်းအရွယ်လူသည် ဟိတ်ဟန်ပါပါရယ်မောလိုက်သည်။ သူသည် လျင်မြန်စွာ လျှောက်လာပြီး သွမ့်လင်းထျန်နှင့် လီရိုတို့ရှေ့၌ ရပ်လိုက်သည်။

    “ဒါ သခင်လေး လင်းထျန်ဖြစ်ရမယ်… ဟုတ်တယ်မလား”
    သတ်လတ်ပိုင်းအရွယ်လူသည် သွမ့်လင်းထျန်ကို ကြည့် လိုက်ပြီး ပေါ့ပါးစွာပင် ပြုံးပြလိုက်သည်။

    “ထျန်… ဒါက ငါတို့ လီမိသားစုရဲ့ ပန်းပဲဆရာ မန်နေဂျာလုံပဲ၊ လက်နက်ဆိုင်မှာရောင်းတဲ့ အဆင့်မြင့်သံမဏိဓားတွေအားလုံးက သူ့လက်ရာတွေချည်းပဲ…”
    လီရိုက သွမ့်လင်းထျန်ကို ပြောလိုက်သည်။

   “မန်နေဂျာလုံ”
   သွမ့်လင်းထျန်သည် သတ်လတ်ပိုင်းလူရွယ်ကို ပြုံးပြနှုတ်ဆက်လိုက်သည်။

    “နဝမအကြီးအကဲ… ခင်ဗျား ကျုပ်ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာပဲ၊ အဲ့ဒီနှစ်ကသာ ခေါင်းဆောင်ကို ကျုပ်အတွက်ခင်ဗျားမတောင်းပန်ပေးရင် ကျုပ်အခုချိန်ထိ လီမိသားစုမှာ ဘယ်လိုလုပ်ရှိနေနိုင်မှာလဲ " ”
    သတ်လတ်ပိုင်းအရွယ်လူက ပြောလိုက်သည်။ သူသည် အတိတ်က အ‌ကြောင်းအရာများကို ပြန်ပြောင်းအမှတ်ရသွားကာ သက်ပြင်းချလိုက်သည်။

   “လီလုံ၊ အတိတ်ကဟာတွေ ပြန်ပြောမနေပါနဲ့… ဒီနေ့ ငါ ဒီကို လာရတဲ့အကြောင်းအရင်းက ငါ့သားအတွက် ဓားနှစ်လက် လုပ်ပေးခိုင်းမလို့ပါ”
   လီရိုက ခေါင်းကို ခါယမ်းလိုက်သည်။

   သူမသည် ထိုသို့ပြောလိုက်ပြီး သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။
  “ထျန်… မန်နေဂျာလီက လီမိသားစုတစ်ခုလုံးရဲ့ အတော်ဆုံး ပန်းပဲသမားတစ်ယောက်ပဲ… သူ ထုလုပ်တဲ့ အဆင့်မြင့်သံမဏိဓားတွေက လေပြေနုတစ်မြို့လုံးမှာ ကျော်ကြားတယ်...တခြားမိသားစုနှစ်ခုက သွန်းလုပ်တဲ့ အဆင့်မြင့်သံမဏိဓားတွေတောင် သူ့ရဲ့ အဆင့်မြင့်သံမဏိဓားတွေကို မယှဉ်နိုင်ဘူး "

   လီရိုပြောသည့် စကားကို ကြားသည့်အခါ သွမ့်လင်းထျန်သည် သွက်လက်ပေါ့ပါးစွာပင် ခေါင်းညိတ်ပြလိုက်သည်။

   “သခင်လေးလင်းထျန် ဘယ်ဓားအမျိုးအစားကို ထုလုပ်ပေးစေချင်လို့လဲ”
   လီလုံသည် တလေးတစားဖြင့် မေးလိုက်သည်။

   “မန်နေဂျာလုံ… ကျွန်တော့်ကို ဒီသတ္တုနဲ့ ပျော့ပျောင်းတဲ့ ဓားနှစ်လက် ထုလုပ်ပေးစေချင်ပါတယ်၊ တတ်နိုင်သမျှ အပါးဆုံးဖြစ်အောင်လုပ်ပေးပါ”
   သွမ့်လင်းထျန်သည် သူ၏လက်ထဲက လက်သီးအရွယ်ခရမ်းရောင်သတ္တုကို ထုတ်ပြလိုက်သည်။

    “‌ပျော့ပြောင်းတဲ့ဓားလား… သခင်လေးလင်းထျန် ပျော့ပြောင်းတဲ့ဓားလုပ်မယ်ဆိုရင် အဆင့်မြင့်တဲ့သတ္တုပျော့နဲ့ မှရလိမ့်မယ်၊ ဒါပေမဲ့ ငါ မင်းရဲ့လက်ထဲက သတ္တုကို မသိဘူး.. ငါ့ကို ခွင့်လွှတ်ပါ”
    လီလုံ၏ မျက်လုံးများ အရောင်လက်သွားပြီး ဖြေးလေးစွာပြောလိုက်သည်။

    လီရို၏ မိုးမရွက်ပုံမျက်ခုံးများမသိမသာတွန့်သွားပြီး သူမ၏ မျက်နှာလှလှလေးထက်တွင်လည်း အံ့အားသင့်သည့် အရိပ်အယောင်တို့ဖြစ်ပေါ်သွားသည်။
    သူမသည် လီလုံ၏ စွမ်းရည်ကို ကောင်းကောင်းသိသည်။ သို့သော် လီလုံပင် သူမသား၏ လက်ထဲမှ သတ္တုကို ဘာသတ္တုမှန်း မခွဲခြားနိုင်ခဲ့ပေ။
   ၎င်းသည် သာမန်သတ္တုမဟုတ်သည်မှာ ထင်ရှားနေပြီဖြစ်သည်။


🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၂၉)ပျော့ပြောင်းပါးလျသောခရမ်းရောင်ဥက္ကာခဲဓား

  “မန်နေဂျာလုံ..ဒါကိုသာ ပါးနိုင်သမျှ အပါးဆုံးဖြစ်အောင်လုပ်ပေးပါ”
   သွမ့်လင်းထျန်က ပြုံးပြလိုက်သည်။

   ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာပဲ...
   တိမ်ကုန်းမြေတိုက်ကြီးတွင် မည်သည့်သတ္တုကမျှ ခရမ်းရောင်ဥက္ကာခဲသံသတ္တု၏ ပါးလျပျော့ပျောင်းနိုင်စွမ်းကို ယှဉ်နိုင်စွမ်းမရှိပေ။
    ခရမ်းရောင်ဥက္ကာခဲသံသတ္တုကို လက်နက်ပညာရှင်များ လက်နက်ထုလုပ်ရန်အတွက် ရှာဖွေကြခြင်းမှာ ထိုသတ္တု၏ ပါးလျပျော့ပျောင်းနိုင်စွမ်းကြောင့်ပင် ဖြစ်သည်။

    “ကောင်းပြီ ငါ ကြိုးစားပေးပါ့မယ်”
    လီလုံ ခေါင်းညိတ်လိုက်ပြီး ခရမ်းရောင်ဥက္ကာခဲသံသတ္တုကို လက်ခံလိုက်သည်။
    သူသည် သတ္တုအဝောာ်အများနှင့် အကျွမ်းဝင်မှုရှိသော်လည်း ဤသတ္တုကို ပိုင်းခြားနိုင်စွမ်းမရှိသောကြောင့် စိတ်ဝင်စားနေမိသည်။

    “သခင်လေးလင်းထျန်… ငါ့ရဲ့ ပန်းပဲဖိုကို လိုက်ခဲ့ပါ”

    သွမ့်လင်းထျန်သည် လီလုံ၏ ဦးဆောင်မှုဖြင့် လီမိသားစု၏ ပန်းပဲဖိုအတွင်းခန်းထဲသို့ လိုက်ပါလာခဲ့သည်။
    ပန်းပဲဖိုထဲတွင် ပစ္စည်းတန်ဆာပလာများ ပြည့်နှက်နေသည်။
    အခန်းထောင့်နားရှိ လက်နက်စင်များပေါ်တွင် အရောင်တောက်ပနေသည့် အဆင့်မြင့်သံမဏိဓားများ အစီအရီတင်ထားသည်။
   သွမ့်လင်းထျန်၏ အကြည့်အောက်တွင် လီလုံသည် အင်္ကျီကို ချွတ်ပစ်လိုက်ရာ သူ၏ တောင့်တင်းခိုင်မာပြီး ဖွံ့ထွားသည့် ခန္ဓာကိုယ်ပေါ်လွင်လာသည်။
   သူသည် ခရမ်းရောင်ဥက္ကာခဲသံသတ္တုကို ပန်းပဲဖို မီးခွက်ထဲကို ထည့်လိုက်ပြီး မီးမြိုက်ကာ အပူပေးလိုက်သည်။
   လီလုံသည် မီးကို အောက်မှထိုးလိုက်သည့်အခါ မီးများ တရှဲရှဲဖြင့် စတင်တောက်လောင်သည်။
   မီး၏အပူချိန်သည် အပြင်းထန်ဆုံး လောင်ကျွမ်းသည့်အခြေအနေသို့ ရောက်ရှိလာသည်။

   တစ်နာရီကြာပြီးနောက် နောက်ဆုံးတွင် ခရမ်းရောင်ဥက္ကာခဲသတ္တုသည် စတင်အရည်ပျော်လာပြီဖြစ်သည်။

    လီလုံ စိတ်လျော့ကျသွားပြီး သက်ပြင်းချလိုက်သည်။
    သို့သော်လည်း သူ၏ စိတ်ထဲတွင် အလွန်ထိတ်လန့်၍ နေသည်။
    အဆင့်မြင့် သံမဏိသည်ပင် ဤသို့သောအပူချိန်အောက်တွင် အရည်ပျော်လာဖို့မှာ နာရီဝက်ထက် ပိုမလိုအပ်ပေ။

    ဤသတ္တုမှာ အမှန်တကယ်ထူးခြားပေသည်။
    ထို့ကြောင့်ပင် ထိုအရာသည် သူ့အတွက်စိန်ခေါ်မှုအသစ်တစ်ခုလိုဖြစ်လာပြီး သူ့အား စိတ်လှုပ်ရှားလာစေခဲ့သည်။

    ခဏကြာပြီးနောက် လီလုံ မတ်တတ်ထရပ်လိုက်သည်။
   သူသည် တူကို ကောက်ကိုင်လိုက်သည့်အခါ ကြွက်သားနှင့်အကြောများ ထောင်တက်လာခဲ့သည်။

   “ထန်”

   သူ၏ တူဖြင့် ပျော့ပျောင်းနေသည့် ခရမ်းရောင်ဥက္ကာခဲသံသတ္တုကို ပြင်းထန်စွာထုနှက်လိုက်သည်။
   ချက်ချင်းဆိုသလိုပင် ခရမ်းရောင်ဥက္ကာခဲသတ္တုသည် ရွံ့ကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်လာသည်။

  “ တော်တော် ပျော့ပြောင်းတာပဲ”
   လီလုံသည် အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။

    “သခင်လေးလင်းထျန်၊ ဓားနှစ်လက်ထုလုပ်ဖို့က ပြဿနာမဟုတ်တော့ပါဘူး”
    လီလုံသည် သူ၏အနားရှိ လူငယ်ကို ကြည့်ကာ ပေါ့ပါးစွာပင် ပြုံးပြလိုက်သည်။

   “ကျွန်တော် မန်နေဂျာလုံကို ဒုက္ခပေးမိပါပြီ”
   သွမ့်လင်းထျန် ခေါင်းညိတ်ပြလိုက်သည်။

    ထန်…

    ထန်…

    … …

    လီလုံသည် လက်ထဲကတူဖြင့် အကြိမ်ကြိမ်ထုရိုက်ပြီး ခရမ်းရောင်ဥက္ကာခဲသံသတ္တုကို နှစ်ပိုင်း ခွဲလိုက်သည်။
   ထို့နောက် ဓားနှစ်လက်အသွင် တဖြည်းဖြည်းပေါ်လွင်လာသည်။

   ဘေးမှ စောင့်ကြည့်နေသော သွမ့်လင်းထျန်၏ လီလုံကိုကြည့်‌သောအကြည့်များတွင် လေးစားမှုများ ပါဝင်လာသည်။
   လက်နက်တစ်ခု ထုလုပ်ရာတွင်  အပူချိန်ထိန်းညှိခြင်းနှင့် သတ္တုဆွဲ၍ပုံသွင်းရာ၌ လီလုံသည် အခက်အခဲမရှိဘဲ ထိုအရာများကို အကောင်းဆုံးလုပ်နိုင်ခဲ့သည်။
  ဤအချက်ကို အခြေခံ၍ မန်နေဂျာလုံသည် ပန်းပဲအတတ်တွင် အတော်ကျွမ်းကျင်သည်ကို လွယ်ကူစွာပင် သိနိုင်ပေသည်။
  ထို့ကြောင့်လည်း လေပြေနုမြို့တော်တွင် သူ ထုလုပ်သည့် အဆင့်မြင့်သံမဏိဓားသည် အကောင်းဆုံးဖြစ်သည်မှာ လက်ခံနိုင်စရာပင်။
  နှစ်နာရီကြာပြီးနောက် လီလုံသည် ပန်းပဲဖိုထိုးခြင်းကို နောက်ဆုံးအနေဖြင့် အဆုံးသတ်လိုက်သည့်အခါ ပျော့ပျောင်းပါးလျသောဓားနှစ်လက်မှာလည်း ‌နောက်ဆုံးသွင်ပြင်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

  မီးတောက်များကြားထဲတွင် ဓားနှစ်လက်ကို မြင်နေသည်။ ထိုဓားနှစ်လက်သည် ပန်းပဲဖိုထဲတွင် တဖိတ်ဖိတ်တောက်ကာ ပုဇဉ်းတောင်ပံများလို ကြည်လင်ကာဖောက်၍ မြင်နေရလောက်သည်ထိအောင် ပါးလျလို့နေပေသည်။

  ချွင်…..

  လီလုံသည် သူ၏ဘယ်ဘက်လက်ဖြင့် လက်နက်စင်ပေါ်မှ အဆင့်မြင့်သံမဏိဓားတစ်လက်ကို ဆွဲယူလိုက်သည်။
သူသည် အဆင့်မြင့်သံမဏိဓားဦးဖြင့် ပါးလျသောဓားကိုချိန်ရွယ်၍ ခုတ်ချလိုက်သည်။

   ထန်…

  အဆင့်မြင့်သံမဏိဓား ပြတ်တောက်သွားသည်။ စက္ကူစတစ်ခုအလားပင် ဖြစ်သည်။

  “တကယ်မိုက်တဲ့ဓားပဲ”
   သွမ့်လင်းထျန်၏ အကြည့်များတောက်ပလာသည်။
   လီလုံ၏ ပန်းပဲစွမ်းရည်သည် သူ့အား အလွန်အံ့အားသင့်စေခဲ့သည်။

   ဤဓားနှစ်လက်သည် လက်နက်ပညာရှင်များပြုလုပ်သည့် လက်နက်များကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်ခြင်းမရှိသည်မှလွဲ၍ အခြားလက္ခဏာရပ်များအနေဖြင့် ၎င်းသည် အဆင့်ကိုးလက်နက်ပညာရှင်များ ပြုလုပ်သည့် လက်နက်တချို့နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

   “သခင်လေးလင်းထျန် ကျေးဇူးတင်ပါတယ်”
   လီလုံသည် သွမ့်လင်းထျန်ကို ဦးညွှတ်ပြီးတော့ပင် လေးစားမှုကို ပြသလိုက်သည်။

  “မန်နေဂျာလီ .. ဘာလို့ ဒီလိုလုပ်တာလဲ..”
  သွမ့်လင်းထျန်သည် ချက်ချင်းဆိုသလိုပင် ပြန်လည်၍ ဦးညွှတ်ဂါဝရပြုလိုက်သည်။

   “သခင်လေးလင်းထျန်က ဒီလိုရှားပါးသတ္တုမျိုးကို ကျုပ်ကို လက်နက်ထုလုပ်ခွင့်ပေးခဲ့တဲ့အတွက်ကြောင့် ကျုပ်တကယ်ပဲ ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်၊ ကျုပ်ရဲ့သက်တမ်းတစ်လျောက်လုံးမှာ ဒီဓားနှစ်လက်က ကျုပ်လီလုံရဲ့ အပြောင်မြောက်ဆုံးလက်ရာပါ”
  လီလုံ စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုလိုက်သည်။

   မိမိ ထုလိုက်သည့် လက်နက် အကောင်းဆုံးဖြစ်လာဖို့မှာ ပန်းပဲသမားတိုင်း၏ မျှော်လင့်ချက်ပင် ဖြစ်သည်။

   ဝှစ်… ဝှစ်… ဝှစ်… ဝှစ်… ဝှစ်…
    …...

   သွမ့်လင်းထျန်သည် ခရမ်းရောင်ဥက္ကာခဲသံသတ္တုဖြင့် ပြုလုပ်ထားသည့် ပျော့ပျောင်းပါးလျသောဓားကို လေပြင်းတစ်ခုအလား ခုတ်လွှဲပစ်လိုက်သည်။

  ပျော့ပြောင်းပါးလျဓား၏ အလေးချိန်သည် ရှိမှန်းပင်မသိသာသဖြင့် ဓားထုတ်ပညာအတွက် ပို၍ သင့်လျော်သွားခဲ့သည်။
  သူ၏ မျက်နှာတွင် အားရကျေနပ်သည့် အပြုံးတစ်ခုပေါ်လာသည်။
  ဤ ပျော့ပြောင်းပါးလျသောခရမ်းရောင်ဥက္ကာခဲဓားဖြင့်ဆိုပါက သူ၏ စွမ်းအားသည် နောက်တစ်ဆင့်သို့ ထပ်တက်သွားလိမ့်မည်ဖြစ်သည်။

   “မန်နေဂျာလုံဆီမှာ သားရေဓားအိမ်တွေရှိလား၊ ခါးမှာပတ်လို့ရတဲ့ ခါးပတ်အမျိုးအစားမျိုး”
   သွမ့်လင်းထျန်သည် လီလုံကို ကြည့်၍ မေးလိုက်သည်။

   “သခင်လေးလင်းထျန်က အဲဒီလိုမျိုး ဓားအိမ်လိုချင်တယ်ဆိုရင် ကျုပ်ကိုယ်တိုင် အထူးသီးသန့် လုပ်ပေးမှာပေါ့”
   လီလုံက ပြုံး၍ ပြောလိုက်သည်။
   သူ ပြုလုပ်ခဲ့ဖူးသည်ထက် သာလွန်သောဓားနှစ်လက်ကို အောက်မြင်စွာ ထုလုပ်နိုင်ခဲ့သောကြောင့် သူအလွန်ကျေနပ်အားရနေသည်။

   “ဒီလိုဆိုတော့လည်း မန်နေဂျာလီကို နောက်ထပ် ဒုက္ခပေးမိပြန်ပါပြီ”
   သွမ့်လင်းထျန်သည် မြန်မြန်ဆန်ဆန်ပင် ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

   ..........

   လီလုံသည် အမှန်တကယ်ကို လေးစားဖို့ကောင်းသူဖြစ်သည်။
   နောက်တစ်နေ့တွင် သားရည်ဓားအိမ်တစ်စုံ သွမ့်လင်းထျန်၏အိမ်သို့ ရောက်ရှိလာခဲ့သည်။

   ထိုဓားအိမ်များသည် ဓားနှစ်လက်ထုလုပ်ခြင်းမှ ကျန်ရှိသည့် ခရမ်းရောင်ဥက္ကာခဲသံသတ္တုအနည်းငယ်နှင့် အထူးပြုလုပ်ထားခြင်းဖြစ်သည်။
   ထိုဓားအိမ်များ၏ အကျိုးကျေးဇူးများသည် ပျော့ပြောင်းပါးလျသောခရမ်းရောင်ဥက္ကာခဲဓားများကို ဓားအိမ်အတွင်းသို့ သွင်းရာ၌ ချွန်ထက်သော ဓားသွား၏ထိခိုက်မှုကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။
   ပျော့ပြောင်းပါးလျသောခရမ်းရောင်ဥက္ကာခဲဓားနှစ်လက်အနက် တစ်လက်ကို သွမ့်လင်းထျန်က ယူလိုက်ပြီး ကျန်တစ်လက်ကို ခူအယ်အား ပေးလိုက်သည်။
   သူ့အမေအတွက်မူ သွမ့်လင်းထန်၏ စိတ်ထဲ၌ အခြားအစီအစဉ်တစ်ခုရှိပေသည်။
   သူ၏သိုင်းအဆင့်သည် အဓိကဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းရန်ဖြစ်သည်။ ထိုအချိန်ကျလျှင် သူသည် သူ့အမေအတွက် ဝိညာဉ်ဓားတစ်လက် ထုလုပ်ပေးမည်ဖြစ်သည်။

   ဝိညာဉ်ဓား၊ ဝိညာဉ်လက်နက်
   ၎င်းထဲသို့ မူလစွမ်းအင်စီးဝင်သွားသည်နှင့် အသုံးပြုသူ၏ တိုက်ခိုက်ရေးစွမ်းအား တိုးတက်လာလိမ့်မည်ဖြစ်သည်။

  “အမေ… မန်နေဂျာလီက အမေ့ကို တော်တော်လေးစားတာပဲနော်၊ သူပြောတဲ့ အမေသာ သူ့အတွက် ခေါင်းဆောင်ကို ကူမပြောပေးခဲ့ရင် သူ လီမိသားစုမှာ မရှိလောက်တော့ဘူး ဆိုတာ… အဲဒါ ဘာကိုဆိုလိုတာလဲ”
  ခြံဝင်းထဲတွင် သွမ့်လင်းထျန်သည် လီရို၏ ပခုံးကို အသာအယာ  နှိပ်ကာ မေးလိုက်သည်။

  “လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ၊ အဲဒီအချိန်တုန်းက လီလုံက အကြီးအကဲတစ်ယောက်ရဲ့သမီး နဲ့ တိတ်တိတ်လေးချစ်ကြိုးသွယ်ခဲ့ကြပြီး ကောင်မလေးမှာ ကိုယ်ဝန်ရသွားခဲ့တယ်၊ အကျိုးဆက်ကတော့ ဘယ်လိုနေမလဲ မင်း မြင်ယောင်သာကြည့်တော့၊  သူ အပြင်းအထန် ရိုက်နှက်ခံခဲ့ရပြီး လီမိသားစုကနေ မောင်းထုတ်ခံခဲ့ရတယ်.. အဲဒီနောက်မှာ အကြီးအကဲရဲ့ သမီးက ကလေးကို မရရအောင်မွေးမယ်လို့ ပြောခဲ့လို့ အကြီးအကဲ ဒေါသကြောင့် ဗုန်း‌ဗုန်းလဲပြီး သေဆုံးသွားခဲ့တယ်"
  “ကောင်မလေးကတကယ်ကို သနားစရာပါ… ကလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ ရောဂါကြောင့် သေဆုံးသွားခဲ့တယ်၊ ကလေးလေးတစ်ယောက်တည်းဖြစ်နေတာရယ် စောင့်ရှောက်ပေးမယ့်သူလည်း မရှိတာကြောင့် အမေက လီလုံကို လီမိသားစုမှာပြန်ပြီးလက်ခံပေးဖို့ ခေါင်းဆောင်ကို ပြောပေးခဲ့တယ်”
  လီရို၏မျက်လုံးများသည် အဝေးသို့ ငေးမောတွေဝေနေပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

  လီရို၏စကားကို ကြားပြီးနောက် သွမ့်လင်းထျန် သဘောပေါက်သွားခဲ့သည်။
   လီလုံထံတွင် ဤကဲ့သို့ အတိတ်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

   “အခု စဉ်းစားကြည့်လိုက်မယ်ဆိုရင်… ငါသာ သူ့ကို လီမိသားစုမှာ ပြန်နေခွင့်ရဖို့ ခေါင်းဆောင်ဆီမှာ ပြောမပေးခဲ့ရင် သူ လေပြေနုမြို့တော်ကနေ ထွက်သွားတာတောင် ကြာနေလောက်ပြီ၊ နောက်ပြီး ငါတို့ လီမိသားစုလည်း ထူးချွန်တဲ့လူတစ်ယောက်ကို ဆုံးရှုံးသွားရလိမ့်မယ်”
  လီရို ရယ်မောလိုက်သည်။

  သွမ့်လင်းထျန် ခေါင်းညိတ်လိုက်သည်။
  ကမ္ဘာပေါ်တွင် တချို့အရာများသည် အမှန်တကယ်ပင် အံဖွယ်ကောင်းလွန်းလှသည်။

  “ ကောင်းပြီ၊ မြန်မြန်သွားပြီး ကျင့်ကြံတော့၊ မိုးကြိုးမီးလျှံဆေးလုံးရဲ့ အကူအညီနဲ့ဆို မင်း နောက်နှစ်လအတွင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ခုနှစ်ကို ချိုးဖျက်နိုင်လိမ့်မယ်”
  လီရိုသည် သွမ့်လင်းထျန်ကို အခန်းသို့ ပြန်ပြီး ကျင့်ကြံရန်တိုက်တွန်းပြောဆိုလိုက်သည်။

  သူမ၏သားသာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ကို ရောက်ရှိသွားပါက ဖန်းမိသားစုမန်နေဂျာကို သတ်ရန်မှာ စိုးရိမ်စရာမလိုတော့ပေ။

“ဟုတ်ကဲ့ပါ အမျိုးသမီး”
  သွမ့်လင်းထျန်သည် လှံတစ်ချောင်းကဲ့သို့ ချက်ချင်းဖြောင့်မတ်စွာ ထရပ်လိုက်ပြီး သူ၏အမေဖြစ်သူအား စစ်သားတစ်ယောက်လို အလေးပြုလိုက်သည်။

   လီရို၏ ကြောင်အမ်းအမ်းအကြည့်များ အောက်တွင်ပင် သွမ့်လင်းထျန်သည် သူ၏ အခန်းသို့ လှည့်ပြန်သွားသည်။

   “အဲ့ဒါက ဘာလုပ်သွားတာလဲ"
    လီရို၏ မျက်နှာပေါ်တွင် ပဟေဠိဖြစ်သည့် အရိပ်အယောင်များဖြစ်ပေါ်နေသည်။

    အကယ်၍ သူမသာ သွမ့်လင်းထျန်၏ ယခင်ဘဝက ကမ္ဘာကိုလည်ပတ်ခွင့် ရခဲ့မည်ဆိုပါက သွမ့်လင်းထျန်၏ ခုနကအပြုအမူသည် စစ်သားများ အလေးပြုခြင်းဖြစ်ကြောင်းကို သိရှိလိမ့်မည်ဖြစ်သည်။

🐱🐱🐱🐱🐱

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၃၀)ဝတုတ်လေး

     အချိန်များသည်
     မျက်စိတမှိတ်အတွင်းမှာပင် တစ်လခွဲမျှ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

     ဖျောက်…
     မနက်မိုးသောက် အရုဏ်တက်အချိန်တွင် သွမ့်လင်းထျန်၏ အခန်းထဲမှ အရိုးအကြောပွတ်တိုက်သံများ ပေါ်ထွက်လာသည်။
    ထို့နောက်တွင် အခန်းတံခါးပွင့်လာပြီး သွမ့်လင်းထျန်သည် ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာကာ တောက်ပသော နေအလင်းရောင်အောက်တွင် ရပ်တည်လိုက်သည်။

    “ထင်ထားတာထက် လဝက်လောက်စောနေတာပဲ”
    သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်တွင် ခပ်သဲ့သဲ့အပြုံးတစ်ခုထွက်ပေါ်လာကာ သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ၏ခန္ဓာကိုယ်မှ အတိုင်းအဆမရှိစွမ်းအားကို ခံစားလိုက်သည်။ မိုးကြိုးမီးလျှံဆေးလုံးနှင့် ရတနာခုနှစ်ပါးခန္ဓာသန့်စင်ဆေးရည်တို့၏  အကျိုးကျေးဇူးတို့ဖြင့် သွမ့်လင်းထျန်သည် ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ငါးမှ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်သို့ အချိန်တစ်လခွဲအတွင်း ရောက်ရှိနိုင်ခဲ့သည်။

    သာမာန်ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်ခုနှစ်သိုင်းပညာရှင်တစ်ယောက်သည် ပေါင်နှစ်ထောင်ခွန်အားကိုသာ ပိုင်ဆိုင်ပေသည်။
   သို့သော် နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်ကို ကျင့်ကြံသည့် သွမ့်လင်းထျန်မှာမူ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ရောက်ရှိချိန်တွင် သူ၏ ခွန်အားမှာ ပေါင်သုံးထောင်ကျော်လွန်သွားပြီဖြစ်သည်။
  ခန္ဓာကိုယ်ကြံခိုင်မှု အဆင့်လေးကနှင့် နှိုင်းယှဉ်လျှင် သူ၏ ခွန်အားသည် ဆယ်ဆတိုးတက်လာပြီဖြစ်သည်။

     “ငါ့မှာ လဝက်ကျန်သေးတော့ နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ် ဝိညာဉ်မြွေပုံစံရဲ့ ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်ကို လေ့ကျင့်ဖို့ အချိန်လုံလောက်တယ်”
     ထိုအကြောင်းကို စဉ်းစားမိပြီး သွမ့်လင်းထျန်၏ မျက်လုံးများတောက်ပလာသည်။

     သူသည် ချက်ချင်းပင် ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်ကို ခြံဝင်းထဲမှာပင် စတင်လေ့ကျင့်လိုက်သည်။
    နဂါးကိုးကောင်စစ်ဘုရင်ကျင့်စဉ်၏ ဝိညာဉ်မြွေပုံစံကို ခန္ဓာကိုယ်ကြံခိုင်မှုအဆင့်ခုနှစ်ထိ ကျင့်ကြံခဲ့သောကြောင့် သူ့ခန္ဓာကိုယ်၏ ပျော့ပြောင်းမှုမှာ ထင်ထားသည်ထက်ပင် သာလွန်နေပေသည်။
    ကမ္ဘာပေါ်ရှိ ခန္ဓာကိုယ်အပျော့ပြောင်းဆုံးယောဂဆရာများပင် သွမ့်လင်းထျန်၏ခန္ဓာကိုယ်ပျော့ပြောင်းမှုကို ယှဉ်နိုင်စွမ်းမရှိသည်မှာ အသေအချာပင်ဖြစ်သည်။

     ရှူး…

     သွမ့်လင်းထျန်သည် ခြံဝင်းထောင့်နားရှိ သစ်ပင်ကြီးနားတွင် လေ့ကျင့်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဝိညာဉ်မြွေတစ်ကောင်အလားဖြစ်နေကာ သစ်ပင်၏ပင်စည်အထက်သို့ လှည့်ပတ်ကာ ထိုးတက်နေသည်။
     တစ်ခဏအတွင်းမှာပင် သူသည် သစ်ပင်၏ အောက်ခြေမှ ထိပ်ဖျားထိ ဆယ်ကြိမ်ထက်မက တက်ဆင်းခဲ့ပြီးဖြစ်သည်။
     ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်သည် စစ်မှန်သော လှုပ်ရှားမှုပညာရပ်ဖြစ်သည်။ ၎င်းသည် သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ပျော့ပြောင်းမှုကို အလေးပေးရုံသာမက တစ်ချိန်တည်းမှာပင် ကြောက်ခမန်းလိလိ အမြန်နှုန်းကို ပေးစွမ်းနိုင်ပေသည်။

     ရှူး… ရှူး… ရှူး… ရှူး… ရှူး…
     … …

     သွမ့်လင်းထျန်၏ ခန္ဓာကိုယ်သည် အတော်ပျော့ပြောင်းနေပြီဖြစ်၍ ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်ကို ကောင်းမွန်စွာပင် လေ့ကျင့်နိုင်ခဲ့သည်။
     တစ်နာရီမျှကြာပြီးနောက် နောက်ဆုံးတွင် သူသည် ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်၏ အနှစ်သာရတချို့ကို နားလည်လာခဲ့သည်။
     အမှန်မှာမူ သူသည် ယခင်ဘဝက ဖှောင်းဝီလ်လက်ဝှေ့ပညာတွင် ကျွမ်းကျင်ခဲ့ခြင်း၏ အခြေခံကြောင့်သာ ဤကဲ့သို့အချိန်တိုအတွင်း ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်၏ အနှစ်သာရတချို့ကို သိမြင်ဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
     သူ ပို၍လေ့ကျင့်လေလေ ပိုပြီး နက်နဲစွာ သိမြင်လာလေဖြစ်သည်။

     အချိန်မည်မျှထိ ကြာသွားသည်မသိ၊ တံခါးပွင့်လာသံကို ကြားလိုက်ရမှသာ သူ၏ လေ့ကျင့်နေမှုကို ရပ်လိုက်သည်။
     “အမေ..”

     လှပသောအမျိုးသမီးတစ်ယောက် သူမ၏ အခန်းထဲမှ လမ်းလျှောက်လာသည်ကို မြင်ရသည့်အခါ သွမ့်လင်းထျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
     သူသည် ယခင်ဘဝက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရသည့်အတွက် လီရိုပေးသည့် မိခင်တစ်ယောက်၏ ချစ်မေတ္တာကို အမှန်တကယ်ပင် နှစ်သက်မြတ်နိုးမိသည်။ နောက်ပြီး သူသည်လည်း ထိုခံစားချက်ကို နက်ရှိုင်းစွာပင် ညှိတွယ်မိခဲ့ပြီး ထိုညွှတ်ကွင်းအတွင်းမှ ရုန်းမလွတ်နိုင် ဖြစ်နေသည်။

     “ထျန်”
     လီရိုက ပြုံးပြလိုက်သည်။
     သို့သော်လည်း သူမ၏  အပြုံးသည် ချက်ချင်းပင် အေးခဲသွားသည်။
     “ထျန်.. မင်း…  မင်း ချိုးဖျက်နိုင်ခဲ့ပြီလား”
     လီရို၏ အသံသည် အနည်းငယ်တုန်ခါနေသည်။

     “ဟုတ်တယ်”
     သွမ့်လင်းထျန် ခေါင်းညိတ်ပြလိုက်သည်။

     “ကောင်းတယ်.. ကောင်းတယ်”
    လီရိုသည် အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏အသံဟန်မပျက်အောင်ပင် ထိန်းချုပ်လို့မရနိုင် ဖြစ်နေသည်။

     ဤလပိုင်းအတွင်း သူမသည် သားဖြစ်သူ တိုက်ပွဲနေ့မရောက်မီ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ် ရောက်ဖို့ ကိစ္စနှင့် ပက်သက်ပြီး အမြဲစိတ်ပူပန်ခဲ့ရသည်။
     သို့သော်လည်း ယခုမူကား ထိုအရာသည် သူမ အစိုးရိမ်လွန်ခဲ့ခြင်းသာဖြစ်ဟန်တူသည်။
     သူမ၏သားသည် သူမအား စိတ်မပျက်စေခဲ့ပေ။ ထို့ပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ကို လဝက်ပင်စောကာ ရောက်ရှိနိုင်ခဲ့သည်။

     “ထျန်… အမေ ဒီနေ့အရမ်းပျော်တာပဲ… အခု အမေ မင်းကို ကောင်းကောင်းချက်ကြွေးဖို့ ဈေးသွားဝယ်လိုက်ဦးမယ်”
     လီရို၏ လှပသောမျက်နှာလေးမှာ တောက်ပသွားသည်။ သူမ၏ စကားကို အဆုံးသတ်ပြီးနောက် ချက်ချင်းထွက်ခွာသွားသည်။
     သွမ်လင်းထျန်၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။ သူ့အမေ၏ စိတ်ခံစားချက် သဘောထားကို သူနားလည်နိုင်ပေသည်။
     မိဘတစ်ယောက်၏ အချစ်နှင့် မေတ္တာသံယောဇဉ်တို့ပင် …

     “အာစရိ… အာစရိ”

     သွမ့်လင်းထျန် ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်ကို ဆက်လက်လေ့ကျင့်ရန်ပြင်လိုက်စဉ်တွင် ခြံဝင်းအပြင်ဘက်မှ ခပ်လောလော အသံတစ်သံကို ကြားလိုက်ရသည်။

    “ ဟာ.. ဒီ သောက်ဖက်တီးက တကယ်ကို ခေါင်းမာတာပဲ… နောက်တစ်ခါ လာပြန်ပြီ..”
     သွမ့်လင်းထျန် မျက်မှောင်ကြုတ်သွားသည်။
     သူသည် ထိုအသံပိုင်ရှင်ကို ကောင်းကောင်းမှတ်မိသည်။
    လွန်ခဲ့သော နှစ်လအတွင်းမှာ ထိုဖက်တီးသည် ဆယ်ကြိမ်ထက်မက လာခဲ့သည်။
    ပဉ္စမအကြီးအကဲနှင့် သူ့အမေတို့အကြားက ဆက်ဆံရေးကောင်းကို ငဲ့ကွက်ကာ သွမ့်လင်းထျန်သည် သူ့ကို ဗွေယူခဲ့ခြင်းမရှိခဲ့ပေ။
    သို့သော်လည်း ဤဖက်တီးသည် တစ်လက်မလောက်ပေးသည်ကို တစ်မိုင်လောက်ရဖို့ ကြိုးစားနေသည်။

     တံခါးဖွင့်ပြီး သူ ခြံဝင်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။
     “လီရွှမ်… ငါ မင်းကို ဘယ်နှစ်ခါပြောရမလဲ ၊ မင်းကို ငါ့ရဲ့ လက်ပါးစေအနေနဲ့  လက်မခံနိုင်ဘူးလို့…  မင်း ငါ့ကို ထပ်ပြီး နှောက်ယှက်နေရင် ဒီကိစ္စ မင်းအဖေကို ငါ သွားပြောမယ်”
    သွမ့်လင်းထျန်သည် ဖက်တီးလေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

     “အာစရိ၊ ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့… ငါ အခု မင်းဆီလာရတာ တကယ်ကို အရေးကြီးတဲ့ကိစ္စကို ပြောစရာရှိလို့၊ မင်းအတွက်တော့ တကယ့်ဒုက္ခပဲ၊ ဒုက္ခမှ အကြီးကြီး”
     သွမ့်လင်းထျန်က သူ့အဖေနှင့် တိုင်မည်ဟုပြောသောအခါ ဝတုတ်လေးသည် ချက်ချင်းပင်  ကြောက်လန့်တကြားဖြစ်၍သွားသည်။

     “ဘာကိစ္စလဲ… မြန်မြန်ပြော…”
     သွမ့်လင်းထျန်၏ မျက်နှာကြော နည်းနည်းတင်းနေသည်။
     သူ သိရသလောက်‌တော့ ဤဖက်တီး၏ ပါးစပ်ပုပ်မှ မည်သည့်စကားကောင်းမျှ မထွက်တတ်ချေ။

     “အာစရိ… ငါ ဒီအကြောင်းကို ကြားကြားချင်းပဲ  မင်းဆီကို တန်းလာတွေ့တာ…  ငါ့အဖေကိုတောင် မပြောပြခဲ့ဘူး… ငါတကယ်ကို သစ္စာရှိတယ်မလား”
     ဝတုတ်လေးသည် မျက်နှာဖောင်းဖောင်း ကားထွက်သွားသည်ထိ ပြုံးရယ်နေသည်။

     “မင်း ငါ့ကို အခုချက်ချင်းမပြောဘူးဆိုရင်တော့၊ နောက်တစ်ခါ လာပြောစရာမလိုတော့ဘူး”
     သွမ့်လင်းထျန်၏ မျက်ပေါက်ကျဉ်းသွားသည်။ သူ့ရှေ့မှာရှိနေသည့် ဖက်တီးကို သူ နည်းနည်းလေးမှ စိတ်မရှည်တော့ပေ။

     “ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့ အာစရိ၊ ငါ မင်းကို ပြောပြမယ်၊ ငါပြောပြမယ်၊ ဒါကို ငါ အမှတ်မဲ့ ကြားခဲ့ရတာ၊ ဖန်းမိသားစုမှာတောင် ဒါက လျှို့ဝှက်ချက်တစ်ခုပဲ...”
     သူသည် ထိုသို့ ပြောနေရင်းပင် မျက်နှာဖောင်းဖောင်းမှာ တဆတ်ဆတ်တုန်နေသည်။ ထို့နောက်တွင် သူသည်သက်ပြင်းတစ်ချက်ချလိုက်သည်။

     “ဖန်းမိသားစု”
      သွမ့်လင်းထျန်၏ မျက်ခုံးများပင့်တက်သွားသည်။

     “အာစရိ… ငါကြားခဲ့တာ ဖန်းမိသားစုမန်နေဂျာဖန်းချောင်က အဓိကဖွဲ့စည်းမှုအဆင့်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ချိုးဖျက်နိုင်ခဲ့ပြီတဲ့…တိုက်ပွဲကို ဖျက်သိမ်းလိုက်တော့...မင်းက အသက် ဆယ့်ငါးနှစ်ပဲရှိသေးတယ်၊ သဘောတူညီမှုကို ဖျက်သိမ်းလိုက်ရင်တောင် ဒါက မင်းအတွက် ရှက်စရာမဟုတ်ပါဘူး”
     ဝတုတ်‌လေးသည် သူပြောလိုသမျှကို ပြောလိုက်ပြီးနောက် သွမ့်လင်းထျန်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

    သွမ့်လင်းထျန် မျက်နှာ တစ်စက် မပျက်ပေ။ ၎င်းသည် သူ့အား နည်းနည်းလေးသာ အံ့အားသင့်သွားစေသကဲ့သို့ပင်...
    သို့သော်လည်း သူ၏ မျက်လုံးများမှေးစင်းသွားကာ အလင်းတစ်ချက်လက်သွားသည်။
    သူစိုးရိမ်ခဲ့သည့်အရာမှာ အမှန်တကယ်ပင် ဖြစ်ပျက်လာပြီဖြစ်သည်။

    ဖန်းချောင်က ဒီလို အရေးပါတဲ့အဆင့်ကို အမှန်တကယ် ချိုးဖျက်နိုင်ခဲ့တယ်ပေါ့…

   ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ကိုးတွင် ခွန်အားအပြည့်အဝကို ထုတ်သုံးပါက ပေါင်းတစ်သောင်းအင်အားကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို ဆွဲဆောင်၍ ရှေးဟောင်းအမွှေး‌ရှည်ဆင်အရိပ်တစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။
    စင်စစ်တွင်မူ အဓိကဖွဲ့စည်းမှု အဆင့်တစ်သိုင်းပညာရှင်တစ်ယောက်သည် ရှေးဟောင်းအမွှေးရှည်ဆင်တစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ပေသည်။ သို့သော်လည်း အဓိကဖွဲ့စည်းမှုအဆင့်တွင် မူလစွမ်းအင် ဖွံ့ဖြိုးလာသောကြောင့် နောက်ထပ်ရှေးဟောင်းအမွှေးရှည်ဆင်တစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်နိုင်သည်။
   ထို့ကြောင့် အဓိကဖွဲ့စည်မှုအဆင့်တစ်သိုင်းပညာရှင်တစ်ယောက်သည် သူ၏ခွန်အားကို အပြည့်အဝထုတ်သုံးပါက ရှေးဟောင်းအမွှေးရှည်ဆင်နှစ်ကောင်၏ အင်အားကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။

    စိတ်ထဲက လေးလံမှုကို ခံစားလိုက်ရသောကြောင့် သွမ့်လင်ထျန်သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခုနှစ်ကို ချိုးဖျက်နိုင်ခဲ့‌သောကြောင့် ပျော်ရွှင်နေသည့် သူ၏ အပျော်များပင် ပျက်ဆီး၍သွားသည်။

   “ လီရွှမ်… ဒီအကြောင်းကို ငါ့ကို ပြောပြပြီးရုံနဲ့ပဲ တော်လိုက်တော့၊ ဒီအကြောင်းကို တစ်ခြားဘယ်သူ့ကိုမှ မပြောနဲ့၊ နားလည်လား”
   သွမ့်လင်းထျန်သည် ဖက်တီးလေးကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

    “ငါ့ အဖေတောင် ပြောလို့မရဘူးလား”
     ဝတုတ်လေးသည်က ကြောင်တောင်တောင်နှင့် ပြန်မေးလိုက်သည်။

    “မင်းအဖေက လူမဟုတ်ဘူးလား”
    သွမ့်လင်ထျန်သည် ဖက်တီး‌လေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည့်အခါ ဖက်တီးလေးသည် ဆူးအိပ်ယာပေါ် အိပ်လိုက်ရသလိုခံစားလိုက်ရသည်။

   “အာစရိ.. ဟိုလေ…”
   ရုတ်တရက် ဝတုတ်လေးသည် သွမ့်လင်းထျန်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

   “ဘာလဲ”
   သွမ့်လင်းထျန် မျက်မှောင်ကြုတ်သွားသည်။ ဤ‌ သောက်ဖက်တီးသည် တကယ်ကို စိတ်ရှုပ်စရာကောင်းသော်လည်း သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သည်းခံနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

   “အာစရိ…  လီမင့်ကို သင်ခန်းစာပေးဖို့ ငါ မင်းရဲ့အကူအညီလိုတယ်”
    ဖက်တီးလေး စပ်ဖြီးဖြီးရယ်ပြရင်း သူ၏ လက်မို့မို့နှစ်ဖက်ကို ပွတ်၍နေသည်။

    သွမ့်လင်းထျန်သည် တစ်စက္ကန့်ကြာမျှ စဉ်းစားလိုက်ပြီး….
    လီမင်ဆိုသောသူကို သူပြန်မှတ်မိသွားသည်။
    လီမင်သည် ဒုတိယအကြီးအကဲ၏ အငယ်ဆုံးသားဖြစ်သည်။
    လီမိသားစုတွင် ကျော်ကြားသော ဂျီးနီးယပ်တစ်ယောက်ပင် ဖြစ်သည်။ သူ၏ ပါရမီသည် အတိတ်က လီကျယ်ထက်တော့ အနည်းငယ် နိမ့်ပေသည်။
   သူသည် ယခုနှစ်တွင် အသက်ဆယ့်ခုနှစ်နှစ်ရှိပြီ ဖြစ်ပြီး မိုးကြိုးမီးလျှံဆေးလုံးနှင့် ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်တို့၏ အကူအညီဖြင့်လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခြောက်သို့ ရောက်ရှိခဲ့သည်။

   “မင်းနဲ့ လီမင်က အခြေအနေ အတူတူပဲလေ၊ မင်းတို့နှစ်ယောက်စလုံးက မိုးကြိုးမီးလျှံဆေးလုံးနဲ့ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည် ရကြတဲ့သူတွေချည်းပဲ၊ ဒါကို ဘာလို့ မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ သူ့ကို မတိုက်ခိုက်တာလဲ”
  သွမ့်လင်းထျန် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
  သူ့အမြင်အရ  ဒီ သောက်ဖက်တီးသည် ပဉ္စမအကြီးအကဲနှင့် တစ်စက်မျှ စရိုက်ခြင်း မတူပေ။

   “ဟုတ်ပါတယ်...သူ့နဲ့ငါက အခွင့်အရေး တူတူပါပဲ၊ ဒါပေမယ့် အဓိက ပြဿနာက သူက ငါ့ထက် အသက်နှစ်နှစ်တောင်ကြီးနေတာပဲ”
   ဝတုတ်လေးသည် သွမ့်လင်းထျန်ကို မျှော်လင့်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

   “အာစရိ .. ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ၊ ဒီနောက်ဆုံးအကြိမ်တုန်းကဆိုရင် ငါ မုန့်လှိမ့်သလိုကို အလှိမ့်ခံခဲ့ရတယ်၊ ပြီးတော့ သူက ငါ့ကို ဝက်သိုးလို့ အမြဲခေါ်တယ်၊ ငါသူ့ကို သင်ခန်းစာ ပေးရမယ်၊ ပြီးတော့ ငါ့ကို တွေ့တဲ့အခါတိုင်း အကိုဝတုတ်လို့ တလေးတစားနဲ့ခေါ်ရမယ်”

   “အာစရိ…  မင်း ငါ့ကို ကူညီရမယ်၊ မဟုတ်လို့ ငါ သူရိုက်တာ နောက်တစ်ခါ ခံခဲ့ရရင် စောစောက မင်းပြောတဲ့စကားတွေ ငါမေ့သွားနိုင်လောက်တယ်...”
  သွမ့်လင်းထျန် စဉ်းစားပြီး တွေဝေနေသည်ကို သတိထားမိသွားသည့် ဝတုတ်လေးသည် သံမီးခဲရဲရဲကို မြန်မြန်ဆန်ဆန် ယပ်ခပ်၍ပေးလိုက်သည်။

Continue Reading

You'll Also Like

50.4K 3.7K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
81.3K 4.8K 107
သရဲဆရာဝန္ (part _2)
55.5K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...