Unicode 🍁
ဒီနေ့ ရာသီဥတုက သာယာ၍ကောင်းကင်တစ်ခွင်သည် ကြည်လင်နေ၏။ မိုးနှောင်းတစ်ရာ ၏ခြံထဲဝယ် နောင်အိမ်တည် တစ်ယောက် စိုက်ထားသော ပန်းပင်များကို လိုက်ကြည့်နေ၏။တကယ်တော့ သူ ဒီနေ့ မိုးနှောင်းယာအား သူ့ခံစားချက်များကို ဖွင့်ပြောရန် ကြံစည်နေခြင်းဖြစ်၏။
ခံစားချက်ဆိုတာကလည်းအခက်သားလား။လူတစ်ယောက်ကို လိမ်နည်းပေါင်းစုံနှင့် လှည့်စားလို့ရပေမယ့် ခံစားချက်အစစ်ကိုတော့ လိမ်ညာ၍မရပေ။ရင်ခုန်သံကတော့ စစ်မှန်သည်လေ။
“ ဟေ့ ဘာလုပ်နေတာလဲ နောင်အိမ်တည် ”
ပန်းပင်တွေလိုက်ကြည့်နေရင်း ဇွန်ပန်းရုံအောက်အရောက်တွင် အနောက်နားဆီမှ အသံကြည်ကြည်လေးကိုကြားလိုက်ရ၏။ ဇွန်ပန်းတစ်ပွင့်ကိုခူးဖို့ရန်ကြံစည်နေသော သူ့လက်အားပြန်ရုတ်သိမ်းလိုက်ကာ အနောက်သို့လှည့်ကြည့်လိုက်၏။
“ ဘာမှ မလုပ်ပါဘူး ကိုမိုးနှောင်း ၊ ဒီတိုင်း ပျင်းပျင်းရှိတာနဲ့ ခြံထဲဆင်းလာတာပါ ”
“ စကားပြောတွေ ပိုင်ပြီလား နောင်အိမ်တည်”
“ စကားပြောတွေ မပိုင်သေးပေမယ့် ၊သင်ပေးတဲ့သူကိုတော့ ပိုင်ဖို့ကြိုးစားနေပါတယ် ”
“ ဘာရယ် ! ”
“ အာ့ ဘာရယ်မှ မဟုတ်ပါဘူးဗျ ဒီတိုင်းစကားဖြင့်ပြောလိုက်တာပါ ”
မိုးနှောင်းယာ၏အသံကြောင့် ရုတ်တရက်နှုတ်မှ ထွက်သွားသည်ကိုသတိရကာ အမြန်ပြန်ပြောလိုက်ရ၏။ သူဆိုသည်မှာလည်း စိတ်တွေက လှုပ်ရှားနေတာကို။ဒီလိုနဲ့ ဖွင့်မပြောရသေးခင် ကြက်ခြေခတ်အခြစ်ခံရဝောာ့မည်။
“ စကားပြောတွေကို သေချာ ပိုင်အောင်လုပ်ပါ နောင်အိမ်တည် ၊ ကိုယ်မင်းကို ယုံကြည်တယ်ဆိုတာ မင်းသိပါတယ် ၊မင်းကို အများကြီးမျှော်လင့်ထားတယ် ဆိုတာရောပဲ ”
“ စိတ်ချပါဗျာ ၊ ကျွန်တော့်ကြောင့် ကိုမိုးနှောင်းစိတ်မျပျက်စေရပါဘူး ”
“ အင်း ကိုယ်ယုံတယ် ”
“ ဒါနဲ့လေ ကျွန်တော်မေးစရာရှိတယ် ”
“ အင်း မေး”
“ ကိုမိုးနှောင်းမှာ ချစ်ရတဲ့သူ ရှိလား ”
“ ရှိတယ် ”
“ ဗျာ ! ”
သွားပြီ။သူနောက်ကျသွားပြီထင်တယ်။ မိုးနှောင်းယာမှာ ချစ်ရတဲ့သူ ရှိနေပြီးတဲ့။ သူ့မှာ ဖွင့်ပြောဖို့ အခွင့်အရေးတောင်မရှိတော့ဘူးလား။သူ့ခံစားချက်တွေကို သူမသိတော့ဘူးလား။
“ သူက ဘယ်သူလဲဟင် သိခွင့်ရှိမလား”
“ အာ့တာ ကိုယ့်အဘွားတော်လေ ၊ ကိုယ်တို့က ပြေးကြည့်မှ ဒီမြေးအဘွားနှစ်ယောက်ထဲရှိတာကို အဘွားကိုမချစ်လို့ ဘယ်သူ့ကိုသွားချစ်ရမှာလဲ ”
သေစမ်း နောင်အိမ်တည်။ သူ့မှာတော့ ကြေကွဲတော့မလို့။ တော်ပါသေးရဲ့ ကံတရားက သူ့ဘက်မှာ ရှိနေသေး၏။
“ အာ့ ကျွန်တော်မေးတာအာ့လိုမဟုတ်ဘူးဗျ ”
“ နို့ ဘယ်လိုမေးတာတုန်း ”
“ ကျွန်တော်မေးတာက ကိုမိုးနှောင်းရဲ့ရည်ရွယ်ထားတဲ့လူ ၊ လက်ထပ်မယ့်လူကို မေးတာ ”
“ ဒါဆိုရင်တော့ မရှိသေးဘူးလို့ဖြေရမယ်”
“ တကယ်လားဗျာ ”
“ တကယ်ပါ ၊သို့ပေသိ ကိုယ်က အာ့တာတွေစိတ်မဝင်စားဘူး ”
“ ဟင် ! ”
“ ဘာလို့မေးတာလဲ နောင်အိမ်တည် ၊မဟုတ်မှလွဲရော မင်းမှာ ရှိနေပြီလား ”
“ ရှိနေတယ်လို့လည်း မဟုတ်ရပါဘူးဗျာ ဒီတိုင်းလေးပဲ ”
“ လူငယ်သဘာဝ စိတ်ကစားပြီးချစ်ကြ ကြိုက်ကြတာကိုတော့ ကိုယ်နားလည်ပါတယ်၊သို့ပေသိ မင်းတို့လမ်းမှားတော့ မလျှောက်ကြနဲ့ပေါ့ ။အဲ့ဒီဘာ မဟုတ်တဲ့ အချစ် ဆိုတဲ့စကားလုံးနှစ်လုံးကြောင့်တော့ ရည်ရွယ်ချက်မပျောက်ဆုံးစေနဲ့ပေါ့”
“ ဟုတ် ကိုမိုးနှောင်း”
“ အေ မင်းက စဉ်းစားတတ်ပါတယ် ”
“ ဟုတ် ကျွန်တော်သိပါတယ် ၊ ဒါနဲ့ ကိုမိုးနှောင်း ချစ်ခြင်း မေတ္တာမှာ ယောင်္ကျားမိန်းမ သဘာဝအတိုင်းမဟုတ်ဘဲ ၊ ပြောင်းလဲပြီး ချစ်တယ်ဆိုရင်ရော လက်ခံလား ”
“ ဘယ်လိုမျိုးလဲ နောင်အိမ်တည် ”
“ ယောင်္ကျားလေး တစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို ချစ်တာ ”
“ ဒါကတော့ ကိုယ်မပြောချင်ဘူး၊ ဘာလို့လည်း ဆိုတော့ ကိုယ်တို့ ဘုရားရှင်က ချစ်ခြင်းမေတ္တာကို ကန့်သတ် ခဲ့တာ မဟုတ်ဘူး ၊ လူသားတိုင်း ဟာ လွတ်လပ်စွာ ချစ် နိုင်တယ် ၊ သဘာဝရယ်လို့ မဟုတ်ဘူး ၊ လောကကြီးမှာ ချစ်ခြင်းမေတ္တာတရားတွေ လွှမ်းခြုံနေတာဟာ ပျော်စရာကောင်းပါတယ် ”
“ ဒါဆို လက်ခံတာလားဟင် ”
“ အင်း လက်ခံတယ်လို့ဆိုရမှာပဲ ၊ နို့ နေပါဦး နောင်အိမ်တည် က ဘယ်အိမ်က ယောင်္ကျားလေးကို သဘောကျနေလို့လဲ ”
ချက်ဆို နားခွက်က မီးတောက်သော မိုးနှောင်းယာက တည့်တည့်ပဲမေးလာ၏။ ဒီလိုဆိုတော့လည်း သူဖြေရပေတော့မည်။
“မိုးနှောင်းတစ်ရာ စံအိမ်က အမျိုးကောင်းသားလေးကို ”
“ ဟင် ၊ ဒီအိမ်ကလား ၊ ဒီအိမ်မှာ အမျိုးသားဆိုလို့ ကိုယ်ရယ် ခြံစောင့်လေးရယ်ပဲ ရှိတာလေ ၊ မဟုတ်မှ လွဲရော ”
“ မဟုတ်ဘူးနော် တလွဲတွေ လျှောက်မတွေးနဲ့နော် အကိုမိုးနှောင်း ”
“ နို့ ရှင်းရှင်းပြောစမ်းပါ ”
နဂိုကတည်းကမှ စိတ်လက်တဆစ်သာရှိသောသူအား နောင်အိမ်တည်က ဝေ့လည်ကြောင်ပတ်ပြောနေမိတော့သည်။ သူကိုက မှားတာပါ။
“ ဒါဖြင့် ကျွန်တော်ပြောမယ် ၊ ကိုမိုးနှောင်း နားနဲ့မနာဖဝါးနဲ့သာ နာပါ ၊ အို ဘယ်လိုနာနာ ကျွန်တော်ပြောပြီးရင်တော့ လက်ခံရမယ် ”
“ ပြောမယ့်သာပြောစမ်းပါ ၊မိကျောင်းမင်းရေကင်းပြမနေနဲ့ ”
“ ကျွန်တော်သဘောကျ ချစ်မြတ်နိုးနေတဲ့ ဟောဒီက ကြည်လင်အေးမြတဲ့အသံပိုင်ရှင်၊ သွယ်လျတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်၊ထူးခြားပြီး မြတ်နိုးစရာကောင်းတဲ့အမျိုးကောင်းသားလေး ကိုမိုးနှောင်းကိုပါ ခင်ဗျ ”
“ ဘာရယ် ၊ ကျုပ်ကို သဘောကျနေတာ!!”
ဇွန်ပန်းတစ်ပွင့်ကိုကောက်နေရင်းနောင်အိမ်တည်၏ပြောစကားကြောင့် ဇွန်ပန်းပွင့်လေးက ရဲနေ သော လက်နုနုလေးထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရတော့၏။ ချက်ချင်းပင် နားရွက်အဖျားလေးများက ချယ်ရီသီးသဖွယ် ရဲတက်သွားရ၏။ ပါးမို့မို့လေးနှစ်ဖက်က ဇွန်ပန်းပွင့်နှင့်အပြိုင် ဖွေးကြည်နေရာမှ နှင်းဆီတစ်ပွင့်လို ရဲသွားရ၏။ ဒါက မိုးနှောင်းယာ ဆိုသော သူ ရှက်သွားတာလား။
“ ရှက်သွားသလား ကိုမိုးနှောင်း။ဒါမှမဟုတ်ခံပြင်းပြီးဒေါသထွက်သွားတာလား ”
သူ့ပုံစံကိုကြည့်၍ သူ့အားတလွဲထင်သွားပုံရ၏။ ဒီကောင်လေးက ဇ တော့ မသေးပေ။ ဒီရက်ပိုင်း သူစကားပြောတာနူးညံ့သွားလို့ထင်။ ဒီကောင်လေး သူ့ကို စိတ်ဝင်စားနေတာဘယ်လောက်ကြာပြီလဲမသိ။
“ ကိုယ် ခဏ ရှက်သွားရုံပါ ၊ရုတ်တရက်ဆိုတော့ ”
“ ကျွန်တော့်ကို စိတ်ဆိုးသွားလား ”
“ နို့ ကိုယ်စိတ်မဆိုးပါဘူး ၊ မင်း ကိုယ့်ကိုစိတ်ဝင်စားနေတာကြာပြီလား ”
“ ကြာပြီရယ်လို့ မဆိုသာပါဘူး ၊ ကျွန်တော် ဖြင့် ကိုမိုးနှောင်း ဆိုတဲ့ ရပ်ဝန်းလေးထဲ အရုပ်ကြိုးပြတ်ဖြစ်သွားတာ တော့ ကြာသွားပြီရယ် ”
“ မင်း ဘာလို့ ကိုယ့်ကို ချစ်ရတာလဲ ”
“ ကိုမိုးနှောင်း ဖြစ်နေလို့ ”
“ မင်း ဖြေတဲ့အဖြေက မလေးနက်လိုက်တာ ၊မင်းစိတ်ကစားတာပဲ ဖြစ်မှာပါ ”
“ မဟုတ်ရပါဘူး ၊ ကျွန်တော်ဖြင့် ကိုမိုးနှောင်းကို ချစ်သွားရတာက ကိုမိုးနှောင်းရဲ့ အပြုအမူတိုင်း ၊ လှုပ်ရှားမှုတိုင်း ကိုက ကျွန်တော့်အတွက် ရူးရူးခါခါ ဖြစ်သွားလောက်ရတဲ့ အထိ ပါ ”
“ ဒါဖြင့်ရင် မင်းက ကိုယ့်ကို ခန္ဓာကိုယ်ကိုပဲ ချစ်တာလား”
“ ရော် ခက်ပြီ ၊ ကိုမိုးနှောင်းတယ်ခက်တယ်ဗျာ ”
“ ကျွန်တော်က ဖွဲ့နွဲ့မပြောတတ်ဘူးဗျ ၊ ချစ်တာကိုချစ်တာလို့ပဲ သိမြင်ပြီး ကိုမိုးနှောင်းဟာ ဒီသံသရာတစ်ကွေ့မယ် ခလုတ်တိုက်မိတဲ့ အရာလေးတစ်ခု ဖြစ်လာပြီး သက်ဆုံးတိုင် ကျွန်တော့်ရင်ထဲ ထင်ကျန်သွားမယ့် သူ မို့ပေါ့ ”
“ ပြောတော့ဖြင့် ဖွဲ့နွဲ့မပြောတတ်ဘူးဆို ၊ ခုများကျတော့ ကဗျာ ဆရာအရှုံးပေးရတယ် ”
“ စကားတွေအများကြီး မပြောချင်ဘူး ဗျာ ၊ ကိုမိုးနှောင်း ဆီက တစ်ခွန်းပဲကြားချင်မိတယ် ”
“ ကိုယ့်ဆီက ဟုတ်သလား ၊ ဘယ်စကားမျိုးပါလိမ့်”
“ ကျွန်တော့်ကို ကျွန်တော်နဲ့ ထပ်တူ ချစ်မြတ်နိုးပါတယ် ဆိုတဲ့ အဖြေပေါ့ ”
”ဒါက သိပ်ကို စောလွန်းတယ် မထင်ဘူးလား”
“ နောက်တောင် ကျနေမလားပဲ ”
“ ကိုယ်က ငြင်းမယ်ဆိုရင်ရော ”
“ ဒီလိုဆိုရင်တော့ ဟောဒီမိုးနှောင်းတစ်ရာမှာ ဘဝဆက်တိုင်း ကိုမိုးနှောင်းဆိုသော လူသားလေးနှင့် ဆုံစည်းရပါစေဆိုပြီး ဆုတောင်းရတော့မှာပဲ ”
“ ဒီလိုကြီးတော့ မဆုတောင်းပါနဲ့ ၊ ကိုယ်က တရားခံဖြစ်နေမယ် ”
“ ဆိုတော့ကား ကျွန်တော့်ကို ချစ်သလား”
“ မင်း အတော်သတ္တိတွေရှိနေတယ်ပေါ့ နောင်အိမ်တည် ”
“ အချစ်က ဘာမ ဆို ခွန်အားပေးတယ်လေ ”
“ ကိုယ့်က အလျော့ပေးဆက်ဆံလို့ ရောင့်တက်တာလား နောင်အိမ်တည် ”
“ ဒီလိုလည်း မဟုတ်ရပါဘူး ၊ကိုမိုးနှောင်းပြောသလို ချစ်ခြင်းတရားတွေလွှမ်းခြုံနေတဲ့ကမ္ဘာကြီးက သိပ်ပျော်စရာကောင်းသွားအောင်လို့ပါ ”
“ မင်း က ကိုယ့်ထက်ငယ်တယ်ဆိုတာရော သတိရရဲ့လား”
“ အသက်ငယ်တာက ကိုမိုးနှောင်း အတွက် ထူးဆန်းနေလို့လား ၊ မသကာ ကွာလှ သုံးနှစ်ထဲရယ်ပါ ”
“ ဒါဖြင့်ရင် မင်းက ကိုယ့်ကိုချစ်တာ လုံးဝ မလျော့ဘူးပေါ့ ”
“ လုံးဝ လုံးဝ ပါပဲ ”
“ ကောင်းပြီ ၊ မင်းကိုယ့်ဆီက အဖြေကိုလိုချင်ရင် မင်းရဲ့အစွမ်းအစကို အပြည့်အဝ ထုတ်ပြ ၊ လာမယ့် ပြဇာတ်ကပွဲမှာ မင်းအောင်မြင်စွာ ကပြနိုင်ပြီး အားပေးမှု့ အပြည့်အဝရနိုင်ရင် မင်းကိုကိုယ်အဖြေပြန်ပေးမယ် ”
“ ကျွန်တော်မျှော်လင့်တဲ့ အဖြေဖြစ်နိုင်မလား ”
“ ဒါက မင်းအပေါ်မူတည်တယ် နောင်အိမ်တည်”
“ စိတ်သာချ ကျွန်တော့်ကို အဖြေပေးဖို့ရာ ပြင်ထားလိုက်ပါလေ ”
“ အင်း ”
အင်း တစ်လုံးသာ ပြောပြီး ထွက်သွားသော ကျောပြင်လေးအားကြည့်၍ နောင်အိမ်တည် တစ်ယောက် ပြုံးနေမိတော့၏။ သူထင်ထားသည်က မိုးနှောင်းယာသည် အကြီးအကျယ် စိတ်ဆိုး၍ သူ့အားမောင်းထုတ်မည်ဟု ထင်ထားမိသည်။ သို့သော် ယခုအခြေအနေအရ သူကံသွားသည်ထင်ပါ၏။ တကယ်တော့ မိုးနှောင်းယာ က ထင်သလောက်မဆိုးပါလေ။ ချစ်ကြည့်မှ ပိုသိလာရ၏။ မိုးနှောင်းယာ ပစ်ချသွားသော ဇွန်ပန်းဖြူလေးအားကောက်လိုက်၍ တယုတယ နမ်းလိုက်မိ၏။
နောင်အိမ်တည် ထံမှ ထွက်လာပြီးနောက် ဒုတိယအကြိမ် ရင်ခုန်မှု့ကို လှိုက်လှဲစွာခံစားလိုက်ရပြန်၏။
နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်အစုံကို လက်သွယ်သွယ်လေးဖြင့် ဖိလိုက်ရ၏။ ဒီလိုနှင့် သူနှလုံးရောဂါ ရတော့မည်မဟုတ်လား။
နေပါဦး သူကရော ဒီကောင်လေးကို ထပ်တူ ချစ်နေမိတာလား။ မဟုတ်သေးဘူးနော်။
သူတို့နှစ်ယောက်၏ အဖြစ်အလုံးစုံကို တစ်နေရာမှ စောင့်ကြည့်နေသော သူကားသူတို့မတွေ့လိုက်ရပေ။ ထိုသူကား အခြားမဟုတ် မေရီနှင်းပင်ဖြစ်၏။
*လတ်စသတ်တော့ နောင်အိမ်တည်က ငါကပ်တာကို လက်မခံတာ သူက အကိုမိုးနှောင်းကို စိတ်ဝင်စားနေလို့ပဲ ၊ ဘယ်ရမလဲ ၊ လောကမှာ ဖိုမ ပေါင်းဖက်ခြင်းပဲရှိတယ် ၊ သဘာဝကို ဆန့်ကျင်ပြီး ပေါင်းဖက်ခြင်းနေတာပဲ ၊ မေရီနှင်းအကြောင်းသိအောင်တော့ပြရမယ် *
ရည်းစားလူလုအူနုကျွဲခတ်တယ်ပြောရအောင်လည်းမေရီနှင်းက ဘယ်သူနှင့်မှမဆိုင်။ မိန်းမတွေရဲ့စိတ်က ခန့်မှန်းရ၏။ မိန်းမကောင်းလေးများရှိသလို မိန်းမဆိုးများလည်းရှိပါ၏။ ဒါကတော့ အကောင်းနှင့်အဆိုးဒွန်တွဲနေသည်ဆိုသော လောကနိယာမပင်ဖြစ်မည်။
မေရီနှင်းသည် ကြိမ်းဝါးသွားပြီးနောက်မိုးနှောင်းယာ နောက်သို့ လိုက်သွားလေတော့၏။
“ အကိုမိုးနှောင်းရှင့် အကိုမိုးနှောင်း ”
အိမ်ထဲသို့ အဝင်အနောက်နားဆီမှ ခေါ်သံနွဲ့နွဲ့အားကြားလိုက်ရ၍ လှည့်မကြည့်ဘဲ ဘယ်သူဆိုတာအတပ်သိ၏။ ဒါက ဒီအိမ်ကတစ်ဦးတည်းသော ညုတုတု မိန်းကလေးမေရီနှင်းပင်။
“ ဘာဖြစ်သလဲ ညီမမေရီ ”
“ ည ကျရင် လက်ဖက်ရည် သောက်ဖို့ အတွက် လာခေါ်တာပါရှင့် ၊ ဒီညက လပြည့်ညလေ ၊ ခြံထဲမယ် သိပ်ကိုသာယာ မှာနော် ”
“ တောင်းပန်ပါတယ် ညီမမေရီ ကိုယ်က ညဘက်ဆို လက်ဖက်ရည် သောက်လေ့မရှိပါဘူးဗျ ”
“ ဟိုလေ ဒီလက်ဖက်ရည်က မေရီ့အိမ်က ထည့်ပေးလိုက်တာပါ ကိုမိုးနှောင်းအတွက် ဆိုပြီး ၊ကျေးဇူးပြု၍ မငြင်းပါနဲ့နော် ”
မိုးနှောင်းယာသည် လူမှုရေးကိုတော့နားလည်၏။သို့သော်ငြား မိန်းကလေးတစ်ယောက်နှင့် လက်ဖက်ရည်သောက်ရမည်မှာ ညဘက်လည်းဖြစ်နေ၏။ ပတ်ဝန်းကျင်ကိုဂရုစိုက်စရာမလိုသော်လည်း အိမ်တွင် ရှိသော လူများအား သူလေးစားရမည်။အစေခံတွင် ဖြစ်လင့်ကစား သူ့အနားမှာ အမြဲရှိလာသည့် သူတို့နှင့်တောင် မရောဘဲ ဘယ်လောက်မှ မကြာသေးသည့် ဒီမိန်းကလေးနှင့်ရောနေတာမြင်ရင်တော့ တစ်ခုခု တီးတိုးပြောကြလိမ့်မည်။
“ ကောင်းပြီလေ ဒါဆိုရင်တော့ ကိုယ် လူတစ်ယောက်ကို ပါထပ်ဖိတ်လိုက်မယ် ရတယ်မလား ”
“ ဒီလိုလည်း ရပါတယ် ”
“ ဒါဖြင့်ရင် ဒီညမယ် ခြံထဲမှာ ဆုံကြတာပေါ့ ”
မိုးနှောင်းယာသည် ဒီမျှလောက်သာ ပြောပြီး စာဖတ်ခန်းထဲ သို့ ဝင်သွားလေ၏။ မေရီနှင်း၏ မျက်နှာထက်ဝယ် ဓားသွားဆန်ဆန် အပြုံးတစ်ပွင့်က ဝင်ရောက်လာ၏။ ဒီညတော့ ရာသီဥတု သူ့ဘက်မှာ ရှိစေရန် တိတ်တခိုးဆုတောင်းနေမိ၏။
...........
အချိန်ကား ည ၇ နာရီခန့်ဖြစ်၏။ လသည် ယနေ့ညတကယ်ပင်ပြည့်ကာ မိုးနှောင်းတစ်ရာ ခြံထဲဝယ် ထိန်ထိန် သာနေပါ၏။ ခြံထဲရှိ တမာပင်ကြီးအောက်တွင် စားပွဲဝိုင်းလေးတစ်ခုကာရှိနေ၏။ စားပွဲဝိုင်းထက်တွင် ပန်းကနုတ် ဆေးရောင်ခြယ်ထားပြီးကြွေခွက်လေးနှင့် ရေနွေးကရားလေးက ရှိနေ၏။ ဘေးတွင်တော့ ခုံသုံးလုံးရှိ၏။ မကြာမီအချိန်တွင် မေရီနှင်းသည် ထိုစားပွဲဝိုင်းသို့ရောက်လာ၏။ မေရီနှင်းနှင့်မခြား နောက်တွင်မိုးနှောင်းယာ ကရောက်လာ၏။
“ ဪ အကိုမိုးနှောင်း ရောက်လာပြီလား ”
“ အင်း ကိုယ်ရောက်ပြီ ”
“ ဒါနဲ့ နောက်တစ်ယောက်ဆိုတာက ”
“ ဟိုမှာ လာလေပြီ ”
မိုးနှောင်းယာက အိမ်ကြီးဘက်ဆီသို့လက်ညိုးညွှန်ပြလိုက်၏။မေရီနှင်းသည် မိမိတို့စားပွဲဝိုင်း ဆီသို့လာနေသောသူအားမြင်လိုက်ရသောအခါ မျက်နှာထက်ဝယ် ကြောက်ရွံ့မှုများပြေးလွှားသွားတော့၏။
“ ဒီမယ် မေရီနှင်း ၊ မင်းကလက်ဖက်ရည်သောက်ပွဲလုပ်တာတောင် အိမ်ကြီးရှင်ကိုမေ့နေရော့သလား”
မိုးနှောင်းတစ်ရာစံအိမ်ကြီး၏ အရှင်သခင် တစ်နည်းအားဖြင့်ဆိုသော် သူမရှေ့တွင်ထိုင်နေသော မိုးနှောင်းယာ၏ တစ်ဦးတည်းသော ဆွေမျိုး သခင်မကြီး ဒေါ်လွန်းထိပ်တင်သည် မေရီနှင်းအား စေ့စေ့ကြည့်ကာ တစ်ခွန်းချင်းဆိုလိုက်၏။
“ ဒီ...ဒီလိုမဟုတ်ရပါဘူး သခင်မကြီး ၊ ပြီးမှသခင်မကြီး အခန်းထဲ လာပြီး ပို့မလို့ပါ မေရီအတွေးတိမ်သွားပါတယ် ”
“ အတွေးတိမ်ရုံတင်မကဘူး ၊အတွေးက လင်တရူးပြီးတွင်းနက်ထဲ ရောက်သွားတာလေ ”
“ ရှင် ! ”
“ ငါပြောတာ မှားလေသလား ”
“ အဘွားတော် စိတ်ကိုလျော့ပါလေ ၊ ညီမေရီက ဒီလိုစိတ်နဲ့ မဟုတ်ဘူးထင်ပါရဲ့ ”
“ မင်း တိတ်စမ်း မိုးနှောင်း ၊ မင်းအဖေတုန်းကလည်း ဒီလိုပဲ မာယာတောထဲ သက်ဆင်းခဲ့ရတာပဲ ၊နောက်ထပ် ငါ့သွေးသားကိုထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး ”
“ ဒီလိုတော့ မပြောပါနဲ့ သခင်မကြီး ၊ မေရီက မိကောင်းဖခင်သားသမီးပါ ၊ သခင်မကြီးက တစ်ဖက်စောင်း နေပြီလားလို့ ”
“ ဘာ !!!! ”
မေရီနှင်း၏စကားသည်အဘွားတော်အား ဒေါသကိုမီးမြိုက်ပေးနေသလိုဖြစ်၏။ ဒီလိုနှင့် ဆိုးရွားမှုတွေဖြစ်လာတော့မည်။ အချိန်နောက်မကျခင် သူအမြန်ထိန်းမှရတော့မည်။အဘွားတော်၏ဒေါသအရှိန်အားသူအသိဆုံးပင်မဟုတ်ပါလား။
“ တော်လောက်ပြီ ၊ အဘွားတော်လည်း စိတ်လျော့လိုက်ပါ ၊ ညီမမေရီ လည်းစကားကိုဆင်ခြင်ပြောရင်ကောင်းမယ် တကယ်ဆိုမင်းက ငါ့ကိုမခေါ်သင့်ဘူး၊အဘွားတော်အကြောင်းမင်းလည်းအသိ ”
“ ဒါဆို ဘာလို့ အဘွားတော်ကို လက်ဖက်ရည်သောက်ဖို့အတူခေါ်လာေသးလဲ ”
“ ငါခေါ်ထားတာ က တခြားတစ်ယောက်”
“ ငါက ငါ့ဘာသာလာတာ ၊မြေးတော် ခေါ်ထားတာမဟုတ်ဘူး ၊ မြေးတော်လေးကိုမင်းဘာမှပြောစရာအခွင့်မရှိဘူး ”
“ ဒါဖြင့်ရင် သခင်မကြီးကမဖိတ်ဘဲ လာတဲ့ ဧည့်သည်ပေါ့ ”
“ ဒီမယ် မေရီနှင်း မင်းစကားတွေက လွန်လာပြီမထင်ဘူးလား ၊ အဘွားတော်ကို မင်းပြန်ပြောစရာမလိုဘူးထင်တယ် ”
“ တောင်းပန်ပါတယ် ကျွန်မ မှားသွားပါတယ် ”
မိုးနှောင်းယာ၏ ပြောသောစကားကြောင့် သူမှားသွားမှန်းသိသွားပုံရသော မေရီနှင်းသည် လေသံကိုလျော့ချကာ ပြန်၍ ပြောလိုက်လေ၏။ သို့မဟုတ်ပါက အိမ်ကြီးရှင် ကို စော်ကားမိ၍ သူ ဘုံပျောက်နေရမည်။
“ မင်း မြဲမြဲ မှတ်ထားပါ မေရီနှင်း ၊ ဒီအိမ်မှာ ဘယ်ယောကျာ်းသားကိုမှ မြူဆွယ်လို့မရဘူးဆိုတာ ၊ပြီးတော့ လမ်းဘေးအတွေးတွေကိုလည်း ဖျောက်ထားပါ ”
အဘွားတော်သည်ရိုက်တာထက် နာကျင်သောစကားလုံးများကိုသုံး၍ မေရီနှင်းအားအရှိုက်တည့်တည့်ကို ထိုးနှက်လိုက်၏။ မေရီနှင်း၏ မျက်နှာသည် ပျက်သွားရ၏။
“ ကျွန်မ မှတ်ထားပါ့မယ် သခင်မကြီး ”
“ မြေးတော် အိမ်ထဲ ပြန်ကြမယ် ”
ဒေါ်လွန်းထိပ်တင်သည် မိုးနှောင်းယာအားခေါ်၍ ထွက်သွားလေ၏။ ဒီလက်ဖက်ရည် ဝိုင်းက ဒီမျှလောက် အပြစ်ကြီးသွားလေသလား။ သူ(မ)က မိုးနှောင်းယာနှင့် နှစ်ယောက်ထဲစကားပြောချင်ယုံမျှသာ။ ဒါကို အိမ်ကြီးရှင်ဖြစ်သူ ဒေါ်လွန်းထိပ်တင်က သူ့ကိုစိန်ခေါ်လိုက်သည်လေ။ မိန်းမတစ်ယောက်ရဲ့ မာနကိုရိုက်ချိုးလိုက်တာဟာ မြွေဟောက် ကိုရန်စလိုက်သလိုဆိုတာ ဒီအိမ်ကြီးရှင် မသိရော့ထင်။ သူ့ဆီက အဆိပ်ငွေ့တွေ ထုတ်ရတော့မှာပေါ့။ ရှေ့ဆက် ဘာတွေဆက်ဖြစ်မလည်း ကံတရားကပဲ အဆုံးအဖြတ်ပေးသွားတော့မည်။ သေချာတာကတော့ သူ(မ) လက်မလျော့တော့ဘူးလို့ဆုံးဖြတ်လိုက်ခြင်းပင်။ များမကြာမီ ဒီအိမ်ကြီး၏အရှင်သခင် အသစ်တစ်ယောက် ပြောင်းလဲတော့မည်။
Words 2944
Eros5
2:00pm
Zawgyi 🍁
ဒီေန႔ ရာသီဥတုက သာယာ၍ေကာင္းကင္တစ္ခြင္သည္ ၾကည္လင္ေန၏။ မိုးေႏွာင္းတစ္ရာ ၏ၿခံထဲဝယ္ ေနာင္အိမ္တည္ တစ္ေယာက္ စိုက္ထားေသာ ပန္းပင္မ်ားကို လိုက္ၾကည့္ေန၏။တကယ္ေတာ့ သူ ဒီေန႔ မိုးေႏွာင္းယာအား သူ႔ခံစားခ်က္မ်ားကို ဖြင့္ေျပာရန္ ႀကံစည္ေနျခင္းျဖစ္၏။
ခံစားခ်က္ဆိုတာကလည္းအခက္သားလား။လူတစ္ေယာက္ကို လိမ္နည္းေပါင္းစုံႏွင့္ လွည့္စားလို႔ရေပမယ့္ ခံစားခ်က္အစစ္ကိုေတာ့ လိမ္ညာ၍မရေပ။ရင္ခုန္သံကေတာ့ စစ္မွန္သည္ေလ။
“ ေဟ့ ဘာလုပ္ေနတာလဲ ေနာင္အိမ္တည္ ”
ပန္းပင္ေတြလိုက္ၾကည့္ေနရင္း ဇြန္ပန္း႐ုံေအာက္အေရာက္တြင္ အေနာက္နားဆီမွ အသံၾကည္ၾကည္ေလးကိုၾကားလိုက္ရ၏။ ဇြန္ပန္းတစ္ပြင့္ကိုခူးဖို႔ရန္ႀကံစည္ေနေသာ သူ႔လက္အားျပန္႐ုတ္သိမ္းလိုက္ကာ အေနာက္သို႔လွည့္ၾကည့္လိုက္၏။
“ ဘာမွ မလုပ္ပါဘူး ကိုမိုးေႏွာင္း ၊ ဒီတိုင္း ပ်င္းပ်င္းရွိတာနဲ႔ ၿခံထဲဆင္းလာတာပါ ”
“ စကားေျပာေတြ ပိုင္ၿပီလား ေနာင္အိမ္တည္”
“ စကားေျပာေတြ မပိုင္ေသးေပမယ့္ ၊သင္ေပးတဲ့သူကိုေတာ့ ပိုင္ဖို႔ႀကိဳးစားေနပါတယ္ ”
“ ဘာရယ္ ! ”
“ အာ့ ဘာရယ္မွ မဟုတ္ပါဘူးဗ် ဒီတိုင္းစကားျဖင့္ေျပာလိုက္တာပါ ”
မိုးေႏွာင္းယာ၏အသံေၾကာင့္ ႐ုတ္တရက္ႏႈတ္မွ ထြက္သြားသည္ကိုသတိရကာ အျမန္ျပန္ေျပာလိုက္ရ၏။ သူဆိုသည္မွာလည္း စိတ္ေတြက လႈပ္ရွားေနတာကို။ဒီလိုနဲ႔ ဖြင့္မေျပာရေသးခင္ ၾကက္ေျခခတ္အျခစ္ခံရေဝာာ့မည္။
“ စကားေျပာေတြကို ေသခ်ာ ပိုင္ေအာင္လုပ္ပါ ေနာင္အိမ္တည္ ၊ ကိုယ္မင္းကို ယုံၾကည္တယ္ဆိုတာ မင္းသိပါတယ္ ၊မင္းကို အမ်ားႀကီးေမွ်ာ္လင့္ထားတယ္ ဆိုတာေရာပဲ ”
“ စိတ္ခ်ပါဗ်ာ ၊ ကြၽန္ေတာ့္ေၾကာင့္ ကိုမိုးေႏွာင္းစိတ္မ်ပ်က္ေစရပါဘူး ”
“ အင္း ကိုယ္ယုံတယ္ ”
“ ဒါနဲ႔ေလ ကြၽန္ေတာ္ေမးစရာရွိတယ္ ”
“ အင္း ေမး”
“ ကိုမိုးေႏွာင္းမွာ ခ်စ္ရတဲ့သူ ရွိလား ”
“ ရွိတယ္ ”
“ ဗ်ာ ! ”
သြားၿပီ။သူေနာက္က်သြားၿပီထင္တယ္။ မိုးေႏွာင္းယာမွာ ခ်စ္ရတဲ့သူ ရွိေနၿပီးတဲ့။ သူ႔မွာ ဖြင့္ေျပာဖို႔ အခြင့္အေရးေတာင္မရွိေတာ့ဘူးလား။သူ႔ခံစားခ်က္ေတြကို သူမသိေတာ့ဘူးလား။
“ သူက ဘယ္သူလဲဟင္ သိခြင့္ရွိမလား”
“ အာ့တာ ကိုယ့္အဘြားေတာ္ေလ ၊ ကိုယ္တို႔က ေျပးၾကည့္မွ ဒီေျမးအဘြားႏွစ္ေယာက္ထဲရွိတာကို အဘြားကိုမခ်စ္လို႔ ဘယ္သူ႔ကိုသြားခ်စ္ရမွာလဲ ”
ေသစမ္း ေနာင္အိမ္တည္။ သူ႔မွာေတာ့ ေၾကကြဲေတာ့မလို႔။ ေတာ္ပါေသးရဲ႕ ကံတရားက သူ႔ဘက္မွာ ရွိေနေသး၏။
“ အာ့ ကြၽန္ေတာ္ေမးတာအာ့လိုမဟုတ္ဘူးဗ် ”
“ ႏို႔ ဘယ္လိုေမးတာတုန္း ”
“ ကြၽန္ေတာ္ေမးတာက ကိုမိုးေႏွာင္းရဲ႕ရည္႐ြယ္ထားတဲ့လူ ၊ လက္ထပ္မယ့္လူကို ေမးတာ ”
“ ဒါဆိုရင္ေတာ့ မရွိေသးဘူးလို႔ေျဖရမယ္”
“ တကယ္လားဗ်ာ ”
“ တကယ္ပါ ၊သို႔ေပသိ ကိုယ္က အာ့တာေတြစိတ္မဝင္စားဘူး ”
“ ဟင္ ! ”
“ ဘာလို႔ေမးတာလဲ ေနာင္အိမ္တည္ ၊မဟုတ္မွလြဲေရာ မင္းမွာ ရွိေနၿပီလား ”
“ ရွိေနတယ္လို႔လည္း မဟုတ္ရပါဘူးဗ်ာ ဒီတိုင္းေလးပဲ ”
“ လူငယ္သဘာဝ စိတ္ကစားၿပီးခ်စ္ၾက ႀကိဳက္ၾကတာကိုေတာ့ ကိုယ္နားလည္ပါတယ္၊သို႔ေပသိ မင္းတို႔လမ္းမွားေတာ့ မေလွ်ာက္ၾကနဲ႔ေပါ့ ။အဲ့ဒီဘာ မဟုတ္တဲ့ အခ်စ္ ဆိုတဲ့စကားလုံးႏွစ္လုံးေၾကာင့္ေတာ့ ရည္႐ြယ္ခ်က္မေပ်ာက္ဆုံးေစနဲ႔ေပါ့”
“ ဟုတ္ ကိုမိုးေႏွာင္း”
“ ေအ မင္းက စဥ္းစားတတ္ပါတယ္ ”
“ ဟုတ္ ကြၽန္ေတာ္သိပါတယ္ ၊ ဒါနဲ႔ ကိုမိုးေႏွာင္း ခ်စ္ျခင္း ေမတၱာမွာ ေယာက်ၤားမိန္းမ သဘာဝအတိုင္းမဟုတ္ဘဲ ၊ ေျပာင္းလဲၿပီး ခ်စ္တယ္ဆိုရင္ေရာ လက္ခံလား ”
“ ဘယ္လိုမ်ိဳးလဲ ေနာင္အိမ္တည္ ”
“ ေယာက်ၤားေလး တစ္ေယာက္က ေယာက်ၤားေလးတစ္ေယာက္ကို ခ်စ္တာ ”
“ ဒါကေတာ့ ကိုယ္မေျပာခ်င္ဘူး၊ ဘာလို႔လည္း ဆိုေတာ့ ကိုယ္တို႔ ဘုရားရွင္က ခ်စ္ျခင္းေမတၱာကို ကန႔္သတ္ ခဲ့တာ မဟုတ္ဘူး ၊ လူသားတိုင္း ဟာ လြတ္လပ္စြာ ခ်စ္ ႏိုင္တယ္ ၊ သဘာဝရယ္လို႔ မဟုတ္ဘူး ၊ ေလာကႀကီးမွာ ခ်စ္ျခင္းေမတၱာတရားေတြ လႊမ္းၿခဳံေနတာဟာ ေပ်ာ္စရာေကာင္းပါတယ္ ”
“ ဒါဆို လက္ခံတာလားဟင္ ”
“ အင္း လက္ခံတယ္လို႔ဆိုရမွာပဲ ၊ ႏို႔ ေနပါဦး ေနာင္အိမ္တည္ က ဘယ္အိမ္က ေယာက်ၤားေလးကို သေဘာက်ေနလို႔လဲ ”
ခ်က္ဆို နားခြက္က မီးေတာက္ေသာ မိုးေႏွာင္းယာက တည့္တည့္ပဲေမးလာ၏။ ဒီလိုဆိုေတာ့လည္း သူေျဖရေပေတာ့မည္။
“မိုးေႏွာင္းတစ္ရာ စံအိမ္က အမ်ိဳးေကာင္းသားေလးကို ”
“ ဟင္ ၊ ဒီအိမ္ကလား ၊ ဒီအိမ္မွာ အမ်ိဳးသားဆိုလို႔ ကိုယ္ရယ္ ၿခံေစာင့္ေလးရယ္ပဲ ရွိတာေလ ၊ မဟုတ္မွ လြဲေရာ ”
“ မဟုတ္ဘူးေနာ္ တလြဲေတြ ေလွ်ာက္မေတြးနဲ႔ေနာ္ အကိုမိုးေႏွာင္း ”
“ ႏို႔ ရွင္းရွင္းေျပာစမ္းပါ ”
နဂိုကတည္းကမွ စိတ္လက္တဆစ္သာရွိေသာသူအား ေနာင္အိမ္တည္က ေဝ့လည္ေၾကာင္ပတ္ေျပာေနမိေတာ့သည္။ သူကိုက မွားတာပါ။
“ ဒါျဖင့္ ကြၽန္ေတာ္ေျပာမယ္ ၊ ကိုမိုးေႏွာင္း နားနဲ႔မနာဖဝါးနဲ႔သာ နာပါ ၊ အို ဘယ္လိုနာနာ ကြၽန္ေတာ္ေျပာၿပီးရင္ေတာ့ လက္ခံရမယ္ ”
“ ေျပာမယ့္သာေျပာစမ္းပါ ၊မိေက်ာင္းမင္းေရကင္းျပမေနနဲ႔ ”
“ ကြၽန္ေတာ္သေဘာက် ခ်စ္ျမတ္ႏိုးေနတဲ့ ေဟာဒီက ၾကည္လင္ေအးျမတဲ့အသံပိုင္ရွင္၊ သြယ္လ်တဲ့ခႏၶာကိုယ္ေလးကိုပိုင္ဆိုင္ထားတဲ့ ပိုင္ရွင္၊ထူးျခားၿပီး ျမတ္ႏိုးစရာေကာင္းတဲ့အမ်ိဳးေကာင္းသားေလး ကိုမိုးေႏွာင္းကိုပါ ခင္ဗ် ”
“ ဘာရယ္ ၊ က်ဳပ္ကို သေဘာက်ေနတာ!!”
ဇြန္ပန္းတစ္ပြင့္ကိုေကာက္ေနရင္းေနာင္အိမ္တည္၏ေျပာစကားေၾကာင့္ ဇြန္ပန္းပြင့္ေလးက ရဲေန ေသာ လက္ႏုႏုေလးထဲမွ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားရေတာ့၏။ ခ်က္ခ်င္းပင္ နား႐ြက္အဖ်ားေလးမ်ားက ခ်ယ္ရီသီးသဖြယ္ ရဲတက္သြားရ၏။ ပါးမို႔မို႔ေလးႏွစ္ဖက္က ဇြန္ပန္းပြင့္ႏွင့္အၿပိဳင္ ေဖြးၾကည္ေနရာမွ ႏွင္းဆီတစ္ပြင့္လို ရဲသြားရ၏။ ဒါက မိုးေႏွာင္းယာ ဆိုေသာ သူ ရွက္သြားတာလား။
“ ရွက္သြားသလား ကိုမိုးေႏွာင္း။ဒါမွမဟုတ္ခံျပင္းၿပီးေဒါသထြက္သြားတာလား ”
သူ႔ပုံစံကိုၾကည့္၍ သူ႔အားတလြဲထင္သြားပုံရ၏။ ဒီေကာင္ေလးက ဇ ေတာ့ မေသးေပ။ ဒီရက္ပိုင္း သူစကားေျပာတာႏူးညံ့သြားလို႔ထင္။ ဒီေကာင္ေလး သူ႔ကို စိတ္ဝင္စားေနတာဘယ္ေလာက္ၾကာၿပီလဲမသိ။
“ ကိုယ္ ခဏ ရွက္သြား႐ုံပါ ၊႐ုတ္တရက္ဆိုေတာ့ ”
“ ကြၽန္ေတာ့္ကို စိတ္ဆိုးသြားလား ”
“ ႏို႔ ကိုယ္စိတ္မဆိုးပါဘူး ၊ မင္း ကိုယ့္ကိုစိတ္ဝင္စားေနတာၾကာၿပီလား ”
“ ၾကာၿပီရယ္လို႔ မဆိုသာပါဘူး ၊ ကြၽန္ေတာ္ ျဖင့္ ကိုမိုးေႏွာင္း ဆိုတဲ့ ရပ္ဝန္းေလးထဲ အ႐ုပ္ႀကိဳးျပတ္ျဖစ္သြားတာ ေတာ့ ၾကာသြားၿပီရယ္ ”
“ မင္း ဘာလို႔ ကိုယ့္ကို ခ်စ္ရတာလဲ ”
“ ကိုမိုးေႏွာင္း ျဖစ္ေနလို႔ ”
“ မင္း ေျဖတဲ့အေျဖက မေလးနက္လိုက္တာ ၊မင္းစိတ္ကစားတာပဲ ျဖစ္မွာပါ ”
“ မဟုတ္ရပါဘူး ၊ ကြၽန္ေတာ္ျဖင့္ ကိုမိုးေႏွာင္းကို ခ်စ္သြားရတာက ကိုမိုးေႏွာင္းရဲ႕ အျပဳအမူတိုင္း ၊ လႈပ္ရွားမႈတိုင္း ကိုက ကြၽန္ေတာ့္အတြက္ ႐ူး႐ူးခါခါ ျဖစ္သြားေလာက္ရတဲ့ အထိ ပါ ”
“ ဒါျဖင့္ရင္ မင္းက ကိုယ့္ကို ခႏၶာကိုယ္ကိုပဲ ခ်စ္တာလား”
“ ေရာ္ ခက္ၿပီ ၊ ကိုမိုးေႏွာင္းတယ္ခက္တယ္ဗ်ာ ”
“ ကြၽန္ေတာ္က ဖြဲ႕ႏြဲ႕မေျပာတတ္ဘူးဗ် ၊ ခ်စ္တာကိုခ်စ္တာလို႔ပဲ သိျမင္ၿပီး ကိုမိုးေႏွာင္းဟာ ဒီသံသရာတစ္ေကြ႕မယ္ ခလုတ္တိုက္မိတဲ့ အရာေလးတစ္ခု ျဖစ္လာၿပီး သက္ဆုံးတိုင္ ကြၽန္ေတာ့္ရင္ထဲ ထင္က်န္သြားမယ့္ သူ မို႔ေပါ့ ”
“ ေျပာေတာ့ျဖင့္ ဖြဲ႕ႏြဲ႕မေျပာတတ္ဘူးဆို ၊ ခုမ်ားက်ေတာ့ ကဗ်ာ ဆရာအရႈံးေပးရတယ္ ”
“ စကားေတြအမ်ားႀကီး မေျပာခ်င္ဘူး ဗ်ာ ၊ ကိုမိုးေႏွာင္း ဆီက တစ္ခြန္းပဲၾကားခ်င္မိတယ္ ”
“ ကိုယ့္ဆီက ဟုတ္သလား ၊ ဘယ္စကားမ်ိဳးပါလိမ့္”
“ ကြၽန္ေတာ့္ကို ကြၽန္ေတာ္နဲ႔ ထပ္တူ ခ်စ္ျမတ္ႏိုးပါတယ္ ဆိုတဲ့ အေျဖေပါ့ ”
”ဒါက သိပ္ကို ေစာလြန္းတယ္ မထင္ဘူးလား”
“ ေနာက္ေတာင္ က်ေနမလားပဲ ”
“ ကိုယ္က ျငင္းမယ္ဆိုရင္ေရာ ”
“ ဒီလိုဆိုရင္ေတာ့ ေဟာဒီမိုးေႏွာင္းတစ္ရာမွာ ဘဝဆက္တိုင္း ကိုမိုးေႏွာင္းဆိုေသာ လူသားေလးႏွင့္ ဆုံစည္းရပါေစဆိုၿပီး ဆုေတာင္းရေတာ့မွာပဲ ”
“ ဒီလိုႀကီးေတာ့ မဆုေတာင္းပါနဲ႔ ၊ ကိုယ္က တရားခံျဖစ္ေနမယ္ ”
“ ဆိုေတာ့ကား ကြၽန္ေတာ့္ကို ခ်စ္သလား”
“ မင္း အေတာ္သတၱိေတြရွိေနတယ္ေပါ့ ေနာင္အိမ္တည္ ”
“ အခ်စ္က ဘာမ ဆို ခြန္အားေပးတယ္ေလ ”
“ ကိုယ့္က အေလ်ာ့ေပးဆက္ဆံလို႔ ေရာင့္တက္တာလား ေနာင္အိမ္တည္ ”
“ ဒီလိုလည္း မဟုတ္ရပါဘူး ၊ကိုမိုးေႏွာင္းေျပာသလို ခ်စ္ျခင္းတရားေတြလႊမ္းၿခဳံေနတဲ့ကမာၻႀကီးက သိပ္ေပ်ာ္စရာေကာင္းသြားေအာင္လို႔ပါ ”
“ မင္း က ကိုယ့္ထက္ငယ္တယ္ဆိုတာေရာ သတိရရဲ႕လား”
“ အသက္ငယ္တာက ကိုမိုးေႏွာင္း အတြက္ ထူးဆန္းေနလို႔လား ၊ မသကာ ကြာလွ သုံးႏွစ္ထဲရယ္ပါ ”
“ ဒါျဖင့္ရင္ မင္းက ကိုယ့္ကိုခ်စ္တာ လုံးဝ မေလ်ာ့ဘူးေပါ့ ”
“ လုံးဝ လုံးဝ ပါပဲ ”
“ ေကာင္းၿပီ ၊ မင္းကိုယ့္ဆီက အေျဖကိုလိုခ်င္ရင္ မင္းရဲ႕အစြမ္းအစကို အျပည့္အဝ ထုတ္ျပ ၊ လာမယ့္ ျပဇာတ္ကပြဲမွာ မင္းေအာင္ျမင္စြာ ကျပႏိုင္ၿပီး အားေပးမႈ႕ အျပည့္အဝရႏိုင္ရင္ မင္းကိုကိုယ္အေျဖျပန္ေပးမယ္ ”
“ ကြၽန္ေတာ္ေမွ်ာ္လင့္တဲ့ အေျဖျဖစ္ႏိုင္မလား ”
“ ဒါက မင္းအေပၚမူတည္တယ္ ေနာင္အိမ္တည္”
“ စိတ္သာခ် ကြၽန္ေတာ့္ကို အေျဖေပးဖို႔ရာ ျပင္ထားလိုက္ပါေလ ”
“ အင္း ”
အင္း တစ္လုံးသာ ေျပာၿပီး ထြက္သြားေသာ ေက်ာျပင္ေလးအားၾကည့္၍ ေနာင္အိမ္တည္ တစ္ေယာက္ ၿပဳံးေနမိေတာ့၏။ သူထင္ထားသည္က မိုးေႏွာင္းယာသည္ အႀကီးအက်ယ္ စိတ္ဆိုး၍ သူ႔အားေမာင္းထုတ္မည္ဟု ထင္ထားမိသည္။ သို႔ေသာ္ ယခုအေျခအေနအရ သူကံသြားသည္ထင္ပါ၏။ တကယ္ေတာ့ မိုးေႏွာင္းယာ က ထင္သေလာက္မဆိုးပါေလ။ ခ်စ္ၾကည့္မွ ပိုသိလာရ၏။ မိုးေႏွာင္းယာ ပစ္ခ်သြားေသာ ဇြန္ပန္းျဖဴေလးအားေကာက္လိုက္၍ တယုတယ နမ္းလိုက္မိ၏။
ေနာင္အိမ္တည္ ထံမွ ထြက္လာၿပီးေနာက္ ဒုတိယအႀကိမ္ ရင္ခုန္မႈ႕ကို လႈိက္လွဲစြာခံစားလိုက္ရျပန္၏။
နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနတဲ့ ရင္အစုံကို လက္သြယ္သြယ္ေလးျဖင့္ ဖိလိုက္ရ၏။ ဒီလိုႏွင့္ သူႏွလုံးေရာဂါ ရေတာ့မည္မဟုတ္လား။
ေနပါဦး သူကေရာ ဒီေကာင္ေလးကို ထပ္တူ ခ်စ္ေနမိတာလား။ မဟုတ္ေသးဘူးေနာ္။
သူတို႔ႏွစ္ေယာက္၏ အျဖစ္အလုံးစုံကို တစ္ေနရာမွ ေစာင့္ၾကည့္ေနေသာ သူကားသူတို႔မေတြ႕လိုက္ရေပ။ ထိုသူကား အျခားမဟုတ္ ေမရီႏွင္းပင္ျဖစ္၏။
*လတ္စသတ္ေတာ့ ေနာင္အိမ္တည္က ငါကပ္တာကို လက္မခံတာ သူက အကိုမိုးေႏွာင္းကို စိတ္ဝင္စားေနလို႔ပဲ ၊ ဘယ္ရမလဲ ၊ ေလာကမွာ ဖိုမ ေပါင္းဖက္ျခင္းပဲရွိတယ္ ၊ သဘာဝကို ဆန႔္က်င္ၿပီး ေပါင္းဖက္ျခင္းေနတာပဲ ၊ ေမရီႏွင္းအေၾကာင္းသိေအာင္ေတာ့ျပရမယ္ *
ရည္းစားလူလုအူႏုကြၽဲခတ္တယ္ေျပာရေအာင္လည္းေမရီႏွင္းက ဘယ္သူႏွင့္မွမဆိုင္။ မိန္းမေတြရဲ႕စိတ္က ခန႔္မွန္းရ၏။ မိန္းမေကာင္းေလးမ်ားရွိသလို မိန္းမဆိုးမ်ားလည္းရွိပါ၏။ ဒါကေတာ့ အေကာင္းႏွင့္အဆိုးဒြန္တြဲေနသည္ဆိုေသာ ေလာကနိယာမပင္ျဖစ္မည္။
ေမရီႏွင္းသည္ ႀကိမ္းဝါးသြားၿပီးေနာက္မိုးေႏွာင္းယာ ေနာက္သို႔ လိုက္သြားေလေတာ့၏။
“ အကိုမိုးေႏွာင္းရွင့္ အကိုမိုးေႏွာင္း ”
အိမ္ထဲသို႔ အဝင္အေနာက္နားဆီမွ ေခၚသံႏြဲ႕ႏြဲ႕အားၾကားလိုက္ရ၍ လွည့္မၾကည့္ဘဲ ဘယ္သူဆိုတာအတပ္သိ၏။ ဒါက ဒီအိမ္ကတစ္ဦးတည္းေသာ ညဳတုတု မိန္းကေလးေမရီႏွင္းပင္။
“ ဘာျဖစ္သလဲ ညီမေမရီ ”
“ ည က်ရင္ လက္ဖက္ရည္ ေသာက္ဖို႔ အတြက္ လာေခၚတာပါရွင့္ ၊ ဒီညက လျပည့္ညေလ ၊ ၿခံထဲမယ္ သိပ္ကိုသာယာ မွာေနာ္ ”
“ ေတာင္းပန္ပါတယ္ ညီမေမရီ ကိုယ္က ညဘက္ဆို လက္ဖက္ရည္ ေသာက္ေလ့မရွိပါဘူးဗ် ”
“ ဟိုေလ ဒီလက္ဖက္ရည္က ေမရီ႕အိမ္က ထည့္ေပးလိုက္တာပါ ကိုမိုးေႏွာင္းအတြက္ ဆိုၿပီး ၊ေက်းဇူးျပဳ၍ မျငင္းပါနဲ႔ေနာ္ ”
မိုးေႏွာင္းယာသည္ လူမႈေရးကိုေတာ့နားလည္၏။သို႔ေသာ္ျငား မိန္းကေလးတစ္ေယာက္ႏွင့္ လက္ဖက္ရည္ေသာက္ရမည္မွာ ညဘက္လည္းျဖစ္ေန၏။ ပတ္ဝန္းက်င္ကိုဂ႐ုစိုက္စရာမလိုေသာ္လည္း အိမ္တြင္ ရွိေသာ လူမ်ားအား သူေလးစားရမည္။အေစခံတြင္ ျဖစ္လင့္ကစား သူ႔အနားမွာ အၿမဲရွိလာသည့္ သူတို႔ႏွင့္ေတာင္ မေရာဘဲ ဘယ္ေလာက္မွ မၾကာေသးသည့္ ဒီမိန္းကေလးႏွင့္ေရာေနတာျမင္ရင္ေတာ့ တစ္ခုခု တီးတိုးေျပာၾကလိမ့္မည္။
“ ေကာင္းၿပီေလ ဒါဆိုရင္ေတာ့ ကိုယ္ လူတစ္ေယာက္ကို ပါထပ္ဖိတ္လိုက္မယ္ ရတယ္မလား ”
“ ဒီလိုလည္း ရပါတယ္ ”
“ ဒါျဖင့္ရင္ ဒီညမယ္ ၿခံထဲမွာ ဆုံၾကတာေပါ့ ”
မိုးေႏွာင္းယာသည္ ဒီမွ်ေလာက္သာ ေျပာၿပီး စာဖတ္ခန္းထဲ သို႔ ဝင္သြားေလ၏။ ေမရီႏွင္း၏ မ်က္ႏွာထက္ဝယ္ ဓားသြားဆန္ဆန္ အၿပဳံးတစ္ပြင့္က ဝင္ေရာက္လာ၏။ ဒီညေတာ့ ရာသီဥတု သူ႔ဘက္မွာ ရွိေစရန္ တိတ္တခိုးဆုေတာင္းေနမိ၏။
...........
အခ်ိန္ကား ည ၇ နာရီခန႔္ျဖစ္၏။ လသည္ ယေန႔ညတကယ္ပင္ျပည့္ကာ မိုးေႏွာင္းတစ္ရာ ၿခံထဲဝယ္ ထိန္ထိန္ သာေနပါ၏။ ၿခံထဲရွိ တမာပင္ႀကီးေအာက္တြင္ စားပြဲဝိုင္းေလးတစ္ခုကာရွိေန၏။ စားပြဲဝိုင္းထက္တြင္ ပန္းကႏုတ္ ေဆးေရာင္ျခယ္ထားၿပီးေႂကြခြက္ေလးႏွင့္ ေရေႏြးကရားေလးက ရွိေန၏။ ေဘးတြင္ေတာ့ ခုံသုံးလုံးရွိ၏။ မၾကာမီအခ်ိန္တြင္ ေမရီႏွင္းသည္ ထိုစားပြဲဝိုင္းသို႔ေရာက္လာ၏။ ေမရီႏွင္းႏွင့္မျခား ေနာက္တြင္မိုးေႏွာင္းယာ ကေရာက္လာ၏။
“ ဪ အကိုမိုးေႏွာင္း ေရာက္လာၿပီလား ”
“ အင္း ကိုယ္ေရာက္ၿပီ ”
“ ဒါနဲ႔ ေနာက္တစ္ေယာက္ဆိုတာက ”
“ ဟိုမွာ လာေလၿပီ ”
မိုးေႏွာင္းယာက အိမ္ႀကီးဘက္ဆီသို႔လက္ညိဳးၫႊန္ျပလိုက္၏။ေမရီႏွင္းသည္ မိမိတို႔စားပြဲဝိုင္း ဆီသို႔လာေနေသာသူအားျမင္လိုက္ရေသာအခါ မ်က္ႏွာထက္ဝယ္ ေၾကာက္႐ြံ႕မႈမ်ားေျပးလႊားသြားေတာ့၏။
“ ဒီမယ္ ေမရီႏွင္း ၊ မင္းကလက္ဖက္ရည္ေသာက္ပြဲလုပ္တာေတာင္ အိမ္ႀကီးရွင္ကိုေမ့ေနေရာ့သလား”
မိုးေႏွာင္းတစ္ရာစံအိမ္ႀကီး၏ အရွင္သခင္ တစ္နည္းအားျဖင့္ဆိုေသာ္ သူမေရွ႕တြင္ထိုင္ေနေသာ မိုးေႏွာင္းယာ၏ တစ္ဦးတည္းေသာ ေဆြမ်ိဳး သခင္မႀကီး ေဒၚလြန္းထိပ္တင္သည္ ေမရီႏွင္းအား ေစ့ေစ့ၾကည့္ကာ တစ္ခြန္းခ်င္းဆိုလိုက္၏။
“ ဒီ...ဒီလိုမဟုတ္ရပါဘူး သခင္မႀကီး ၊ ၿပီးမွသခင္မႀကီး အခန္းထဲ လာၿပီး ပို႔မလို႔ပါ ေမရီအေတြးတိမ္သြားပါတယ္ ”
“ အေတြးတိမ္႐ုံတင္မကဘူး ၊အေတြးက လင္တ႐ူးၿပီးတြင္းနက္ထဲ ေရာက္သြားတာေလ ”
“ ရွင္ ! ”
“ ငါေျပာတာ မွားေလသလား ”
“ အဘြားေတာ္ စိတ္ကိုေလ်ာ့ပါေလ ၊ ညီေမရီက ဒီလိုစိတ္နဲ႔ မဟုတ္ဘူးထင္ပါရဲ႕ ”
“ မင္း တိတ္စမ္း မိုးေႏွာင္း ၊ မင္းအေဖတုန္းကလည္း ဒီလိုပဲ မာယာေတာထဲ သက္ဆင္းခဲ့ရတာပဲ ၊ေနာက္ထပ္ ငါ့ေသြးသားကိုထပ္ၿပီး အဆုံးရႈံးမခံႏိုင္ေတာ့ဘူး ”
“ ဒီလိုေတာ့ မေျပာပါနဲ႔ သခင္မႀကီး ၊ ေမရီက မိေကာင္းဖခင္သားသမီးပါ ၊ သခင္မႀကီးက တစ္ဖက္ေစာင္း ေနၿပီလားလို႔ ”
“ ဘာ !!!! ”
ေမရီႏွင္း၏စကားသည္အဘြားေတာ္အား ေဒါသကိုမီးၿမိဳက္ေပးေနသလိုျဖစ္၏။ ဒီလိုႏွင့္ ဆိုး႐ြားမႈေတြျဖစ္လာေတာ့မည္။ အခ်ိန္ေနာက္မက်ခင္ သူအျမန္ထိန္းမွရေတာ့မည္။အဘြားေတာ္၏ေဒါသအရွိန္အားသူအသိဆုံးပင္မဟုတ္ပါလား။
“ ေတာ္ေလာက္ၿပီ ၊ အဘြားေတာ္လည္း စိတ္ေလ်ာ့လိုက္ပါ ၊ ညီမေမရီ လည္းစကားကိုဆင္ျခင္ေျပာရင္ေကာင္းမယ္ တကယ္ဆိုမင္းက ငါ့ကိုမေခၚသင့္ဘူး၊အဘြားေတာ္အေၾကာင္းမင္းလည္းအသိ ”
“ ဒါဆို ဘာလို႔ အဘြားေတာ္ကို လက္ဖက္ရည္ေသာက္ဖို႔အတူေခၚလာေသးလဲ ”
“ ငါေခၚထားတာ က တျခားတစ္ေယာက္”
“ ငါက ငါ့ဘာသာလာတာ ၊ေျမးေတာ္ ေခၚထားတာမဟုတ္ဘူး ၊ ေျမးေတာ္ေလးကိုမင္းဘာမွေျပာစရာအခြင့္မရွိဘူး ”
“ ဒါျဖင့္ရင္ သခင္မႀကီးကမဖိတ္ဘဲ လာတဲ့ ဧည့္သည္ေပါ့ ”
“ ဒီမယ္ ေမရီႏွင္း မင္းစကားေတြက လြန္လာၿပီမထင္ဘူးလား ၊ အဘြားေတာ္ကို မင္းျပန္ေျပာစရာမလိုဘူးထင္တယ္ ”
“ ေတာင္းပန္ပါတယ္ ကြၽန္မ မွားသြားပါတယ္ ”
မိုးေႏွာင္းယာ၏ ေျပာေသာစကားေၾကာင့္ သူမွားသြားမွန္းသိသြားပုံရေသာ ေမရီႏွင္းသည္ ေလသံကိုေလ်ာ့ခ်ကာ ျပန္၍ ေျပာလိုက္ေလ၏။ သို႔မဟုတ္ပါက အိမ္ႀကီးရွင္ ကို ေစာ္ကားမိ၍ သူ ဘုံေပ်ာက္ေနရမည္။
“ မင္း ၿမဲၿမဲ မွတ္ထားပါ ေမရီႏွင္း ၊ ဒီအိမ္မွာ ဘယ္ေယာက်ာ္းသားကိုမွ ျမဴဆြယ္လို႔မရဘူးဆိုတာ ၊ၿပီးေတာ့ လမ္းေဘးအေတြးေတြကိုလည္း ေဖ်ာက္ထားပါ ”
အဘြားေတာ္သည္႐ိုက္တာထက္ နာက်င္ေသာစကားလုံးမ်ားကိုသုံး၍ ေမရီႏွင္းအားအရႈိက္တည့္တည့္ကို ထိုးႏွက္လိုက္၏။ ေမရီႏွင္း၏ မ်က္ႏွာသည္ ပ်က္သြားရ၏။
“ ကြၽန္မ မွတ္ထားပါ့မယ္ သခင္မႀကီး ”
“ ေျမးေတာ္ အိမ္ထဲ ျပန္ၾကမယ္ ”
ေဒၚလြန္းထိပ္တင္သည္ မိုးေႏွာင္းယာအားေခၚ၍ ထြက္သြားေလ၏။ ဒီလက္ဖက္ရည္ ဝိုင္းက ဒီမွ်ေလာက္ အျပစ္ႀကီးသြားေလသလား။ သူ(မ)က မိုးေႏွာင္းယာႏွင့္ ႏွစ္ေယာက္ထဲစကားေျပာခ်င္ယုံမွ်သာ။ ဒါကို အိမ္ႀကီးရွင္ျဖစ္သူ ေဒၚလြန္းထိပ္တင္က သူ႔ကိုစိန္ေခၚလိုက္သည္ေလ။ မိန္းမတစ္ေယာက္ရဲ႕ မာနကို႐ိုက္ခ်ိဳးလိုက္တာဟာ ေႁမြေဟာက္ ကိုရန္စလိုက္သလိုဆိုတာ ဒီအိမ္ႀကီးရွင္ မသိေရာ့ထင္။ သူ႔ဆီက အဆိပ္ေငြ႕ေတြ ထုတ္ရေတာ့မွာေပါ့။ ေရွ႕ဆက္ ဘာေတြဆက္ျဖစ္မလည္း ကံတရားကပဲ အဆုံးအျဖတ္ေပးသြားေတာ့မည္။ ေသခ်ာတာကေတာ့ သူ(မ) လက္မေလ်ာ့ေတာ့ဘူးလို႔ဆုံးျဖတ္လိုက္ျခင္းပင္။ မ်ားမၾကာမီ ဒီအိမ္ႀကီး၏အရွင္သခင္ အသစ္တစ္ေယာက္ ေျပာင္းလဲေတာ့မည္။
words 2944
Eros5
2:00pm