အပိုင်း (၂၀)

134 9 8
                                    

Unicode 🍁

အချိန်ရာသီစက်ဝိုင်း သည် လည်ပတ်လျက်ရှိလေရာ
ဥတု သုံးခုမှာလည်းအစဉ်အမြဲပြောင်းလဲလျက်ရှိ၏။
ယခု ဆိုလျှင် မိုးအကုန်ဆောင်းအကူးကာလဖြစ်၍ မြောက်လေ ညင်းညင်းက သွဲ့သွဲ့ ဆော်လေ၏။ ဆောင်းရာသီဖြစ်သောကြောင့် မိုးနှောင်းတစ်ရာ စံအိမ်ကြီးသည် အရင်ကထက်ပို၍ ဆိတ်ငြိမ် လာသည်။ နှင်းဖွဲဖွဲလေးများက ကျနေ၏။ အပင်ကြီးများအုံ့ဆိုင်းနေမှု့ကြောင့် အေးသည်ရှိသော်လည်း ယခု ဆောင်းတွင်းအချိန်ခါသို့ရောက်သောအခါ ပို၍ အအေးဓာတ်ပိုလာရ၏။

အချိန်စက်ဝိုင်းသည် လည်ပတ်နေသည်အလျောက် အဖြစ်အပျက်ဟူသမျှသည်လည်း တစ်ခုပြီးတစ်ခုဖြစ်နေ၏။ မိုးနှောင်းတစ်ရာ ပြဇာတ်ရုံကြီးသည် ပြန်လည်ပြုပြင်နေရာမှ ယခုဆိုလျှင် ဇာတ်ရုံတစ်ခုလုံးပြီးသွားသည်အထိ ရုပ်လုံးပေါ်လာလေ၏။
ရွှေရောင် နှင့် အနီရောင် ကိုရောစပ်၍ အသုံးပြုထားသော ပြဇာတ်ရုံကြီးသည် ယခင်ကထက် ပို၍ ခမ်းနားကြီးကျယ်လာ၏။ ပြဇာတ်ရုံအား စီစဉ်ညွှန်ကြားသူသည် ငယ်ရွယ်သူဖြစ် သည်အလျောက် ပြဇာတ်ရုံအားမြင် မိသောအခါ ငယ်ရွယ်နုပျိုမှု့ကို တစ်ဖန်ပြန်ခံစားရ၏။ အနောက်တိုင်း နည်းပညာကိုပါသုံး၍ သေချာပြုပြင်တည်ဆောက်ထားသောကြောင့် သပ်ရပ်လှပစွာ ပေါ်ထွက်နေ၏။

“ အဘွားတော် ခင်ဗျ ၊ သဘောကျပါရဲ့လား ”

မိုးနှောင်းယာသည် သူနှင့်အတူကြည့်နေသော အဘွားတော်အားမေးလိုက်၏။

“ သိပ်ကို သဘောကျတယ် မြေးတော်၊ မြေးတော်ဟာ အဘွားတော်တို့ရဲ့ မျိုးရိုးပီသပါပေတယ် ၊ အဘွားတော်စိတ်ချ သွားရပြီ ၊တကယ်ကို ကျေနပ်ရပါတယ် မြေးတော်ရယ် ၊ မိုးနှောင်းတစ်ရာပြဇာတ်ရုံကြီးပြန်ပေါ်ထွက်လာပြီ အကိုတော်ရေ...”

အဘွားတော်သည် ဆုံးပါးသွားလေပြီဖြစ်သော အဘိုးအား ပြန်လည်တမ်းတ ငိုကြွေး၍ ဝမ်းနည်းဝမ်းသာမျက်ရည်များတသွင်သွင် ကျလာ၏။ အဘွားတော်နည်းတူ မိုးနှောင်းယာသည်လည်း မိမိ၏ကြိုးစားမှု့ကြောင့် ဂုဏ်ယူနေမိ၏။

“ ဒါနဲ့ မြေးတော် ပြဇာတ်ရုံဖွင့်ပွဲကို မင်းရဲ့ပြဇာတ်နဲ့ပဲစဖွင့်မှာလား ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now