အပိုင်း(၁၂)

91 10 0
                                    

တခေတ်မင်းသည် မိခင်ဖြစ်သူအား ရေချိုးဦးမည်ဟုပြောခဲ့ပြီးအပေါ်ထပ်သို့ရောက်သောအခါ lagged ကိုပစ်ချလိုက်ပြီး ကုတင်ခြေရင်း၌ ထိုင်ချလိုက်လေသည်။

“ ဟူး....”

သူ ဒီရက်ပိုင်းအတွင်းသက်ပြင်းတွေချနေရတာများနေပြီ။ဒီကောင်လေး မိုးနှောင်းယာ သည်ဘယ်လိုလူမျိုး ၊ဘယ်လိုပုံစံလေး ဆိုတာခုထိ မခန့်မှန်းနိုင်ပေ။
တစ်ခါတစ်လေ ကလေးဆန်သွားပြန်သည်။တစ်ခါတစ်လေ ကျတော့ သူ့ထက်ပင်ရင့်ကျက်နေသေးသည်။

*ဒါနဲ့ နေပါဦး။ သူကရော ဘာလို့ မိုးနှောင်းယာအကြောင်းကိုစဉ်းစားပြီး စိတ်ရှုပ်ခံနေရတာလဲ။မိုးနှောင်းယာ က သူ့အတွက် လူနာ၊ ဒီ့ထက်ပိုရင်းနှီးရလျှင် ညီငယ်လေးတစ်ယောက်။ ဒါကို သူက ဘာတွေ ထပ်ပြီး မျှော်လင့်နေမိပါလိမ့်။*

တခေတ်မင်းသည် ခေါင်းခါလိုက်ကာ ကုတင်ခြေရင်းမှ ထလိုက်ပြီး ရေချိုးခန်းတွင်းသို့ဝင်ခဲ့လေသည်။ရေချိုးခန်းထဲမှ ရေပန်းအောက်ရောက်သောအခါတွင် ရှုပ်နေသော စိတ်နှင့် ကိုက်ခဲနေသော ခေါင်းက ရေနဲ့ထိလိုက်ရသောကြောင့် လန်းဆန်းလာရသည်။

ရေချိုးပြီး အိမ်နေရင်း ရှပ်အင်္ကျီ လေးနှင့်ပုဆိုးလေးဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

“ ဟော, သားခေတ် ၊ ရေချိုးပြီးပြီပေါ့ ၊ ဒီမှာ မေမေက မင်း တူတော်မောင်လိုဘာချက်ကျွေးမှန်းမသိပေမဲ့ ၊သား ငယ်ငယ်က ကြိုက်တဲ့ ငါးရံ့အူဟင်း လေး ချက်ထားပေးတယ် မဆလာ နိုင်နိုင်လေးနဲ့ ”

ဟုတ်ပါသည်။ မေမေ့လက်ရာ ငါးရံ့အူဟင်းသည် ဒီလောကတွင်တော့ အကောင်းဆုံးဖြစ်သည်။သူ မေမေ့လက်ရာကို အရမ်းကြိုက်သည်။အထူးသဖြင့်ငါးရံ့အူဟင်းပင်။
တခေတ်မင်းသည် ဒီနေ့တော့ခေါင်းမဖော်နိုင်အောင်စားလိုက်တော့သည်။

ထမင်းစားလို့ပြီးသောအခါ မေမေက သူ့ရှေ့သို့ သစ်သီးပန်းကန်လေး လာချပေးသည်။ဒါသည် သူကျောင်းသား ဘဝထဲက မေမေလုပ်ပေးနေကျအရာပင်။ ပန်းသီးလေးတွေ စိတ်ပြီး ပန်းကန်မှာ ပုံဖော်ထားသည်ကို တခေတ်မင်း အရမ်းသဘောကျသည်။

“ သားခေတ် ၊ သားအသက် ဒီနှစ်ဆို (၂၅) နှစ်ထဲရောက်ပြီနော် ”

ရုတ်တရက် မေမေက အသက်ကိုပြော၍ စကားစလာသောကြောင့် သစ်သီးစားနေရာမှ တခေတ်မင်း ခေါင်းမော့လာရသည်။ ပြီးနောက် မေမေ့ထံမှ ဆက်ပြောလာမည့်စကားကို နားစွင့်နေလိုက်သည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now