Unicode အခန်း (၇)

149 16 0
                                    

တခေတ်မင်း အိမ်သို့ပြန်ရောက်သော် အချိန်ကားည (၇) နာရီခန့်ပင်ရှိနေသည်။
ခုထိအတွေးထဲမှာမိုးနှောင်းယာ က နေရာယူထားတုန်းပင်။
မိုးနှောင်းယာ ၏စိတ်သည် ခန့်မှန်းရခက်လှပေသည်။ ၁၉ နှစ်လုံးလုံး အခန်းထဲက အခန်းပြင်မထွက်သည့်လူတစ်ယောက်က မကြာသေးခင်ကပင်မေ့မျောသတိလစ်ရာမှ နှိုးလာသောအခါ အခြား လူတစ်ဦးပုံစံသို့ပြောင်းသွားပြန်လေသည်။

တကယ်ကို နားမလည်နိုင်ပေ။အေးစက်စက်ဆန်သည့်အမှုအရာကနေသွက်လက်ထက်မြက်သည့်ပုံစံပြောင်းသွားသော မိုးနှောင်းယာအားကြည့်၍
တစိမ့်စိမ့်တွေးကာ စဉ်းစားရကျပ်နေ၏။

“ဟူး ...”

လေပူကို မှုတ်ထုတ်ပြီးသက်ပြင်းတစ်ချက်ချကာရေချိုးရန်ပြင်ဆင်လေသည်။

“ မောင်လူအေးရေ ထမင်းပွဲပြင်ထားတော့ဟေ့ ၊ ငါ ရေချိုးပြီးရင် အဆင်သင့်ဖြစ်အောင်”

မီးဖိုခန်းထဲမှာ တစ်လှုပ်လှုပ်နဲ့အလုပ်ရှုပ်နေသည့်တစ်ဦးတည်းသောသူ့အနားရှိသည့် ရွာက တူတော်မောင်အား ထမင်းပွဲပြင်ရန်မှာကြားပြီးရေချိုးရန် အပေါ်ထပ်အခန်းသို့တက်လာခဲ့သည်။

တခေတ်မင်းသည် အမေဆုံးသွားသည်မှစ၍ မည်သို့သော မိန်းမ မျိုးကိုမှ မိမိအနားတွင်မထားတော့ပေ။ အမျိုးသမီးဆိုလျှင် အမေတစ်ဦးသာ ဘေးနားထားခဲ့သည့် သူက အမေဆုံးသွားသောအခါ ရွာက တူအား အိမ်ကိုခေါ်၍ တောက်တိုမယ်ရ ခိုင်းရန် ထားခဲ့သည်။

မောင်လူအေးကလည်းလိမ္မာရှာပါသည်။တစ်ကောင်ကြွက်ဖြစ်သည့် သူ့ဦးလေးအပေါ်ချစ်ရှာပါသည်။ တခေတ်မင်းသည်အသက်အရွယ်အားဖြင့် ၂၆ ဝန်းကျင်ဖြစ်သော်လည်း နုပျိုမှု့က တူတော်မောင်နှင့်ပင် အပြိုင်ဖြစ်သည်။

ထူ၍မည်းနက်သောမျက်ခုံးတစ်စုံ၊စူးရှု၍တောက်ပသော မျက်ဝန်း၊ ပြေပြစ်သောနှာတန်း နှင့် ပိရိသေသပ်သောနှုတ်ခမ်းတစ်စုံ၊ခြုံ၍ ကြည့်ရလျှင် အကြည့်စူးစူးနှင့် ပြည့်‌စုံသောမျက်နှာပိုင်ရှင်အမျိုးသားတစ်ဦးဖြစ်သည်။

အသက်အရွယ်အရ ၊ ဂုဏ်အဆင့်အတန်းအရ တည်ကြည်ခန့်ငြားနေရသော်လည်း ခေတ်လူငယ်တစ်ဦးနှယ် ချောမော မှု့ကိုတော့ ဖုံးကွယ်၍မရပေ။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now