အပိုင်း(၁၄)

94 7 0
                                    

Unicode 🍄

ကားလေးသည် ရန်ကုန်မြို့ပြင် သို့ဦးတည်လာကာ မိုးနှောင်းတစ်ရာ စံအိမ်သို့ ရောက်လေပြီ။ မိုးနှောင်းတစ်ရာ စံအိမ်သည် တစ်သီးတစ်ခြားတည်းရှိနေသည့် အပြင် မြို့ပြင်မှာပါ ရှိနေသောကြောင့် လူသွားလူလာ သိပ်မရှိပေ။
ထို့ပြင် မိုးနှောင်းတစ်ရာ ၏ စံအိမ်ဘေး တွင် တောကြီးတစ်ခု သာ ရှိသောကြောင့် စံအိမ်ကြီးသည် မှိုင်းမှိုင်းညို့ညို့ဖြစ်နေလေသည်။

စံအိမ်ကြီး၏ ခြံနေရာအကျယ်အဝန်းသည် အရှေ့လမ်းအဝင်မှာပါ ရှည်လျားကာ ခြံပေါက်ဝနှင့် အိမ်သည် အလှမ်းဝေးသည်။ စံအိမ်ကြီး၏ ထောင့်စွန်းစွန်း တွင် နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော မိုးနှောင်းတစ်ရာ ပြဇာတ်ရုံ ရှိသည်။
တော်ဝင် လူမျိုးများသာ ဧည့်ခံ ဖျော်ဖြေပေးခဲ့သော ကြောင့် လူသိနည်းလှသည်။

စံအိမ်ကြီး၏ အနောက်ဘက် တွင်တော့ အလုပ်သမား တန်းလျားနှင့် ရေကန်ငယ်တစ်ခုရှိသည်။
တခေတ်မင်း မောင်းနှင်ပြီး မိုးနှောင်းယာနှင့် နောင်အိမ်တည် လိုက်ပါလာသော ကားလေးသည် စံအိမ်ကြီး၏ ဆင်ဝင်အောက်တွင်ရပ်လိုက်လေသည်။

ကားရပ်လိုက်သည်နှင့် အိမ်ထဲမှ အလုပ်သမား ကောင်လေး ထွက်လာ၍ ကားတံခါးအား လာဖွင့်ပေးလေသည်။

တခေတ်မင်း၊မိုးနှောင်းယာ၊နောင်အိမ်တည်တို့သည်ကားပေါ်မှ ဆင်းလိုက်၍ အိမ်ထဲသို့ဝင်လာခဲ့လေသည်။

ဧည့်ခန်းရှိ ခုံတွင် ထိုင်ပြီးသောအခါ အိမ်တော်ထိန်းဒေါ်ဒေါ်မြက ရောက်လာသည်။

“ သခင်လေး ၊ ရောက်တာကြာပြီလား၊ဒေါ်ဒေါ်မြ မသိလိုက်ဘူးရယ် ၊အနောက် ရောက်နေလို့ပါ ”

ဒေါ်ဒေါ်မြသည်မတ်တပ်ရပ်အနေအထားဖြင့်သူမသိလိုက်ကြောင်းကိုပြောပြနေသည်။ တခေတ်မင်းမှ လွဲ၍ နောင်အိမ်တည်သည် သူတို့နှစ်ယောက် စကားပြောနေသည်ကို ကြည့်နေသည်။

“ ရတယ် ၊ရတယ် ဒေါ်ဒေါ်မြ ၊ ဒါနဲ့ တစ်ခုလောက်မှာပါရစေ ၊ ကျွန်တော့်အရှေ့မှာ ထိုင်နေတဲ့ သူက မကြာခင်မှာ ကတော့မယ် ပြဇာတ် အတွက် ဒီမှာ လေ့ကျင့်ရင်း လာနေတာပါ ၊သူ့အတွက် အခန်းတစ်ခန်းပြင်ဆင်ပေးစေချင်တယ် ၊ကျွန်တော့်ဘေးနားက အခန်းလွတ်တွေထဲက တစ်ခန်းကို ရွေးထားပေးပါ ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now