အပိုင်း (၁၇)

86 9 13
                                    

Unicode 🍁

မိုးနှောင်းယာသည် ဖတ်ရမည့်စကားပြောစာများကိုပေးခဲ့၍ အပြင်သို့ ထွက်ရန် ခြံစောင့်ကောင်လေးအား ကားပြင်ခိုင်းလိုက်သည်။
ကားပြင်နေတုန်း တခေတ်မင်း ထံဖုန်းဆက်ရန် ဧည့်ခန်းထဲရှိ တယ်လီဖုန်းရှိရာသို့ လာခဲ့လေသည်။
အလွတ်ရနေသည့် နံပါတ်တစ်ချို့ကိုနှိပ်၍ ဖုန်းခေါ်လိုက်လေသည်။
တယ်လီဖုန်းဝင်တာမည်မျှ မှ မကြာလိုက်တစ်ဖက်မှ  ဖုန်း ဖြေဆိုသံကိုကြားလိုက်ရသည်။

“ ဟုတ်ကဲ့ပါဗျ ၊ ဒေါက်တာတခေတ်မင်း အိမ်မှ ပြောနေပါတယ် ”

ရင်းနှီးနေကျ မဟုတ်သော အသံသေးသေးလေးတစ်ခုက လေထဲမှ တစ်ဆင့်မိုးနှောင်းယာ၏ နားထဲသို့ရောက်လာလေသည်။

“ ဘယ်သူပါလိမ့် ခင်ဗျာ ”

တစ်ဖက်မှ ထပ်မံ၍ မေးလာလေသည်။ မိုးနှောင်းယာ ဖုန်းကိုပြန်မဖြေဘဲ ချလိုက်လေသည်။ ချက်ချင်းပင် ခြံစောင့်ကောင်လေးအား လှမ်းခေါ်လိုက်တော့သည်။

“ ဖိုးထူး ..မြန်မြန်လာစမ်း၊ ကျုပ် ကားကိုအဆင်သင့်လုပ်ခိုင်းထားသာ ပြီးပြီလား ”

“ ဟုတ်..ဟုတ် ပြီးပါပြီသခင်လေး ”

ခြံစောင့်ကောင်လေးဖိုးထူးစကားဆုံးသည်နှင့် ကားပုလုံးလေးပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။
ရုတ်တရက်မိုးနှောင်းယာ၏ စိတ်ဆိုးဒေါသထွက်ပုံကိုကြည့် ၍ မိမိများ ဘာအမှားလုပ်မိသွားလဲဟုတွေးကာ ခေါင်းကုတ်လျက် ကျန်နေခဲ့သည်။

“ ဆည်းဆာ ၊ အစောက ဖုန်းလာသလား၊ ဘယ်သူလို့ပြောသလဲ ”

တခေတ်မင်းသည် တယ်လီဖုန်းမြည်သံကြား၍ စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။ဂျုတီနားရက်ဖြစ်သောကြောင့် အိမ်မှာ ရှိနေသော်လည်း တစ်ခါတစ်ခါ လူနာ ရောက်လာတတ်၍ ဆေးရုံမှ ဖုန်းလှမ်းဆက်တတ်သည်။ ‌

“ ဘယ်သူလဲ လို့ မေးတာ ပြန်လဲ မဖြေဘူး ၊ဦးခေတ် ”

“ ဆေးရုံကတော့ မဟုတ်ဘူး မို့လား ”

“ မဟုတ်ဘူးထင်တယ် ”

ဆေးရုံက ဖုန်းဆက်တတ်သည်ကိုပြောပြထားသောကြောင့် ဆည်းဆာက သိနေသည်။ ထိုစဉ် ခြံထဲသို့ ကားတစ်စီး ဝင်လာလေသည်။ ကားလေးသည် အိမ်ရှေ့ ဆင်ဝင်ရောက်သည်နှင့် ရပ်သွားကာ ကားပေါ်မှ ဆင်းလာသူကိုတွေ့လိုက်ရ၍ အံ့ဩသွားလေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now