အခန်း(၁၈)

85 7 4
                                    

Unicode 🍁

မိုးနှောင်းယာသည် ပြဇာတ်လေ့ကျင့်နေရာအခန်းထဲမှ ထွက်လာ၍ အခန်းရှေ့တွင် ရပ်၍ ဝဲဘက်မှ တဒုတ်ဒုတ် ခုန်နေသော နေရာအား လက်ဖြင့်ဖိထားလိုက်ရ၏။
သူရင်တွေခုန်နေပါလား။ဘာလို့လဲ။ အစောက စိတါလှုပ်ရှားသွားလို့လား။ဒါမှမဟုတ် နောင်အိမ်တည်ကြောင့်လား။ သေချာတာကတော့သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကိုပြန်မြင်လာ၏။

*အို ..မဖြစ်နိုင်တာ ၊ ငါဘာတွေ လျှောက်တွေးနေတာလဲ ၊ မဟုတ်တဲ့ အတွေးတွေကိုဖျောက်ပစ်စမ်း မိုးနှောင်းယာ *

ကိုယ့်ကိုကိုယ်သတိပြန်ပေးလိုက်မိသည်။သေချာတာက ဒီခံစားချက်သည် တခေတ်အပေါ်မှာရှိသည့် ခံစားချက်နှင့်မတူတာတော့အမှန်။ တခေတ်မင်း နှင့် တွေ့လျှင် သူ့စိတ်ကတစ်မျိုးပင်။ တခေတ်မင်း၏ ဂရုစိုက်မှု့တွေကြောင့်ဖြစ်လိမ့်မည်။ တခေတ်မင်းကိုကား သူ၏ အကိုတစ်ယောက်လိုသာ တွယ်တာမိတာတော့အမှန်။ ဒါဆိုရင် နောင်အိမ်တည်အပေါ်မှာထားသည့်ခံစားချက်ကရော။ လူတွေပြောနေသလို့ ရင်ခုန်ရင် အချစ်ဆိုတာလား။ သေချာအောင် ဆန်းစစ်ဖို့တော့လိုလေပြီ။

" အကိုမိုးနှောင်း ၊ ဒီမှာဘာရပ်လုပ်နေတာလဲဟင် "

ရုတ်တရက်အခန်းထဲမှထွက်လာသော မေရီနှင်းကသူ့အားတွေ့လိုက်ရ၍မေးလိုက်လေ၏။

" ဘာမှမလုပ်ဘူး မေရီ ၊ အကိုအောက်ခဏဆင်းမလို့၊ ဒါနဲ့ အက မလေ့ကျင့်ဘဲ ဘာလို့ထွက်လာတာလဲ "

" ရေသောက်ချင်လို့ပါ အကိုမိုးနှောင်း "

" ဪ အာ့တာဆို သွားသောက်လေ "

" အကိုမိုးနှောင်းလည်း အောက်ကိုဆင်းမှာမဟုတ်လား၊ အတူတူသွားကြမယ်လေ "

" အင်း "

မေရီနှင်းသည် အရှေ့မှ ဆင်းသွားလေသည်။သူသည်လည်း နောက်မှ လိုက်ဆင်းလိုက်၏။

" အာ့ !! အကိုမိုးနှောင်း !! "

ရှေ့မှဆင်းနေရင်း မေရီနှင်းတစ်ယောက် လှေကားမှ ချော်ကျလေသည်။ မိုးနှောင်းယာသည် အချိန်မှီ မေရီနှင်း၏ လက်ကို လှမ်းဆွဲလိုက်မိ၏။ရုတ်တရက်အနေအထားကြောင့် မေရီနှင်းသည် သူ့ရင်ခွင်ထဲ ရောက်လာလေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now