အပိုင်း(၁၃)

91 10 0
                                    

#Unicode#

လမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်နေသည်။
မိုးနှောင်းယာ သည်လည်း ကားပြတင်းတံခါးအပြင်ကိုသာ ငေး မော လာရင်းဖြင့်သာ ကားပေါ်လိုက်ပါလာသည်။
တခေတ်မင်းသည်လည်း စကားတစ်ခွန်းမဆိုသာ။
တိတ်ဆိတ်ငြိမ်သက်ရင်းဖြင့်သာ ဆရာကြီး အိမ်သို့ရောက်လာလေသည်။

“ ဟော ၊ မောင်မိုးနှောင်းယာတို့တောင် ရောက်လာပါပြီကော ၊ဆရာကြီးဖြင့် မနက်စာ စားပြီးကတည်းက စောင့်နေတာကွဲ့ ၊ ကဲ ., ၊ထိုင် ပါဦး ၊ စားပြီးကြပြီလား ”

ဆရာကြီး သည် ဧည့်ခန်းထဲတွင် အဆင်သင့်ရှိနေ၍ သတင်းစာ တစ်စောင်ကို ဖတ်ကာသူတို့အား ထိုင်စောင့်နေပုံရသည်။

“ ဟုတ်ကဲ့ဗျ ၊ စားလာပြီးပါပြီ ဗျ ၊ လမ်းမှာ ကိစ္စလေးပေါ်လာလို့ရယ် နောက်ကျသွားတယ် ဆရာကြီးဗျ ”

မိုးနှောင်းယာသည် လျင်မြန်ဆန်စွာပင်ဆရာကြီးအမေးကိုဖြေလိုက်၍ ခုနက ကားပေါ်တွင်ပါလာသည့် မိုးနှောင်းယာ နှင့်ပင်မတူပေ။အသက်ဝင်သော အပြုံးချိုချိုလေးများဖြင့် ပြောင်းလဲသွားပုံသည် ဘေးနားတွင်ရှိသူ တခေတ်မင်း အံ့ဩရပြန်သည်။

“ မနောက်ကျပါဘူး ကွယ် ၊ ဆရာကြီး က စိတ်စောပြီး အစော ထ မိတာ ၊ တကယ် တော့ မောင်မိုးနှောင်းတို့ ရောက်လာတာ အချိန်ကိုက်ပါပဲ ”

“ ဟုတ်ကဲ့ ပါဗျာ ၊ ဪ ဒါနဲ့ ဆရာကြီးဗျ ၊ ဒီကနေ့က ဒဿဂီရိ နေရာ သရုပ်ဆောင်မယ့် ကောင်လေးနဲ့ ‌တွေ့ရမှာ မဟုတ်လား ၊ ဘယ်ကို သွားတွေ့ရမလဲ ဗျ ”

မိုးနှောင်းယာ သည် ဆရာကြီးအား လာရင်းကိစ္စအားပြော၍ အိမ်ထဲသို့ တစ်ချက် ကြည့်လိုက်လေသည်။

“ ဘယ်မှ သွားစရာ မလိုပါဘူး ကွဲ့ ၊ ဆရာကြီး သူ့ကို ‌အိမ်ကိုပဲ ခေါ်ထားတယ် ၊ရောက်တောင် ရောက်နေပြီ ၊သူက ဆရာကြီး တပည့်ရင်း ဆိုတော့လည်း သိပ်ပြီး ပြောစရာမလိုဘူးပေါ့ ”

“ ဒါဖြင့်ရင်း တွေ့ကြတာပေါ့ ဗျ ”

“ ကိုင်း ၊ မောင်နောင် ရေ ၊ ဒီမှာ ပြဇာတ် ဆရာ တွေ ရောက်နေတယ် ကွဲ့ ၊ မင်း အာ့ဒီက လက်ဖက်ရည်နဲ့ မုန့်ဗန်း တစ်ခါတည်း ယူပြီး ထွက်လာခဲ့တော့ ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now