အပိုင်း (၁၆)

96 9 10
                                    

Unicode 🌼

နေမင်း၏ အလင်းရောင်ပျောက်ကွယ် ၍ ညသို့ရောက်၍ ပုစဉ်းရင်ကွဲကောင်လေးများ၏အော်သံကိုပင်ကြားနေရသည်။
ထုံးစံအတိုင်းပင် မိုးနှောင်းတစ်ရာစံအိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်နှင့်မှုန်ပျပျ လရောင်အောက်တွင် ထီးထီးကြီးရှိနေသည်။

စံအိမ်၏ အပေါ်ထပ်အခန်းတစ်နေရာမှ မီးအလင်းရောင်သည် မမှိတ်သေးပေ။ ထိုအလင်းရောင်၏အခန်းပိုင်ရှင်သည် နောင်အိမ်တည်ပင်ဖြစ်သည်။
နောင်အိမ်တည်သည် အခန်းထဲ၌ စာဖတ်နေခြင်းပင်ဖြစ်သည်။
စာဖတ်နေရင်း တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေတာလည်းဖြစ်သည်။
မကြာမီ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အား တယောသံတစ်ခုက ဖြိုခွင်းလိုက်လေတော့သည်။
ဟုတ်ပါသည်။ထိုတယောသံသည် မနေ့ညကလို မိုးနှောင်းတစ်ရာ ပြဇာတ်ရုံအရှေ့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
နောင်အိမ်တည် သည် အခန်းထဲရှိ မီးအိမ်မှ မီးစာကို ငြိမ်းလိုက်ကာ အခန်းအပြင်ဘက်သို့ ခြေဖွ၍ ထွက်ခဲ့လေသည်။

ခြံထောင့်က မိုးနှောင်းတစ်ရာ ပြဇာတ်ရုံရှိရာ သို့ရောက်သောအခါ မနေ့ညကအတိုင်း တယောထိုးနေသည့်လူအားတွေ့လိုက်ရသည်။

“ မင်းရောက်လာပြန်ပြီလား ၊ မင်းကိုမိုးနှောင်းယာကသတိမပေးထားဘူးလား ”

တယောထိုးနေသောလူသည် သူရောက်လာသည်ကို သိနေသည့်အပြင် သူ့အား မေးလိုက်လေသည်။

“ တားထားပါတယ်၊ ဒါမဲ့ ...”

“ ဆင်ခြေ ပေးဖို့မကြိုးစာလေနဲ့ ၊ အိမ်ရှင်ကိုယ်တိုင်က တားမြစ်သတိပေးထားတဲ့အရာ ကို ဇွတ်လုပ်ချင်ရအောင် မင်းက သူ့ကိုမလေးစားတာလား”

“ အာ့လိုမဟုတ်ပါဘူးဗျာ ၊ ကျွန်တော်က လူငယ်သဘာဝ ဒီတိုင်းသိချင်ယုံလေးပါ ၊ပြီးတော့ ကျွန်တော့်ကိုစကား ပြန်ပြောပေးတာဆိုလို့ ဒီက တယောထိုးတဲ့ လူပဲရှိတာပါ ”

“ ငါ့ကို တယောထိုးတဲ့သူ လို့ မခေါ်နဲ့မ ကြိုက်ဘူး ၊
နဂ္ဂမိုး လို့ ခေါ်တယ် အာ့တာငါ့နာမည်ပဲ ”

တယောထိုးသောလူသည်သူ့နာမည်ပြောပြကာ နောင်အိမ်တည်အား စူးစိုက်ကြည့်နေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now