Unicode အခန်း(၅)

194 22 1
                                    

ကားလေးက မြို့ထဲသို့ တလိမ့်လိမ့် ထွက်ခွာလာလေသည်။
ဒေါက်တာတခေတ်မင်းက ကားမောင်းနေရာမှ တချက်တချက် မိုးနှောင်းယာအား လှမ်းကြည့်လေ၏။ သတိထားမိပုံ ရသော မိုးနှောင်းယာက
ပြန်ကြည့်လေသောအခါ လူကြီးဆန်ဆန်ရှက်သွားတာလေးက တစ်မျိုးကြည့်လို့ကောင်းနေ၏။

" ကိုကိုတခေတ် ၊နှောင်းယာ ကိုဘာလို့ ကြည့်နေတာလဲ "

" ဪ ၊ ဘာမှ မဟုတ်ပါဘူး နှောင်းယာရဲ့၊ ပထမဆုံး အိမ်ပြင်ကို ထွက်လာတဲ့နှောင်းယာကိုကိုယ်က မယုံနိုင်သေးလို့ပါ "

"ဟား..ဟား ၊ကိုကိုတခေတ်ကတော့ဗျာ ၊ကလေးကျနေတာပဲ အံ့ဩစရာကျနေတာပဲ ၊လူဆိုတာအမြဲတမ်း ဝမ်းနည်းပူဆွေး လှောင်ပိတ်နေရမယ့်လို မသတ်မှတ်ထားဘူးလေ "

" အမယ် ၊စကားတွေတတ်နေလိုက်တာ ၊မြို့ထဲရောက်ရင် ဘာလုပ်ချင်လဲ နှောင်းယာ"

" နှောင်းယာ ပြဇာတ်ကြည့်ချင်တယ် ၊ကိုကိုတခေတ် "

ဘယ်နှယ့်ပါလိမ့်။ တော်ဝင်သဘင်မျိုးနွယ်ဝင်တစ်ယောက် က ပြဇာတ်ကို တကူးတကမြို့ထဲလာကြည့်ချင်ရတယ်လို့။ ပုံမှန်တိုင်းသာဆိုမိုးနှောင်းယာ လိုလူမျိုးက အိမ်မှာနေရင်းကြည့်နေလို့ရခြင်းပင်။

" ပြဇာတ်၊ ဟုတ်လား၊နှောင်းယာ ၊ဘယ်လိုပြဇာတ်ကိုကြည့်ချင်တာလဲ "

" နှောင်းယာ ၊ ရာမယန ဇာတ်တော်ကိုကြည့်ချင်တယ်ကိုကိုတခေတ် "

" ရာမယနဇာတ် ၊ ဟုတ်လား နှောင်းယာ ၊ ဘာလို့အာ့ဇာတ်ကို ကြည့်ချင်ရတာလဲ "

" နှောင်းယာ ၊အာ့ဇာတ်ကို ကြည့်ပြီး အသစ်ပြန်ဖန်တီးချင်လို့ ၊ သေချာပြောရရင် အာ့ဇာတ်ထဲက
ဒဿဂီရိ ကို ‌ဆွဲထုတ်ချင်လို့ "

ထူးဆန်းပြန်ပြီ။ ‌မိုးနှောင်းယာတို့ကတော့ ၊ရာမယနဇာတ်ကို ဒဿဂီရိ ဆွဲထုတ်မယ် ဆိုတော့ဘယ်လိုမျိုးပါလိမ့်။ တခေတ်မင်း တစ်ယောက် တကယ့်ကို မျက်စိလည်နေပြီးပင်။

" ဘယ်လိုလဲ ၊နှောင်းယာရဲ့ ၊ ရာမယနဇာတ်ဆိုတာ တစ်ခုလုံးက ရာမနဲ့ မယ်သီတာ ကိုပဲ အထူးပြုထားတာလေ ၊ ဒဿဂီရိဆိုတာ ဇာတ်ပို့အနေနဲ့ ပဲ ထည့်သွင်းထားတာ၊ ပြောရရင် ဗီလိန်ပေါ့ နှောင်းယာရဲ့ "

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now