အခန်း(၁)

378 10 0
                                    

ဂျိမ်း ..ဂျလိန်း !
ကျယ်လောင်သော မိုးခြိမ်းသံကြီးက တိတ်ဆိတ်နေတဲ့ ပတ်ဝန်း ကျင်ကိုဖြိုခွင်းလိုက်လေသည်။

မကြာမှီ လျှပ်စီးများပြိုးပြိုးပြက်ပြက် လျှပ်လာကာ မိုးစက်တွေက လည်း အတားအဆီးမရှိ ရွာချလေတော့သည်။

မိုးနှောင်းတစ်ရာ စံအိမ်ကြီးသည် အငြိုးကြီးစွာရွာနေသည့် ကောင်းကင် အောက်တွင် တစ်ကိုယ်တည်း တည်ရှိနေသည်။
ဘေးပတ်လည်တွင် သစ်ပင် ကြီးများက စုပြုံပေါက်နေသောကြောင့် တောကြီးတစ်ခုအဖြစ် အမှတ်မှားနိုင်သည်။

အချိန်ကား ညနေ သုံးနာရီခန့် ရှိနေသည်။

မိုးနှောင်း တစ်ရာ စံအိမ်ကြီး သည် တိတ်ဆိတ်စွာရှိနေသကဲ့သို့ စံအိမ်ကြီး၏ အထဲ အခန်းတစ်ခုထဲတွင် အမျိုးသားတစ်ယောက်သည် ခုတင်ပေါ်တွင် ထိုင်လျက်ရှိနေသည်။

အမျိုးသားတစ်ယောက် ဟုဆိုပါသော်လည်း အသက်အရွယ် အားဖြင့် နှစ်ဆယ် ဝန်းကျင်သာရှိသေးသည်။
သို့သော် မျက်နှာသွင်ပြင် အနေအထားသည် အေးစက်လှသည်။

ညိုသောမျက်ဝန်းအစုံ က အရာရာကို ညို့နိုင်စွမ်းအားကြီးမည့်ပုံရသည်။
သွယ်တန်းနေသော နှာတံတစ်စုံက နက်မှောင်နေတဲ့ မျက်ခုံးတစ်စုံကို အထူးပြုထား၏။
ပါးလျ ဖျော့တော့ နှုတ်ခမ်းတစ်စုံက တင်းတင်းစေ့ထားပုံမှာ နာကြည်းစရာ ကြုံခဲ့ရပုံပေါ်၏။

ရုတ်တရက် ခုတင်ပေါ်မှ ထကာ အနှီးအမျိုးသားသည် ပြတင်းပေါက်တံခါးအနားသို့ ရောက်သွားလေ၏။
ပိတ်ထားသော ပြတင်းတံခါး အား ဆွဲဖွင့်လိုက်သောအခါ အငြိုးကြီးစွာရွာသွန်းနေသောမိုးသည်
နေရာ လွတ် တစ်ခု ရလိုက်သလို ပြတင်းတံခါးမှတစ်ဆင့် အခန်းထဲသို့ဝင်လာလေသည်။

ပြတင်းတံခါးဖွင့်သူ အနှီးအမျိုးသားသည် ရွှဲရွှဲစိုသွားလေသည်။

“ သခင်လေး ! ဘာလို့ ပြတင်းတံခါးကြီးဖွင့်ထားရတာလဲ ..အကုန် စိုရွှဲကုန်ပြီ ”

အသက်လေးဆယ်ကျော် အရွယ် အမျိုးသမီးကြီးတစ်ယောက်သည် လက်ထဲရှိ ကိုင်လာသော
လင်ဗန်းလေး အား စားပွဲပေါ်တင်လိုက်ကာ အနှီးအမျိုးသားအား ပြောလဲပြော ပြတင်းတံခါးလည်းပိတ်လိုက်လေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now