အခန်း (၁)

1.8K 70 2
                                    

*ဂျိမ်း ..ဂျလိန်း !*

အပြာရောင်မှသည် မီးခိုးရောင်ရင့်ရင့်တို့ပြောင်းလာပြီဖြစ်သည့်မှိုင်းညှိုညှို့ ကောင်းကင်ကြီးမှကျယ်လောင်စွာထွက်ပေါ်လာသော မိုးခြိမ်းသံကြီးက တိတ်ဆိတ်နေသည့် ပတ်ဝန်း ကျင်ကိုဖြိုခွင်းလိုက်လေသည်။

မကြာမှီပင် လျှပ်စီးများပြိုးပြိုးပြက်ပြက် လျှပ်လာကာ မိုးစက်မိုးပေါက်တို့သည် လည်း အတားအဆီးမရှိ ရွာချလေတော့သည်။

မိုးနှောင်းတစ်ရာ စံအိမ်ကြီး.........

ကြီးမားပြီး ထီးထီးတည်ရှိနေသည့်စံအိမ်ကြီးက အငြိုးကြီးစွာရွာချနေသောကောင်းကင် အောက်တွင် တစ်ကိုယ်တည်း တည်ရှိနေလေသည်။
ဘေးပတ်လည်တွင်တော့ သစ်ပင် ကြီးငယ်များက စုပြုံပေါက်ရောက်နေပြီး တောကြီးတစ်ခုအဖြစ် ပင်အမှတ်မှားနိုင်လောက်၏

အချိန်ကား ညနေ သုံးနာရီခန့်ပင် ရှိနေပြီ......

သဲသဲမဲမဲရွာချနေသော မိုးစက်များအောက်တိတ်ဆိတ်စွာရှိနေသည့်မိုးနှောင်းတစ်ရာစံအိမ်ကြီး၏ အတွင်း အခန်းတစ်ခုထဲတွင် အမျိုးသားတစ်ယောက်သည် ခုတင်ပေါ်တွင်ညိမ်သက်စွာ ထိုင်လျက်ရှိနေ၏

အမျိုးသားတစ်ယောက် ဟုဆိုပါသော်လည်း အသက်အရွယ် အားဖြင့် နှစ်ဆယ် ဝန်းကျင်သာရှိသေးသည်။
သို့သော် ထိုအမျိုးသား၏ မျက်နှာသွင်ပြင် အနေအထားကတော့ အေးစက်လှ၏။

ညိုသောမျက်ဝန်းအစုံကိုပိုင်ဆိုင်ထားပြီး ထိုမျက်၀န်းတစ်စုံ က အရာရာကို ညို့နိုင်စွမ်းအားကြီးမည့်ပုံပင်။
သွယ်တန်းသော နှာတံတစ်စုံက နက်မှောင်လှသည့် မျက်ခုံးတစ်စုံကို အထူးပြုထား၏။
ပါးလျ ဖျော့တော့ နှုတ်ခမ်းတစ်စုံ ကိုပိုင်ဆိုင်ထားပြီး ခပ်တင်းတင်းစေ့ထားသည်က အသက်အရွယ်နှင့်မလိုက်ဖက်စွာရင့်ကျင်တည်ငြိမ်လွန်းနေတော့သည်။ ကြည့်ရသည်က ဖြတ်သန်းလာသည့် ကာလတစ်လျှောက်နာကြည်းစရာကိစ္စရပ်တို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရပုံပေါ်၏။

ရုတ်တရက် ခုတင်ပေါ်မှ ထကာ အနှီးအမျိုးသားသည် ပြတင်းပေါက်တံခါးအနားသို့ ခပ်မှန်မှန်သွားလိုက်၏။
ပိတ်ထားသော ပြတင်းတံခါး အားအကြောင့်မဲ့ ဆွဲဖွင့်လိုက်သည့်အခါ အငြိုးကြီးစွာရွာသွန်းနေသောမိုးသည်
နေရာ လွတ် တစ်ခု ရလိုက်သလို ပြတင်းတံခါးမှတစ်ဆင့် အခန်းထဲသို့အလုအယက်တိုးဝင်လာကြတော့သည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now