အပိုင်း (၁၁) Unicode

105 12 2
                                    

ဆရာကြီးသည် သေချာစွာ စဉ်းစားပြီးပြောလိုက်လေသည်။

" မောင်မိုးနှောင်းယာ လိုချင်တဲ့ပုံစံ ဆိုရင် တစ်ယောက်တော့ ရှိတယ် ..သို့ပေမဲ့ ..သူက နည်းနည်းလေးတော့ ကလေးဆန်တယ် "

" ကလေးဆန်တယ် ..ဟုတ်သလားဆရာကြီး..ဘယ်လိုမျိုးလဲ "

ဆရာကြီးအပြောကြောင့် မိုးနှောင်းယာ တစ်ယောက် မျက်လုံးလေးပြူးကာ စိတ်ဝင်စားသွားရသည်။

" ကလေးဆန်တယ် ဆိုတာမျိုးက ပွင့်လင်းတာကိုပဲ ပြောရမလား ...သူ့ပုံစံက အရမ်းကို ပေါ့ပါးတယ် ..သွက်လက်တယ် ...ပြောရဆိုရ အဆင်ပြေတယ် ..အာ့လိုမျိုး"

" နို့ ..ကလေးတစ်ပိုင်း လူရိုင်းလေးပေါ့ "

" ဟုတ်တယ် ..ဟုတ်တယ် ..အဲ့သလိုပေါ့ကွာ ...
ဟား..ဟား "

ဆရာကြီးသည် မိုးနှောင်းယာ၏ စကားကိုထောက်ခံကာ ရယ်နေလေသည်။

"ဒီလောက် ကလေးဆန်နေရင် ..ပြဇာတ်ကို ကဖို့ အဆင်ပြေပါ့မလား ..."

တခေတ်မင်း သည် တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေရာမှ စကားဝင်ထောက်လေသည်။ ဒီနေရာတွင် တခေတ်မင်းသည် ဝေဖန်ရေးသမားသက်သက် ပုံစံမျိုးဖြစ်နေလေသည်။

" ဒီပြဇာတ်က ရာမယဏ ပြဇာတ်နော် တခြားသုံးနှစ်သားအရွယ် ကတဲ့ ပြဇာတ်မဟုတ်ဘူးနော် "

" ဘာဆိုင်သလဲ ..ကိုကိုတခေတ် ..ဘယ်ဖယောင်းမဆို ပုံသွင်းရင် အလွယ်လေးပဲ မဟုတ်လား...အနုပညာ ပါရမီ ရှိတဲ့သူက ဘယ်လိုနေနေ သူ့ရဲ့ အနုပညာ ကို အထင်သေးလို့မရဘူး"

မိုးနှောင်းယာသည်တခေတ်မင်း၏စကားကို ပြန်ချေပလိုက်ပြန်သည်။

" ဒါနဲ့ ဆရာကြီး ..သူကဘယ်သူလဲ ..နာမည်ကရော "

မိုးနှောင်းယာသည် တခေတ်မင်းဆီက အဆိုထပ်ပြီးတင်သွင်းတာကို မစောင့်တော့ပဲ ပိတ်ချလိုက်လေ၏။

" သူ့နာမည် က နောင်အိမ်တည် တဲ့ ..အသက်က မောင်မိုးနှောင်းယာ နဲ့ အတူတူလောက်ပဲ "

" နောင် အိမ်တည် .."

ဒီနာမည်ကိုရင်းရင်းနှီးနှီးကြားဖူးနေသောကြောင့်မိုးနှောင်းယာ ခေတ္တမျှ စဉ်းစားနေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now