အပိုင်း (၉)Uni

89 14 0
                                    

တောက် တချက်ခေါက်သံကိုကြားလိုက်ရသော်လည်း အနောက် ကို ပြန်လှည့်မကြည့်ဘဲမိုးနှောင်းယာ ထွက်လာခဲ့သည်။
သူလွန်သွားသလား။မလွန်ပါ။ ဒီလူကို တွေ့လျှင်နောက်ကျိလာသောသူ့စိတ်ကို ပြင်လို့မရပေ။မည်သို့အတွက်ကြောင့်ပင် မသိ။
အိမ်ကို သာအမြန်ပြန်လာခဲ့လိုက်သည်။

“ ဪ ၊မြေးတော်လေး ပြန်လာပြီလား၊ ဒီမှာဒေါက်တာတခေတ်မင်း ရောက်နေတယ်ကွဲ့”

အိမ်ထဲသို့ရောက်သည်နှင့် ဘွားတော်၏ခေါ်သံကိုကြားရပြီး ဧည့်ခန်းထဲတွင် ထိုင်နေသည့် ဒေါက်တာတခေတ်မင်းအားတွေ့လိုက်လေသည်။

“ကိုကိုတခေတ် ရောက်နေတာကြာနေပြီလား”

အပြုံးလေးကို နှုတ်ခမ်းထက်တင်ပြီးမေးလာသော လူသားလေးအားတခေတ်မင်းပြန်ပြုံးပြရင်း ဖြေလိုက်သည်။

“ မကြာသေးပါဘူးနှောင်းယာရဲ့၊အစောလေးတင်မှ ရောက်တာ သိပ်မစောင့်လိုက်ရပါဘူး”

“ ဒါဖြင့်ရင် မနက်စာတခါတည်းဝင်စားသွားနော်၊အဘွားတော် ရော စားမလားခင်ဗျ ”

မိုးနှောင်းယာက အဘွားတော် အားမေးလိုက်ပြီး ဝယ်လာသည့် မုန့်နဲ့ လက်ဖက်ရည်အားထမင်းစားခန်းထဲသို့ ယူသွားလေသည်။

“ ဟုတ်သား ၊ မနက်စာစားသွားလေ ဒေါက်တာ၊မစားလာရသေးဘူးထင်ပါရဲ့ ”

“ ဟုတ်ပါတယ် မစားလာရသေးတာတော့ ၊ဒါပေမဲ့ ကျွန်တော် အလုပ်ကိစ္စရှိသေးတယ် ဗျ ၊ခုလာတာ နှောင်းယာ ပြောတဲ့ ပြဇာတ်ကိစ္စကြောင့်ပါ”

“ ပြဇာတ် ဟုတ်သလား၊မြေးတော်လေးက ပြဇာတ်ကဖို့ အတွက် ပြင်ဆင်နေတာလား”

အဘွားတော်သည် အံ့ဩဟန်ဖြင့် မေးနေလေသည်။

“ ဟုတ်တယ်လေ အဘွားတော်ရဲ့ ၊နှောင်းယာ ပြဇာတ် ကဖို့ အတွက်ပြန် ပြီးပြင်ဆင်နေတာ ၊အာ့တာ ကိုကိုတခေတ်ကိုအကူအညီတောင်းထားတာ”

လက်ဖက်ရည်ပန်းကန်နဲ့ မုန့်ပန်းကန်အားစားပွဲပေါ်တင်ရင်း ပြောနေသောမိုးနှောင်းယာအားကြည့်နေလေသည်။

“ နှောင်းယာ ၊ ဆရာကြီး က တွေ့ချင်ရင် သန်ဘက်ခါ မနက်တွေ့လို့ရတယ်တဲ့ ၊အာ့တာနှောင်းယာ အဆင်ပြေနိုင်သလား”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now