Unicode အပိုင်း(၆)

183 19 0
                                    

အူကြောင်ကြောင် အနေအထားဖြင့်ပြန်ကြည့်နေပုံက တကယ့်ကို စိတ်တိုချင်စရာပင်။

“ ဘာကြောင်ကြည့်နေတာလဲ ၊ဒီမှာ ခင်ဗျားက ဘယ်သူလဲ ၊ဘာလို့ ကျွန်တော့်ကို ဒီလိုပြောရတာလဲ”

ရုတ်တရက် ဆိုသလိုပင် နောင် တစ်ယောက် မှင်သက်သွားသောမိမိစိတ်ကို ထိန်းကာ ရှေ့မှ ရန်စကားကဲ့သို့ အမေးစကားကို အမြန်ဖြေလိုက်ရသည်။

“ တောင်းပန်ပါတယ် ဗျာ၊ ကျွန်တော်က မကြာခင် ပြဇာတ်ဝင်ရတော့မှာဆိုတော့ ပါတဲ့စကားတွေကို လေ့ကျင့်နေတာပါဗျာ ၊ ဒီက အကိုလေးကို မရည်ရွယ်မိပါဘူး ”

စကားပြောတာကတော့ယဉ်ယဉ်ကျေးကျေးပင်။
သူက ပြဇာတ်ကတဲ့ သူလား။ဒါဆိုဟိုဝဇီရာရုံ ရဲ့ ပြဇာတ်မင်းသားလား။

“ ထားလိုက်ပါ ၊ ဒါဆို ခင်ဗျားက ဝဇီရာရုံရဲ့ ပြဇာတ်မင်းသားလား”

“ မင်းသားရယ်လို့တော့ မဟုတ်ပါဘူး၊ ကျွန်တော်က ခုမှ ဝင်တာဖြစ်လို့ သိပ်မကတတ်သေးတာပါ”

သူက အသစ်တဲ့။ အသစ်ဆိုပေမဲ့ ပုံစံအနေအထားက အရမ်းကို ကြည့်ကောင်းနေသည်။

“ ဒါဖြင့် ခုက ဘယ်ပြဇာတ်ကို ကနေတာလဲ ”

“ ရာမယန ဇာတ်တော်ပါ ”

ဪ..လက်စသတ်တော့။ရာမယနပြဇာတ်ကို။

“ ဒါဖြင့် ၊ပြဇာတ်ချိန် နီးနေပြီ မဟုတ်လား။ဘာလို့ ဒီမှာ လာလေ့ကျင့် နေရတာလဲ။တော်တော်ကြာအသစ်စက်စက်‌ကလေး က နေရာပျောက်နေဦးမယ် ”

စကားကို နူးနူးညံ့ညံ့လေးဖြင့် ထိမိစွာ ပြောလိုက်သော အနှီး လူငယ်အား သူထရိုက်ချင်သွား၏။

“ ကျွန်တော့်အခန်းက မပါသေးလို့ပါ။ခုမှ ဇာတ်ဝင်တုန်းပဲရှိပါသေးတယ် ”

“ ဒါဖြင့်ရင် မင်းက ရာမဇာတ်ကောင် မဟုတ်ဘူးပေါ့ ။ ”

“ ကျွန်တော်က ဒဿဂီရိ ပါ ”

“ ဪ...အသစ်ဆိုတော့လည်း ဗီလိန်နေရာက စရတာပေါ့ ”

“ ဘာဗျ !”

မိုးနှောင်းယာ၏ စကားကြောင့် သူ့ရှေ့၌ရှိနေသော လူငယ်သည် ဒေါသအတန်ထွက်သွားပုံရသည်။ သူကလည်းသူပင်။ဒီလူနဲ့ကျမှ စကားတွေက အထိန်းအကွပ်မရှိတော့သလိုပင်။သူလွန်သွားသလား။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now