အပိုင်း (၁၅)

82 10 6
                                    

Unicode 🍁

လှည့်၍ ကြည့်လာသော မျက်နှာသည် အလွန်တရာမှ ‌ဆိုးဝါးလှသည်။
မျက်နှာ တစ်ခြမ်းသည် မီးလောင်ထားသကဲ့သို့ဖြစ်နေသည်။
ဒီလိုအချိန် ၊ဒီလိုနေရာမှာ တွေ့လိုက်ရသည့် နောင်အိမ်တည်အဖို့တော့ လိပ်ပြာလွင့်မတတ်ပင် ဖြစ်သွားရသည်။

“ ဘာလို့ အသံအကျယ်ကြီးနဲ့ အော်လိုက်ရတာလဲ နောင်အိမ်တည် ”

*ဟင် ၊ ဒီလူက သူ့နာမည်ကိုသိနေပါလား*

*သူဘယ်သူလဲ ၊ ငါရောက်ကတည်းက သူ့ကို မတွေ့ဖူးပါ ဘူး*

နောင်အိမ်တည် ခေါင်းထဲဝယ် အတွေးပေါင်းစုံဝင်လာ၏။ 

“ ခင်..ခင်ဗျား ၊ဘယ်သူလဲ ၊ကျုပ်ကိုသိနေတာလား”

ထွက်မပြေးရုံတမယ် အဝေးက နေ၍ မေးလိုက်သည်။

“ မင်းကို ငါသိတယ်လေ ၊ မင်း ဒီမိုးနှောင်းတစ်ရာ စံအိမ်ကြီးထဲ ဝင်လာကတည်းက ငါက ဒီနေရာ‌ကနေကြည့်နေတာ ”

“ ဒါဖြင့်ရင် ၊ ခင်ဗျားက ဒီအိမ်သားလား ၊ ခင်ဗျားကို မတွေ့မိပါဘူး ညနေက ”

“ ငါက ဒီအိမ်သားဆိုလည်းဟုတ်တယ် ၊ ဒီအိမ်သားမဟုတ်ဘူးလို့လည်း ပြောလို့ရတယ် ”

“ ဘယ်လိုတုန်းဗျ ခင်ဗျားစကားကြီးက ”

တစ်စတစ်စ စကားပြောနေရင်း နောင်အိမ်တည်သည် အစကလောက်မကြောက်တော့ပေ။

“ ဒါနဲ့ ခင်ဗျားက လူလား ၊နာနာဘာဝလား ”

“ နှစ်မျိုးလုံးပဲ ”

“ ဟ၊ ဒါဆို လူနာဘာဝ ပေါ့ ”

နောင်အိမ်တည်၏ စကားကြောင့် မီးလောင်ဒဏ်ရာမျက်နှာနှင့်လူသည် မျက်ထောင့်နီဖြင့်ကြည့်လာ၏။

“ မင်းငါ့ကို ဟာသ တွေ လာပြောမနေနဲ့ ၊ ငါ စိတ်တိုလာရင် တစစီ ဖြစ်သွားလိမ့်မယ် သတိထားနေ ”

အသံနက်ကြီးဖြင့်ကြိမ်းလိုက်သောအခါ နောင်အိမ်တည်တစ်ယောက် ကြက်သီးတွေဖြန်းခနဲ ထသွားရသည်။

“ တောင်းပန်ပါတယ်ဗျာ ၊ ကျွန်တော်က ဒီတိုင်းပြောလိုက်မိတာပါ ”

“ အေ ၊ရတယ် ၊ဒီတစ်ခါတော့ရှိစေတော့ ”

ပြောပြီးသည်နှင့်မျက်နှာ တစ်ဖက်သို့ပြန်လှည့်သွားကာ တယောပြန် ထိုးနေလေသည်။
တယောသံသည် မျက်နှာနှင့်မလိုက်ဖက်စွာ သာယာ ငြိမ့်‌ညောင်းနေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now