Zawgyi အပိုင်း(၈)

44 4 0
                                    

မနက်ခင်းရဲ့ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် မျက်နှာပေါ်သို့ ကျလာသည်။နေထိုးလာသောကြောင့် မျက်နှာကို တစ်ဖက်လှည့်ရင်း နှောင်အိမ်တည် တစ်ယောက် ဆက်အိပ်ဖို့ ပြင်လိုက်သည်။

ရုတ်တရက်မျက်လုံးအစုံက ပွင့်လာကာအလန့်တကြားထထိုင်မိသည်။ ပြန်အိပ်နေလို့မရသော အကြောင်းအရာကပေါ်လာလေသည်။
ဟိုတလောကမှ ပြဇာတ်လေးကပြီး၍ ငွေလေးအနည်းငယ် ဝင်လာခဲ့သော်လည်း ခု တစ်ခါပြဇာတ်ကစရာမရှိသေး၍ ငုတ်တုတ်ထိုင်ပြီးစားနေရသည်မှာ တစ်လပင်ပြည့်တော့မည်။
သူ့အလုပ်က ပြဇာတ်မှာ အရံသဘောမျိုးသာဆိုပေမယ့် လုပ်ကွက်မရှိသလောက်‌ပင်။နာမည်ရအနုပညာသည်သဘောမျိုးမဟုတ်သောကြောင့် ဝင်ငွေကလည်းနည်းလှသည်။
တစ်ကောင်ကြွက်ဘဝနဲ့ ရန်ကုန်မြို့တော်ကြီးကိုရောက်ကတည်းက တွေ့ရာအလုပ်ဝင်ပြီးကြုံရာနေခဲ့ရမှ မကြာသေးခင်က လူတစ်ယောက်ကြောင့် ခုလို အဆောင်လေးတစ်ခုမှာနေနေရသည်။
ရန်ကုန် လိုနေရာမျိုးမှာ အလုပ်ဆိုတာ က လုပ်မယ်ဆိုရင် ပေါသလောက် သူ့လိုအထက်တန်းတောင် ရေရေရာရာမတက်ဖူးဘဲ လေးတန်းလောက်နဲ့ကျောင်းထွက်ခဲ့တဲ့ လူအဖို့ မည်သို့သောနေရာမျိုးမှာအလုပ်ရနိုင်မည်နည်း။

လံချား ဆွဲသောကုလားများအလုပ်ကို လုပ်လိုသော်လည်းအပင်ပန်းမခံနိုင်သော သူ့အတွက် ဘယ်လိုအလုပ်မျိုးကသင့်တော်ပါမည်နည်း။
ဈေးဆိုင်တွေ ဆိုတာကလည်း အခက်သားလား။
လစာလေး တစ်ပဲခြောက်ပြားသာပေးပြီးလူကိုမတန်မရာ ခိုင်းနေတာတွေကအပုံကြီးပင်။
အဲ့ဒီတော့ သူ့အတွက်က ယခုလို ပြဇာတ်တွေခေတ်စားနေချိန်မှာ ဖြတ်လျှောက် ၊လူမကြိုက်မင်းသား နေရာကနေ သရုပ်ဆောင်တာက အသင့်တော်ဆုံးပင်။

ရုပ်ရည်လေးကလည်း တော်သင့်ရုံ‌ကြည့်ကောင်းနေသေး၏။ ရုတ်တရက်မြင်လိုက်ရရင် မြို့အုပ်မင်းပေါက်စနဲ့ပင်တူသေး၏။ တက္ကသိုလ်ကျောင်းပြီးကာစ ရုပ်ရည်လေးပင်။
၅ပေ၇လက်မ  ရှိသော အရပ်လေးရယ်၊ဖြူယော‌င်ယောင်ရှိသောအသားအရည်ရယ်၊လေ့ကျင့်ခန်းလေးဘာလေးလုပ်ထားသောကြောင့်  ထွက်နေတဲ့ လက်မောင်းသားလေးရယ်၊ စီးကရက်တစ်ခါတစ်ရံသောက်သောကြောင့် ညိုတိုတိုဖြစ်နေသောလေးကိုင်းပုံသဏ္ဍာန်နှုတ်ခမ်းလေးရယ်က သူ့ကိုသတိထားမိစေသည်။
ဒါတွေရှိတော့ရော သူ့ဘဝက လက်လုပ်မှ ပါးစပ်လုပ်ရသောအနေအထားဖြစ်၍ ယနေ့ အလုပ်ရှာရန် ရေချိုးပြင်ဆင်ပြီး အပြင်ထွက်ခဲ့လေသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now