Unicode အခန်း(၄)

247 27 3
                                    

အပြင် ၌ မိုးရွာခြင်း ရပ်သွားလေသည်။မိုးနှောင်းယာသည်လည်း သတိရပြီးကာစ အခြေအနေဖြစ်လေသည်။
ဒေါက်တာတခေတ်မင်းသည် မိုးနှောင်းယာအတွက် ဆေးများပေးထားခဲ့ပြီး အားဆေးတစ်လုံးထိုးပေးကာ ပြန် ရန်ပြင်လိုက် လေသည်။

“ ကိုကို တခေတ် ..”

ခေါ်သံသေးသေးလေးကြောင့်တံခါးဝ ရောက်နေသော ခြေလှမ်းသို့ ရပ်ကာ နောက်သို့လှည့်ကြည့်မိလိုက်သည်။ အသံပိုင်ရှင်က မိုနှောင်းယာထံမှဖြစ်သည်။
ခုတင်နားသို့ ပြန်ကပ်လာကာ မေးလိုက်လေသည်။

“ ဘာပြောမလို့ လဲ နှောင်းယာ ”

နှောင်းယာ သည် သူ့အား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်၍ တစ်စုံတစ်ခုကိုပြောရန်အားပြင်လိုက်လေသည်။

“ မနက်ဖြန် အားလားဟင် ..”

မေးသောမေးခွန်းက ထူးဆန်းနေပါ၏။သူ၏အချိန်တွေကို စိတ်ဝင်စားဟန်မပြသောထိုလူသားလေးက ခုကျမှ ရုတ်တရက်အားလပ်ချိန်ကိုမေးနေသည်မှာ သူ့ကိုအံ့ဩစေလေသည်။

“ မနက်ဖြန် ဂျူတီမရှိရင်တော့ အားမယ်ထင်တယ် နှောင်းယာ ၊ ဘာဖြစ်လို့လဲ ”

သူ့‌အဖြေကြောင့် မျက်နှာလေး ဝင်းပသွားသယောင်ရှိသွားသည်။

“ အာ့တာဆို ၊ နှောင်းယာကို အပြင်လိုက်ပို့ပေးပါလား ကိုကိုတခေတ် ”

ဒုတိယမ္ပိ အံ့ဩခြင်း ၊ အပြင်လောက ကို မဆိုထားနှင့် အခန်းထဲက အခန်းပြင်တောင် ထွက်လေမရှိသော ဒီလူသားလေးက ခုတခါ အပြင်ကိုသွားဖို့ ခေါ်နေလေရဲ့။ တခေတ်မင်း အိပ်မက်ဟုသာ ထင်နေမိသည်။ သို့သော် မျက်နှာကို တည်တည်ထားပြီး ပြန်မေးလိုက်သည်။

“ လိုက်ပို့ပေးမယ်လေ နှောင်းယာ ၊ ဘယ်အချိန်လောက် ကိုယ် လာခေါ်ပေးရမလဲ ”

“ မနက် ခင်း ၉ နာရီလောက် ပါ ကိုကိုတခေတ်”

“ ကောင်းပါပြီ နှောင်းယာ၊ ကိုယ်လာခေါ်မယ်နော် စောင့် နေပေး ဟုတ်ပြီလား”

“ ဟုတ်ကဲ့ ကိုကို တခေတ်မင်း ”

ပုံမှန်ဆို ဘုဆတ်ဆတ် ပြောနေသော လူသားလေးက ခုတော့ လိမ္မာယဉ်ကျေး အနှောင်းလေးဖြစ်နေပါရောလား ။
ကိုယ့်ဘာသာတွေးပြီးပြုံးကာထွက်လာလိုက်သည်။ဘာရယ်တော့မဟုတ် မနက်ဖြန် နှစ်‌ယောက်ထဲ အပြင်သွားရမယ်ဆိုတော့ စိတ်ထဲတစ်မျိုးတစ်မည်လေးပင် ခံစားနေရသည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now