အခန်း (၂)

402 38 2
                                    

“ဒေါက် ...ဒေါက်”

“ ဘယ်သူလဲ ;”

“ကျွန်တော် ဒေါက်တာ တခေတ်မင်း ပါ ”

“ဪ ..ဒေါက်တာ ဝင်ခဲ့ပါရှင့် ၊တံခါးစေ့ထားရုံပါပဲ ”

ကြေးနီရောင်သုတ်ထားသောအခန်းတံခါးအားဆွဲဖွင့်၍ အခန်းထဲသို့ ဒေါက်တာ တခေတ်မင်း ‌ဝင်လာခဲ့သည်။
ဒေါက်တာတခေတ်မင်းသည် မိုးနှောင်းတစ်ရာစံအိမ်၏ မိသားစုဆရာဝန်ဖြစ်‌သည်။
ပို၍တိကျစွာ ပြောရလျှင် ခုတင်ပေါ်လဲလျောင်းနေသော မိုးနှောင်း ဆိုသည့်လူငယ်လေး၏ ဆရာဝန်ပင်ဖြစ်သည်။

“အဘွားတော် ၊ ဘယ်လိုဖြစ်တာလဲဗျ ၊ ရေချိုးနေရင်းနဲ့ လဲကျသွားတာလား ၊ ဆံပင်တွေစိုနေလို့”

မိုးနှောင်း၏ ဆံပင်များအား ထိကိုင်ရင်းမေးလိုက်လေသည်။

“မဟုတ်ဘူး ၊ဒေါက်တာ ၊ ပြတင်းပေါက်တံခါးဖွင့်ပြီး မတ်တပ် ရပ်နေတာတဲ့ မယ်မြ ပြောတာတော့
အဲ့ဒီကနေ မယ်မြက အဝတ်တွေလဲ မလို့ဆိုပြီး အဝတ်တွေ ထုတ်ထားပေးခဲ့တာ ၊ သူ့ဘာသာလဲနေရင်း နဲ့ အော် ပြီး လဲကျသွားတော့တာပဲ ..”

ဒေါက်တာတခေတ်မင်းသည် နားကြပ်လေးနဲ့ စမ်းသပ်ကြည့်နေသည်။

“စိတ်လှုပ်ရှား လွန်သွားပြန်ပြီ ထင်တယ် အဘွားတော် ၊ နှလုံးတွေ အရမ်းခုန်နေတယ် ၊ ကြည့်ရတာ အတိတ်နဲ့ ပတ်သက်ပြီး သတိရသွားပြန်ပြီ တူပါရဲ့ ”

“ ဪ ..မြေးတော်လေးခမျာ လည်း ခုထိ မဖြေနိုင်သေးပါလားနော် ၊ ဘွားတော် အပြစ်တွေပါကွယ် ၊ဘွားတော် အပြစ်တွေပါ ”

မျက်ရည်များရစ်ဝိုင်းလာကာ အတိတ်စာမျက်နှာဆီသို့ ပြန် လှန်၍ ဖတ်ကြည့်မိလေ‌သည်။

ဇွန်လ (၃) ရက် ၊၁၉၈၅ ခုနှစ် ၊ အချိန်ကား နေ့လည် နှစ်နာရီ ခန့် ...

မိုးနှောင်းတစ်ရာ စံအိမ်ကြီးသည် ‌‌ပြာလဲ့လဲ့ကောင်းကင်အောက်တွင် ခမ်းနားထည်ဝါစွာ ရှိနေလေသည်။

ခြံ ကြီး၏ အကျယ်သည် သစ်ပင်ကြီးများ စု၍ ပေါက်ရောက်နေသည့် အထိတိုင်အကျယ်အဝန်းရှိလှသည်။

“ခစ်..ခစ် ”

ကလေးငယ် တစ်ယောက် ၏ နှစ်ခြိုက်သဘောကျစွာရယ်မောနေသောရယ်သံ လွှင့်လွှင့်လေးကို ကြားနေရသည်။
အသံလားရာက ပီဘိ ကလေးငယ် တစ်ဦး ဆော့ကစားနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now